ကလေးဘ၀က အချစ်မခံရတဲ့သူတွေဟာ အချစ်နဲ့ပတ်သက်လာရင် ဒီလိုခံစားလာရတယ်…

ငယ်ရွယ်စဉ်ကလေးဘ၀တုန်းက တစ်ခြားသူတွေရဲ့ အချစ်မခံရတဲ့သူတွေဟာ အချစ်နဲ့ပတ်သက်လာရင် တစ်ခြားသူတွေမြင်တာနဲ့
မတူပါဘူး။သူတို့ရဲ့ အမြင်က ခြားနားပါတယ်။ကလေးဘ၀တုန်းက အချစ်မခံရတဲ့သူတွေဟာ အချစ်နဲ့ပတ်သက်လာရင် ဒီလိုအတွေးအမြင်တွေရှိတတ်ပါတယ်။

*သူတို့ နာကျင်ခံစားခဲ့ရသလို တစ်ခြားသူတွေကိုမနာကျင်စေချင်တော့ဘူး။အချစ်မခံရတဲ့ခံစားချက်က ဘယ်လောက်နာကျင်လဲဆိုတာ သူတို့
ကြုံတွေ့ခံစားဖူးတဲ့အတွက် သူတို့က တစ်ခြားတစ်ယောက်ယောက်ဝမ်းနည်းနာကျင်အောင်လည်းမလုပ်ရက်ကြပါဘူး။သူတို့က ပိုပြီးကြင်နာတတ်ကြတဲ့
သူတွေဖြစ်လာပါတယ်။တစ်ခြားသူတွေရဲ့ပြဿာနာတွေကိုလည်း နားထောင်ပေးတတ်လာတယ်။ဘာတွေဖြစ်ဖြစ် သူတို့ကိုဂရုစိုက်ပေးတဲ့သူ၊ချစ်ပေးတဲ့သူ
တစ်ယောက်ရှိနေသေးတယ်ဆိုတာ သူတို့ကိုသိစေတယ်။

*ပင်လယ်ထဲမှာငါးတွေအများကြီးပါဆိုတဲ့စကားက သူတို့အတွက်ယုံကြည်ဖို့ခက်ခဲလာတယ်။ငယ်ရွယ်စဉ်မှာအချစ်မခံရတဲ့
ကလေးက အရွယ်ရောက်လာလို့ အချစ်ရေးအဆင်မပြေတဲ့အခါမှာလည်း အားငယ်စိတ်ကိုခံစားရပါတယ်။သူဟာတစ်ယောက်ယောက်အတွက်
သင့်တော်တဲ့သူဖြစ်လာမှာမဟုတ်ဘူးလို့တွေးပြီး အချစ်ရေးတစ်ခုကိုစရမှာကြောက်လာတတ်ပါတယ်။ဒါကြောင့်သူတို့ဟာ တော်ရုံဘယ်သူ့ကိုမှ
ချစ်ဖို့မကြိုးစားတတ်ကြတော့ပါဘူး။

*သူတို့ရဲ့အားနည်းချက်ကို အမြဲသိုဝှက်ထိန်းသိမ်းလာတယ်။ကလေးဘ၀ကတည်းက အချစ်မခံရ၊စိတ်ဒဏ်ရာရထားတဲ့ကလေးဟာ အရွယ်ရောက်လ
ာတဲ့အခါမှာလည်း တစ်ခြားသူတွေ သူ့ကိုဝေဖန်ပြစ်တင်တာကိုလက်ခံဖို့ခက်ခဲပါတယ်။ဒါကြောင့် တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် အချစ်ရေးမှာလည်း
သူတို့က အမြဲနောက်ရောက်နေတတ်ပါတယ်။

*သူတို့ကို ဂရုစိုက်ပေးတဲ့သူကို အားကိုးတကြီးဖက်တွယ်လာတတ်တယ်။တစ်ခြားသူတွေမှာ စိတ်ဝင်စားစရာလူတွေဘယ်လောက်ရှိရှိ သူတို့မှာတော့
သူတို့ကိုဂရုစိုက်ကြင်နာပေးတဲ့သူတစ်ယောက်ရှိရင် အဲ့ဒီတစ်ယောက်က သူတို့ရဲ့ ကမ္ဘာကြီးသဖွယ်ဖြစ်လာပါတယ်။သူများတွေရဲ့ အမြင်မှာ
အကဲပိုလိုက်တာလို့ထင်မြင်စရာရှိပေမဲ့ သူတို့ရင်ထဲမှာတော့ ဒီလိုအချစ်ခံရတာက ပထမဆုံးဖြစ်နေတတ်ပါတယ်။

*သူတို့တွေက ပိုပြီးအနစ်နာခံတတ်လာကြတယ်။ငယ်ရွယ်တုန်းမှာ တစ်ယောက်ယောက်နဲ့ယှဉ်ပြီး အချစ်မခံရတာတွေရှိမယ်။ကိုယ်လိုချင်ပေမဲ့ တစ်ခြားတစ်ယောက်ကိုပေးလိုက်ရတာတွေရှိမယ်။အဲ့ဒီလိုရေရှည်ကြုံလာရတဲ့အခါမှာ သူတို့က အကောင်းဆုံးဆိုတာ သူတို့အတွက်မဟုတ်ဘူးဆိုတဲ့စိတ်တွေဝင်သွားပြီး အရွယ်ရောက်လာတဲ့အခါမှာလည်း တစ်ခြားသူကို အလွယ်တကူဦးစားပေးလိုက်တာတွေ၊အနစ်နာခံပေးလိုက်ကြတာတွေရှိပါတယ်။

ခြုံငုံပြောရရင် ကလေးဘ၀က အချစ်မခံရတဲ့သူတွေဟာ အရွယ်ရောက်လာတဲ့အခါ တစ်ခြားတစ်ယောက်ကိုပိုပြီးချစ်ပေးတတ်၊ဂရုစိုက်ပေးတတ်ကြသူတွေဖြစ်လာပါတယ်။အနစ်နာခံတာက ကောင်းပေမဲ့ ကိုယ့်မှာလည်း အကောင်းဆုံးဆိုတာတွေရပိုင်ခွင့်ရှိတယ်။ရဖို့ ကြိုးစားပိုင်ခွင့်ရှိတယ်ဆိုတာ မမေ့ပါနဲ့။

Ref:Lifehack

514 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.