ေယာက်္ားေလးေတြေျပာျပတဲ႔ သူတုိ႔ “မမေတြကုိ ပုိသေဘာက်ရတဲ႔အေၾကာင္းရင္း…”

မ်ားေသာအားျဖင့္စံုတြဲေတြကုိၾကည့္လိုက္ရင္ မမနဲ႔ေမာင္ေလးစံုတြဲေတြမ်ားၾကပါတယ္။ေလ့လာခ်က္ေတြအရလည္း ေယာက်ာ္းေလးေတြဟာ သူတုိ႔ထက္
အသက္အရြယ္ၾကီးတဲ႔မမေတြကုိ ညီမေလးေတြထက္ပုိျပီးသေဘာက်ၾကတယ္လုိ႔သိရပါတယ္။ဘာလို႔မမေတြကုိ ပုိသေဘာက်ၾကတာလဲ?ေယာက်ာ္းေလး
တစ္ခ်ိဳ႔ရဲ႔အေျဖကေတာ့…

*မမေတြက သူတုိ႔ဘာလိုခ်င္လဲ အတိအက်သိၾကတယ္
မမေတြရဲ႔ဆြဲေဆာင္မႈတစ္ခုကေတာ့ သူတုိ႔ျဖစ္ခ်င္တာ၊သူတုိ႔လုပ္ခ်င္တာကုိ တိတိက်က်သိၾကတာပါပဲ။သူတုိ႔ဘာလိုခ်င္တယ္ဆုိတာသိတယ္။သူတို႔
ေအာင္ျမင္ဖုိ႔ဘယ္လုိလုပ္ရမလဲဆုိတာသိၾကပါတယ္။ညီမေလးေတြက ကုိကုိေတြ၊ေမာင္ေလးေတြနဲ႔ဒရာမာခင္းေနခ်ိန္ မမေတြကေတာ့
သူတုိ႔ဘ၀တုိးတက္ဖုိ႔၊သူတုိ႔ခ်စ္တဲ႔သူေတြရဲ႔ဘ၀ကုိကူညီဖုိ႔အာရံုစုိက္ေနၾကပါတယ္။ဒါကပဲ ေယာက်္ားေလးေတြအတြက္ဆြဲေဆာင္မႈတစ္ခုျဖစ္ေနျပီး
မမေတြနဲ႔ခ်စ္သူျဖစ္တဲ႔အခါမွာလည္း အမ်ားၾကီးအာရံုစုိက္ေပးစရာမလိုလို႔ သူတုိ႔က မမေတြကုိသေဘာက်ၾကပါတယ္။

*မမေတြက ဘ၀အေၾကာင္းပုိသိတယ္
မမေတြက အသက္အရြယ္အရပုိၾကီးသလုိ ဘ၀အေတြ႔အၾကံဳေတြကလည္း ပုိမ်ားပါတယ္။အခ်စ္ေရးမွာပဲၾကည့္မလား၊စီးပြားေရးမွာပဲၾကည့္မလား၊
ပညာေရးမွာပဲၾကည့္မလား မမေတြကုိေလ့လာၾကည့္လုိက္ရင္ သူတုိ႔ရဲ ႔ကုိယ္ပုိင္အရည္အခ်င္းေတြနဲ႔ ဘ၀ကုိ ေအးေအးေဆးေဆးရင္ဆုိင္ေနတာ
ေတြ႔ရပါလိမ့္မယ္။ဒါေၾကာင့္ မမေတြကုိ ေရြးခ်ယ္တဲ႔အခါ သူတို႔အေပၚလည္းေကာင္းေကာင္းျပဳျပင္ေပးႏုိင္လိမ့္မယ္။သူတုိ႔လိုအပ္ခ်က္ေတြကုိ
ေထာက္ျပႏုိင္လိမ့္မယ္၊သူတုိ႔ကုိပုိျပီးရင့္က်က္ေစလိမ့္မယ္လုိ႔ ေယာက်္ားေလးေတြက ထင္ျမင္ယူဆျပီး မမေတြကုိပုိျပီးေရြးခ်ယ္တတ္ၾကပါတယ္။

