ေရခဲတံုးေလးေတြကေပးတဲ႔ က်န္းမာေရးသုခ…

ေရခဲတံုးေလးေတြကေပးတဲ႔အလွအပေရးရာအက်ိဳးေက်းဇူးေတြကုိေတာ့ စာဖတ္သူပရိသတ္ေတြသိျပီးျဖစ္ၾကမွာပါ။ဒါေၾကာင့္
ေရခဲတံုးေလးက သင့္က်န္းမာေရးအတြက္လည္း အေထာက္အကူျပဳေနတယ္ဆုိတဲ႔အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။ေရခဲေသတၱာထဲမွာ
အျမဲတမ္းရွိေနတတ္တဲ႔ ေရခဲတံုးေလးေတြက သင္လိုအပ္လာတဲ႔ဒီလုိေနရာေတြမွာ အေရးပါအရာေရာက္ေနပါတယ္။

*လည္ပင္း၊ၾကြက္သားေတြေရာင္ရမ္းလာတဲ႔အခါ
ဒီလုိေရာင္ရမ္းမႈမ်ိဳးျဖစ္လာတဲ႔အခါ ေရခဲကပ္ေပးတာက နာက်င္မႈနဲ႔ေရာင္ရမ္းမႈကုိေလ်ွာ့ခ်ေပးႏုိင္တဲ႔ အလြယ္ကူဆံုးနည္းလမ္းပါပဲ။
ေရခဲေလးေတြကို ပိတ္စခပ္ပါးပါးေလးနဲ႔ထုပ္ျပီး မိနစ္ ၂၀ေလာက္ ကပ္ေပး၊ဖိေပးမယ္ဆုိရင္ ေရာင္ရမ္းမႈကုိေလ်ာ့က်ေစပါတယ္။ေရခဲကုိ
အသားနဲ႔တိုက္ရိုက္မထိမိေစဖုိ႔ သတိထားပါ။

*ခႏၶာကုိယ္နာက်င္မႈျဖစ္လာတဲ့အခါ
တစ္ခါတစ္ေလ မနက္အိပ္ရာကႏုိးလာတဲ႔အခါ ၾကြက္သားေတြနာက်င္လာတာမ်ိဳး၊ခါးနာလာတာမ်ိဳးျဖစ္တတ္ပါတယ္။အဲ႔ဒီအခါ ေရခဲတံ
ုးကုိ အ၀တ္စနဲ႔ထုပ္လုိ႔ ျဖည္းျဖည္းခ်င္းကပ္ေပးမယ္ဆုိရင္ နာက်င္မႈကုိ ေလ်ွာ့ခ်ေပးႏုိင္ျပီး သက္ေတာင့္သက္သာျဖစ္ေစပါတယ္။ၾကြက္သားနာက်င္တာမ်ိဳးဆုိရင္ နာက်င္ေနတ႔ဲေနရာတစ္၀ုိက္ကုိ တစ္ေန႔ ၂ၾကိမ္ သံုးၾကိမ္ေလာက္ ေရခဲကပ္ေပးရင္ပုိထိေရာက္ပါလိမ့္မယ္။

*သြားကုိက္ေ၀ဒနာခံစားရတဲ႔အခါ
ေရခဲတံုးေလးေတြက သင့္ရဲ႔ သြားနာက်င္မႈကုိလည္းေျဖေဖ်ာက္ေပးႏုိင္ပါတယ္။ေရခဲတံုးေလးတစ္တံုးကုိ ပိတ္စခပ္ေသးေသးေလးနဲ႔
ပတ္ျပီး နာက်င္ေနတဲ႔သြားေနရာတစ္၀ုိက္က ပါးေပၚကပ္ေပးထားပါ။မိနစ္အနည္းငယ္ေလာက္ဖြဖြေလးကပ္ေပးထားပါ။နာက်င္မႈ
ေလ်ာ့နည္းသြားပါလိမ့္မယ္။

