တစ်စုံတစ်ရာကိုစုဆောင်းရတာစွဲလမ်းတတ်တဲ့သူလား…


Unicode

ကိုယ်တိုင် စုဆောင်းရတာ ၀ါသနာပါတဲ့သူလား (ဒါမှမဟုတ်) သင့်ပတ်ဝန်းကျင် သင်ချစ်ခင်ရတဲ့သူ တွေထဲမှာရော တစ်စုံတစ်ရာကို စုဆောင်း
ရတာ ၀ါသနာပါတဲ့သူ မျိုးမြင်ဖူးကြမှာပါ။ ဒီလိုစုဆောင်းရတာ ၀ါသနာပါတဲ့ သူ တွေဟာ ပုံမှန်လူ တွေထက် ပိုပြီးထူးဆန်းတယ်၊ ပိုပြီး စွဲလမ်းစိတ်
ပိုများတယ်လို့ ယူဆကြပါတယ်။ ဒီလို ကိုယ်သဘောကျစွဲလမ်းတဲ့ အရာ တွေကို စုဆောင်းတတ်တဲ့သူ ဖြစ်နေပြီဆိုရင်တော့ ကျွန်တော် ပြောပြတဲ့
အချက်လေးတွေနဲ့ကိုက်ညီမညီ ဆန်းစစ်ကြည့်လိုက်ပါအုံး….တူနေရင်တော့ ကျွန်တော်တို့က စိတ်တူကိုယ်တူ တွေပဲနော် 😛
(၁) စုဆောင်းရတာ ၀ါသနာပါတဲ့သူ တွေဟာ အစွဲလမ်းကြီးတတ်တဲ့သူ မျိုး တွေပါ။
(၂) သူတို့ နဲ့ပတ်သတ်တဲ့ လူတွေအပေါ် မြတ်မြတ်နိုးနိုးချစ်တတ် ခင်တတ်ကြသူတွေပါ။
(၃) အနည်းငယ်အတ္တစိတ်ရှိတတ်ကြပြီးကိုယ်ပိုင်ဆိုင်တယ်လို့ယူဆထားတဲ့အရာကို သူတစ်ပါးဆီလုံးဝအပါမခံနိုင်ကြပါဘူး။
(၄) သပ်သပ်ရပ်ရပ်နေတတ်ပြီးစည်းစနစ်လည်းကြီးတတ်ကြတယ်။
(၅) ကိုယ်မြတ်နိုးပြီးစုစည်းစုဆောင်းချင်တဲ့အရာ တွေအတွက် ဘယ်လောက်ကုန်ကုန် မမှုပဲ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ စုဆောင်းတတ်ကြတယ်။
(၆) တရားမျှတမှုကို မြတ်နိုးသလိုနဲ့တစ်ခါတစ်လေ လိုချင်တဲ့အရာ အတွက် မိုက်ရူးရဲဆန်တတ်ကြပြန်တယ်။
(၇) တစ်ဇွက်ထိုးစိတ်အနည်းငယ်ရှိပြီး စိတ်ရှုပ်ရတာကိုမုန်းတယ်။
(၈) Free စတိုင်နေရတာကို သဘောတွေ့တတ်ကြတယ်။
ကဲ …ကိုယ်သဘောကျတဲ့ပစ္စည်းလေးကို စုဆောင်းရတာဝါသနာပါတဲ့ သူ တွေရဲ့ အများစုသောစိတ်နေစိတ်ထားတွေကို တော့ Sharing လုပ်ရင်း
ဝေမျှလိုက်တယ်နော်…တူသွားတဲ့သူတွေရှိရင်တော့ ဒါဟာတိုက်ဆိုင်မှုမဟုတ်ပဲတော်တော်များများရဲ့ တူညီတဲ့ Types တွေဖြစ်နေမှာအသေချာပါပဲ….

23 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.