*မမေတြက ကုိယ့္ကုိယ့္ကုိယ္ယံုၾကည္မႈအျပည့္ရွိျပီး အမွီအခိုကင္းတယ္
ညီမေလးေတြက ပတ္၀န္းက်င္အာရံုစုိက္ခံရဖို႔ တစ္ခုျပီးတစ္ခုၾကိဳးစားေနခ်ိန္ မမေတြကေတာ့ ဘယ္သူ႔ကုိမွ သူမေတာ္ေၾကာင္း၊သူမတတ္ေၾကာင္း
သက္ေသျပစရာမလိုေလာက္ေအာင္ယံုၾကည္မႈအျပည့္ရွိစြာ ဘ၀ကုိျဖတ္သန္းေနပါတယ္။မမေတြနဲ႔ခ်စ္သူျဖစ္တဲ႔အခါမွာလည္း သူတို႔အတြက္ဂရုစုိက္မႈသာ
ေပးႏုိင္ရင္ ဒါက အေကာင္းဆံုးအကူအညီေပး၊အားျဖစ္ေပးတာပါပဲ။

*မမေတြက စိတ္ပုိင္းဆုိင္ရာအရလည္း ပုိရင့္က်က္မႈရွိတယ္
မမေတြက ငယ္ရြယ္တဲ႔အသက္ကာလအပုိင္းအျခားကုိျဖတ္သန္းလာရျပီးတဲ႔အတြက္ ေမာင္ေလးေတြရဲ ႔ခံစားခ်က္ကုိ ဘယ္လိုကုိင္တြယ္ရမလဲဆုိတာ ေကာင္းေကာင္းသိၾကပါတယ္။မမေတြက အခ်ိန္တိုင္းအတူရွိေနရမွ၊သူတို႔ုကို အျမဲသ၀န္တုိေနမွ၊သူတို႔နဲ႔ အျမဲစကားေျပာေပးေနမွဆုိတဲ႔အေျခအေနမ်ိဳး မဖန္တီးၾကပါဘူး။ဒါေၾကာင့္ မမေတြနဲ႔ခ်စ္သူျဖစ္ရင္ အျမဲတမ္းခ်ဳပ္ခ်ယ္ခံေနရတာ၊ဟုိဟာမလုပ္ရ၊ဒီဟာမလုပ္ရနဲ႔တားဆီးခံရတာမ်ိဳးေတြ သိပ္မရွိႏုိင္ပါဘူး။သူတုိ႔က သူတုိ႔ခ်စ္သူေမာင္ေလးေတြအတြက္ေတာင္ ပုိျပီးအားျဖစ္ေစႏုိင္ပါတယ္။

*မမေတြက မိခင္တစ္ေယာက္လိုပဲ ၾကင္နာတတ္တယ္
တစ္ခ်ိဳ႔ေသာေယာက်္ားေလးေတြက တစ္ခါတစ္ေလဆုိ ကေလးေတြထက္ေတာင္ပုိကေလးဆန္တတ္ၾကပါတယ္။သူတုိ႔က မမေတြဆီက ဂရုစုိက္မႈကုိခံယူခ်င္ၾကပါတယ္။အားေပးမႈကို လိုခ်င္ၾကပါတယ္။တစ္ခုခုဆုိ သူတုိ႔ေရွ႔ကေန အျမဲရွိေနေပးတာမ်ိဳး၊သူတုိ႔ကုိ ဂရုတစုိက္အစားအေသာက္ေလးခ်က္ေကြ်းတာမ်ိဳး၊အ၀တ္အစားေလးေသခ်ာေရြးခ်ယ္၀ယ္ေပးတာမ်ိဳးစတဲ႔အျပဳအမူေတြေၾကာင့္ပုိျပီးအားကုိးစိတ္ျဖစ္ကာ ညီမေလးေတြထက္ပုိျပီးသေဘာက်တတ္ၾကပါတယ္။ေျပာရမယ္ဆုိရင္ေတာ့ သူတုိ႔က ဂရုစုိက္ေပးရမွာထက္ သူတုိ႔ကုိဂရုစုိက္ေပးမယ့္သူကုိ ပုိျပီးေရြးခ်ယ္ၾကတာျဖစ္ပါတယ္။

