အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး ဆေးခြောက်ကို စတိုးဆိုင်တွေမှာ တရားဝင်ရောင်းခွင့်ရရှိတဲ့ ပြည်နယ် ဖြစ်လာပါတယ်။ အသက် ၂၁ နှစ်ပြည့်ပြီးသူတိုင်း သတ်မှတ်ထားတဲ့ စတိုးဆိုင်၊ဆေးဆိုင်တွေမှာ ဆေးခြောက်ကို လွယ်လွယ်ကူကူ ၀ယ်ယူရရှိနိုင်မှာပါ။ ဒီဥပဒေဟာ ၂၀၁၂ ဒီဇင်ဘာကတည်းက ကိုလိုရာဒိုပြည်နယ် မှာ မဲခွဲအတည်ပြုခဲ့တာဖြစ်ပေမယ့် အခု ၂၀၁၄ ဇန်န၀ါရီ ၁ ရက်နေ့ မှ တရားဝင် အသက်ဝင်ခဲ့တာပါ။
ကိုလိုရာဒိုက ဆိုင်ပိုင်ရှင်တွေဟာ ဆေးခြောက်တွေကို ၀ယ်ယူစုဆောင်းမှုတွေ ပြုလုပ်နေပြီး ဆိုင်တွေ အတွက် လုံခြုံရေးအစောင့်တွေလည်း ထပ်ဌားခဲ့ကြပါတယ်။ မနေ့ က (ဇန်န၀ါရီလ ၁ ရက်နေ့ )က ပထမဆုံးဆေးခြောက် တရားဝင် ၀ယ်ယူရောင်းချခွင့်ပြုတဲ့ အခမ်းအနားတွေ ကိုလိုရာဒိုမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဇန်န၀ါရီ ၁ ရက်နေ့ ကို အစိမ်းရောင်ဗုဒ္ဓဟူး နေ့ လို့ သတ်မှတ်ခဲ့ကြပါတယ်။
ဒီကိုလိုရာဒိုဥပဒေကို ဝေဖန်သူတွေကတော့ ဒါဟာ နိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေကို မြှောက်ပေးရာကျပြီး လူငယ်တွေကို အယူမှားစေတဲ့အပြင် လူထုကျန်းမာရေးနဲ့ ပြဿနာတွေကို ယူဆောင်လာလိမ့်မယ်လို့ ပြောဆို နေကြပါတယ်။
Ref: bbc.co.uk