အဲဗာတန်အတွက် ဒီနှစ်ဘောလုံး ရာသီမှာ အထူးခြေစွမ်းပြလျက်ရှိနေပြီး ဆွမ်ဆီးကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ လှပလွန်း တဲ့ ဖရီးကစ်ကန်ချက်နဲ့ ဂိုးသွင်းနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်ကစားသမား ရော့စ်ဘာ ကလီကို လာမယ့် ဇန်န၀ါရီလအတွင်း မှာ ခေါ်ယူချင်သူများနေခဲ့ပါပြီ။ အသက် (၂၀)အရွယ်သာရှိသေးတဲ့ ရော့စ်ဘာကလီ ဟာ အဲဗာတန်နဲ့ (၃)နှစ်စာချုပ်ကျန်ရှိ သေးသူဖြစ်တာကြောင့် ၀ယ်ယူလိုသော အသင်းများအနေနဲ့ ပြောင်းရွှေ့ကြေးမြင့် မားစွာပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဗာတန်နည်းပြ ရောဘတ်တိုမာတီနက်ဇ် ကတော့ ဘယ်လောက်ပေးပေး မရောင်း နိုင်ပါဘူးတဲ့။
“ရော့စ်အတွက် အရေးကြီးတဲ့အချိန် ကိုရောက်နေပါပြီ။ တစ်အချက်အနေနဲ့က သူဆက်လက်တိုးတက်ဖို့ဆိုရင် ပုံမှန်က စားခွင့်ရမယ့် ဒီမှာဆက်နေဖို့လိုမယ်။နှစ် အချက်ကတော့ သူဟာ အဲဗာတန်ခရေ ဇီတစ်ယောက်ဖြစ်ပြီး သုံးအချက်က ဘော လုံးရာသီအလယ်မှာ ကစားသမားကောင်း တွေကို ထုတ်ရောင်းမှာမဟုတ်ပါဘူး။ ဂါ ရတ်ဘေးလ်အတွက် ကမ်းလှမ်းခဲ့တာမျိုး လက်ခံရရှိခဲ့မယ်ဆိုရင်လည်း မစဉ်းစား ပါဘူး”လို့ အဲဗာတန်နည်းပြရောဘတ်တို မာတီနက်ဇ်က ပြောခဲ့ပါတယ်။