တကယ္ေတာ့ အခ်စ္မွာအသက္ငယ္တာ၊ၾကီးတာရယ္နဲ႔ေတာ့ မဆုိင္ပါဘူး။အသက္အရြယ္က စိတ္ဓာတ္ရင့္က်က္တာ၊မရင့္က်က္တာကုိလည္း မျပႏုိင္ပါဘူး။ဒါေပမဲ႔လည္း ဒီလုိအခ်က္ေတြေၾကာင့္ မမေတြက ေယာက်ာ္းေလးေတြရဲ႔မ်က္စိထဲမွာ ပုိျပီး ဆြဲေဆာင္မႈရွိကာ ပုိျပီးသေဘာက်သြားခဲ႔ၾကတာျဖစ္ပါတယ္။

ကဲ ယူတုိ႔မွာေရာ ဒီလုိမမမ်ိဳးရွိလား?

Unicode

များသောအားဖြင့်စုံတွဲတွေကိုကြည့်လိုက်ရင် မမနဲ့မောင်လေးစုံတွဲတွေများကြပါတယ်။လေ့လာချက်တွေအရလည်း ယောကျာ်းလေးတွေဟာ သူတို့ထက်
အသက်အရွယ်ကြီးတဲ့မမတွေကို ညီမလေးတွေထက်ပိုပြီးသဘောကျကြတယ်လို့သိရပါတယ်။ဘာလို့မမတွေကို ပိုသဘောကျကြတာလဲ?ယောကျာ်းလေး
တစ်ချို့ရဲ့အဖြေကတော့…

*မမတွေက သူတို့ဘာလိုချင်လဲ အတိအကျသိကြတယ်
မမတွေရဲ့ဆွဲဆောင်မှုတစ်ခုကတော့ သူတို့ဖြစ်ချင်တာ၊သူတို့လုပ်ချင်တာကို တိတိကျကျသိကြတာပါပဲ။သူတို့ဘာလိုချင်တယ်ဆိုတာသိတယ်။သူတို့
အောင်မြင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာသိကြပါတယ်။ညီမလေးတွေက ကိုကိုတွေ၊မောင်လေးတွေနဲ့ဒရာမာခင်းနေချိန် မမတွေကတော့
သူတို့ဘဝတိုးတက်ဖို့၊သူတို့ချစ်တဲ့သူတွေရဲ့ဘဝကိုကူညီဖို့အာရုံစိုက်နေကြပါတယ်။ဒါကပဲ ယောကျ်ားလေးတွေအတွက်ဆွဲဆောင်မှုတစ်ခုဖြစ်နေပြီး
မမတွေနဲ့ချစ်သူဖြစ်တဲ့အခါမှာလည်း အများကြီးအာရုံစိုက်ပေးစရာမလိုလို့ သူတို့က မမတွေကိုသဘောကျကြပါတယ်။

*မမတွေက ဘဝအကြောင်းပိုသိတယ်
မမတွေက အသက်အရွယ်အရပိုကြီးသလို ဘဝအတွေ့အကြုံတွေကလည်း ပိုများပါတယ်။အချစ်ရေးမှာပဲကြည့်မလား၊စီးပွားရေးမှာပဲကြည့်မလား၊
ပညာရေးမှာပဲကြည့်မလား မမတွေကိုလေ့လာကြည့်လိုက်ရင် သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဘဝကို အေးအေးဆေးဆေးရင်ဆိုင်နေတာ
တွေ့ရပါလိမ့်မယ်။ဒါကြောင့် မမတွေကို ရွေးချယ်တဲ့အခါ သူတို့အပေါ်လည်းကောင်းကောင်းပြုပြင်ပေးနိုင်လိမ့်မယ်။သူတို့လိုအပ်ချက်တွေကို
ထောက်ပြနိုင်လိမ့်မယ်၊သူတို့ကိုပိုပြီးရင့်ကျက်စေလိမ့်မယ်လို့ ယောကျ်ားလေးတွေက ထင်မြင်ယူဆပြီး မမတွေကိုပိုပြီးရွေးချယ်တတ်ကြပါတယ်။