Image result for ice for toothache

*စိတ္ဖိစီးမႈေတြေျပေပ်ာက္ေစ
ထူးထူးျခားျခားပါပဲ ပင္ပန္းႏြမ္းနယ္ေနတဲ႔အခ်ိန္ ေရခဲတံုးေလးတစ္တံုးႏွစ္တံုး၀ါးစားလိုက္တာက လူကုိလန္းဆန္းတက္ၾကြေစျပီး
စိတ္ဖိစီးမႈေလ်ာ့နည္းေစတယ္လုိ႔သိရပါတယ္။

*မ်က္လံုးေညာင္းကုိက္လာတဲ႔အခါ
အခ်ိန္အေတာ္ၾကာဖုန္းၾကည့္၊ကြန္ပ်ဴတာၾကည့္လို႔ ေညာင္းညာေနတဲ႔မ်က္လံုးကို ေရခဲတံုးေလးေတြက အေညာင္းညာေျပေစပါတယ္။
ေရခဲတံုးေလးေတြကုိ အ၀တ္စသန္႔သန္႔ေလးနဲ႔ထုပ္ျပီးမ်က္လံုးအေပၚတစ္၀ုိက္အုပ္ေပးပါ။ဒါက ေအးျမတဲ႔ခံစားမႈကုိေပးစြမ္းႏုိင္ျပီး
အေညာင္းညာေျပေစပါတယ္။

*ေခါင္းကုိက္တဲ႔အခါ
ေရခဲတံုးေလးေတြက နာက်င္မႈေ၀ဒနာကိုေလ်ာ့ပါးသြားေစတဲ႔ဂုဏ္သတိၱရွိတဲ့အတြက္ ေခါင္းကုိက္ေ၀ဒနာခံစားရတဲ႔အခါမွာလည္း
သံုးေပးႏုိင္ပါတယ္။အေပၚမွာေျပာခဲ့တဲ႔နည္းအတုိင္းေရခဲတံုးေလးေတြကုိထုပ္ျပီး နဖူး၊နားထင္တစ္၀ုိက္ဖိေပးကပ္ေပးတာ၊ေရခဲထုပ္ေလးနဲ႔
ေခါင္းကုိဖိေပးတာမ်ိဳးလုပ္ေပးပါ။ဒါက ေဆးေသာက္တာထက္ကုိ နာက်င္မႈကုိျမန္ျမန္ေျပေပ်ာက္ေစပါတယ္။

အလြယ္တကူရနုိင္တဲ႔ေရခဲတံုးေလးေတြရဲ ႔ဒီလုိအက်ိဳးေက်းဇူးေလးေတြကုိေျပာျပျပီးျပီဆုိေတာ့ ေသခ်ာလက္ေတြ႔အသံုးခ်ၾကည့္ဖုိ႔က စာဖတ္သူပရိသတ္ၾကီးတာ၀န္ပဲေနာ္

Ref:superloudmouth.com

Unicode

ရေခဲတုံးလေးတွေကပေးတဲ့အလှအပရေးရာအကျိုးကျေးဇူးတွေကိုတော့ စာဖတ်သူပရိသတ်တွေသိပြီးဖြစ်ကြမှာပါ။ဒါကြောင့်
ရေခဲတုံးလေးက သင့်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုနေတယ်ဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ရေခဲသေတ္တာထဲမှာ
အမြဲတမ်းရှိနေတတ်တဲ့ ရေခဲတုံးလေးတွေက သင်လိုအပ်လာတဲ့ဒီလိုနေရာတွေမှာ အရေးပါအရာရောက်နေပါတယ်။

*လည်ပင်း၊ကြွက်သားတွေရောင်ရမ်းလာတဲ့အခါ
ဒီလိုရောင်ရမ်းမှုမျိုးဖြစ်လာတဲ့အခါ ရေခဲကပ်ပေးတာက နာကျင်မှုနဲ့ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။
ရေခဲလေးတွေကို ပိတ်စခပ်ပါးပါးလေးနဲ့ထုပ်ပြီး မိနစ် ၂၀လောက် ကပ်ပေး၊ဖိပေးမယ်ဆိုရင် ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ရေခဲကို
အသားနဲ့တိုက်ရိုက်မထိမိစေဖို့ သတိထားပါ။