*မမတွေက ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိပြီး အမှီအခိုကင်းတယ်
ညီမလေးတွေက ပတ်ဝန်းကျင်အာရုံစိုက်ခံရဖို့ တစ်ခုပြီးတစ်ခုကြိုးစားနေချိန် မမတွေကတော့ ဘယ်သူ့ကိုမှ သူမတော်ကြောင်း၊သူမတတ်ကြောင်း
သက်သေပြစရာမလိုလောက်အောင်ယုံကြည်မှုအပြည့်ရှိစွာ ဘဝကိုဖြတ်သန်းနေပါတယ်။မမတွေနဲ့ချစ်သူဖြစ်တဲ့အခါမှာလည်း သူတို့အတွက်ဂရုစိုက်မှုသာ
ပေးနိုင်ရင် ဒါက အကောင်းဆုံးအကူအညီပေး၊အားဖြစ်ပေးတာပါပဲ။

*မမတွေက စိတ်ပိုင်းဆိုင်ရာအရလည်း ပိုရင့်ကျက်မှုရှိတယ်
မမတွေက ငယ်ရွယ်တဲ့အသက်ကာလအပိုင်းအခြားကိုဖြတ်သန်းလာရပြီးတဲ့အတွက် မောင်လေးတွေရဲ့ခံစားချက်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။မမတွေက အချိန်တိုင်းအတူရှိနေရမှ၊သူတို့ကို အမြဲသဝန်တိုနေမှ၊သူတို့နဲ့ အမြဲစကားပြောပေးနေမှဆိုတဲ့အခြေအနေမျိုး မဖန်တီးကြပါဘူး။ဒါကြောင့် မမတွေနဲ့ချစ်သူဖြစ်ရင် အမြဲတမ်းချုပ်ချယ်ခံနေရတာ၊ဟိုဟာမလုပ်ရ၊ဒီဟာမလုပ်ရနဲ့တားဆီးခံရတာမျိုးတွေ သိပ်မရှိနိုင်ပါဘူး။သူတို့က သူတို့ချစ်သူမောင်လေးတွေအတွက်တောင် ပိုပြီးအားဖြစ်စေနိုင်ပါတယ်။

*မမတွေက မိခင်တစ်ယောက်လိုပဲ ကြင်နာတတ်တယ်
တစ်ချို့သောယောကျ်ားလေးတွေက တစ်ခါတစ်လေဆို ကလေးတွေထက်တောင်ပိုကလေးဆန်တတ်ကြပါတယ်။သူတို့က မမတွေဆီက ဂရုစိုက်မှုကိုခံယူချင်ကြပါတယ်။အားပေးမှုကို လိုချင်ကြပါတယ်။တစ်ခုခုဆို သူတို့ရှေ့ကနေ အမြဲရှိနေပေးတာမျိုး၊သူတို့ကို ဂရုတစိုက်အစားအသောက်လေးချက်ကျွေးတာမျိုး၊အဝတ်အစားလေးသေချာရွေးချယ်ဝယ်ပေးတာမျိုးစတဲ့အပြုအမူတွေကြောင့်ပိုပြီးအားကိုးစိတ်ဖြစ်ကာ ညီမလေးတွေထက်ပိုပြီးသဘောကျတတ်ကြပါတယ်။ပြောရမယ်ဆိုရင်တော့ သူတို့က ဂရုစိုက်ပေးရမှာထက် သူတို့ကိုဂရုစိုက်ပေးမယ့်သူကို ပိုပြီးရွေးချယ်ကြတာဖြစ်ပါတယ်။

တကယ်တော့ အချစ်မှာအသက်ငယ်တာ၊ကြီးတာရယ်နဲ့တော့ မဆိုင်ပါဘူး။အသက်အရွယ်က စိတ်ဓာတ်ရင့်ကျက်တာ၊မရင့်ကျက်တာကိုလည်း မပြနိုင်ပါဘူး။ဒါပေမဲ့လည်း ဒီလိုအချက်တွေကြောင့် မမတွေက ယောကျာ်းလေးတွေရဲ့မျက်စိထဲမှာ ပိုပြီး ဆွဲဆောင်မှုရှိကာ ပိုပြီးသဘောကျသွားခဲ့ကြတာဖြစ်ပါတယ်။

ကဲ ယူတို့မှာရော ဒီလိုမမမျိုးရှိလား?

175 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.