*ခန္ဓာကိုယ်နာကျင်မှုဖြစ်လာတဲ့အခါ
တစ်ခါတစ်လေ မနက်အိပ်ရာကနိုးလာတဲ့အခါ ကြွက်သားတွေနာကျင်လာတာမျိုး၊ခါးနာလာတာမျိုးဖြစ်တတ်ပါတယ်။အဲ့ဒီအခါ ရေခဲတံ
ုးကို အဝတ်စနဲ့ထုပ်လို့ ဖြည်းဖြည်းချင်းကပ်ပေးမယ်ဆိုရင် နာကျင်မှုကို လျှော့ချပေးနိုင်ပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ကြွက်သားနာကျင်တာမျိုးဆိုရင် နာကျင်နေတဲ့နေရာတစ်ဝိုက်ကို တစ်နေ့ ၂ကြိမ် သုံးကြိမ်လောက် ရေခဲကပ်ပေးရင်ပိုထိရောက်ပါလိမ့်မယ်။

*သွားကိုက်ဝေဒနာခံစားရတဲ့အခါ
ရေခဲတုံးလေးတွေက သင့်ရဲ့ သွားနာကျင်မှုကိုလည်းဖြေဖျောက်ပေးနိုင်ပါတယ်။ရေခဲတုံးလေးတစ်တုံးကို ပိတ်စခပ်သေးသေးလေးနဲ့
ပတ်ပြီး နာကျင်နေတဲ့သွားနေရာတစ်ဝိုက်က ပါးပေါ်ကပ်ပေးထားပါ။မိနစ်အနည်းငယ်လောက်ဖွဖွလေးကပ်ပေးထားပါ။နာကျင်မှု
လျော့နည်းသွားပါလိမ့်မယ်။

*စိတ်ဖိစီးမှုတွေပြေပျောက်စေ
ထူးထူးခြားခြားပါပဲ ပင်ပန်းနွမ်းနယ်နေတဲ့အချိန် ရေခဲတုံးလေးတစ်တုံးနှစ်တုံးဝါးစားလိုက်တာက လူကိုလန်းဆန်းတက်ကြွစေပြီး
စိတ်ဖိစီးမှုလျော့နည်းစေတယ်လို့သိရပါတယ်။

*မျက်လုံးညောင်းကိုက်လာတဲ့အခါ
အချိန်အတော်ကြာဖုန်းကြည့်၊ကွန်ပျူတာကြည့်လို့ ညောင်းညာနေတဲ့မျက်လုံးကို ရေခဲတုံးလေးတွေက အညောင်းညာပြေစေပါတယ်။
ရေခဲတုံးလေးတွေကို အဝတ်စသန့်သန့်လေးနဲ့ထုပ်ပြီးမျက်လုံးအပေါ်တစ်ဝိုက်အုပ်ပေးပါ။ဒါက အေးမြတဲ့ခံစားမှုကိုပေးစွမ်းနိုင်ပြီး
အညောင်းညာပြေစေပါတယ်။

*ခေါင်းကိုက်တဲ့အခါ
ရေခဲတုံးလေးတွေက နာကျင်မှုဝေဒနာကိုလျော့ပါးသွားစေတဲ့ဂုဏ်သတ္တိရှိတဲ့အတွက် ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါမှာလည်း
သုံးပေးနိုင်ပါတယ်။အပေါ်မှာပြောခဲ့တဲ့နည်းအတိုင်းရေခဲတုံးလေးတွေကိုထုပ်ပြီး နဖူး၊နားထင်တစ်ဝိုက်ဖိပေးကပ်ပေးတာ၊ရေခဲထုပ်လေးနဲ့
ခေါင်းကိုဖိပေးတာမျိုးလုပ်ပေးပါ။ဒါက ဆေးသောက်တာထက်ကို နာကျင်မှုကိုမြန်မြန်ပြေပျောက်စေပါတယ်။

အလွယ်တကူရနိုင်တဲ့ရေခဲတုံးလေးတွေရဲ့ဒီလိုအကျိုးကျေးဇူးလေးတွေကိုပြောပြပြီးပြီဆိုတော့ သေချာလက်တွေ့အသုံးချကြည့်ဖို့က စာဖတ်သူပရိသတ်ကြီးတာဝန်ပဲနော်

Ref:superloudmouth.com

 

56 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.