ကော်ဖီဟာ သောက်ဖို့တစ်ခုပဲ အသုံးဝင်တယ်လို့ ထင်နေတုန်းပဲလား

လူအများစုဟာ ကော်ဖီဆို သောက်ဖို့တစ်ခုတည်းအတွက်ပဲ အသုံးဝင်တယ်လို့ သတ်မှတ်ထားကြပါတယ်။
တကယ်တော့ ကော်ဖီဟာ အခြားနေရာတွေမှာလည်း အသုံးပြုလို့ရပါသေးတယ်။ ကဲ… ဘယ်လိုနေရာတွေမှာ အသုံးဝင်လဲဆိုတော့…

လက်ဆေးရည်


ကော်ဖီကြိုက်တဲ့လူဆို ကော်ဖီနံ့သင်းသင်းလေးရတာနဲ့ မရှောင်လွှဲနိုင်ပါဘူး။ ကော်ဖီနံ့လေးသင်းနေတဲ့ ဆပ်ပြာရည်နဲ့ လက်ကိုဆေးကြောလိုက်မယ်ဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ကြက်သွန်ဖြူ၊ ငါး ၊ အသားတွေ ကိုင်ထားလို့ လက်မှာအနံ့စွဲနေရင် ကော်ဖီရည်လေးနဲ့ လက်ကို ဆေးကြောလို့ရပါတယ်နော်။

မျက်နှာပေါင်းတင်မယ်


အခုနောက်ပိုင်း coffee scrub ဆိုပြီး ပျိုမေတို့ကြား နာမည်ကြီးလာတာ သတိထားမိမှာပေါ့။ တကယ်လည်း ကော်ဖီက အသားရည်အတွက် လိုအပ်တဲ့အာဟာရတွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်တစ်လျှောက် ကော်ဖီလေးနဲ့ အသာယာပွတ်ပေးပြီး ၁ဝမိနစ် ၊ ၁၅မိနစ်လောက်ထားပြီးတာနဲ့ ရဆေးချလိုက်ရင် နူးညံ့ကြည်လင်တဲ့အသားရည်လေးကို ပိုင်ဆိုင်ဦးမှာဖြစ်ပါတယ်။

ရေခဲသေတ္တာ fresher


ရေခဲသေတ္တာဖွင့်လိုက်တာနဲ့ အထဲက အနံ့ပြင်းတဲ့ပစ္စည်းတွေကြောင့် သင့်ကို ခေါင်းကိုက်စေနေပြီလား။ ကော်ဖီကို fresher အဖြစ် ထည့်ထားလို့ရတယ်နော်။ သူက မကောင်းတဲ့အနံ့သက်တွေကို စုပ်ယူပေးထားတာကြောင့် ဖွင့်လိုက်တာနဲ့ အနံ့လေးသင်းနေစေမှာ အမှန်ပါပဲ။

ဆံပင်ပေါင်းမယ်


ကော်ဖီမှာ ဆံပင်အတွက် ထူးထူးခြားခြား အသုံးဝင်နေတဲ့အရာလေးတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ကော်ဖီနဲ့ပုံမှန် Treatment လုပ်သွားပေးမယ်ဆို ဆံသားတွေ ထူလာစေပြီး နူးညံ့ပျော့ပျောင်းကာ အရောင်လှစေပါတယ်။ hair care အနေနဲ့ ကော်ဖီကိုအသုံးပြုချင်တယဆိုရင် –
– ဆံပင်အရှည်ပေါ်မူတည်ပြီး ကော်ဖီမှုန့် ပမာဏကို ချိန်ဖို့လိုပါတယ်။
– ကော်ဖီကိုအရည်ဖျော်လိုက်ပြီး အေးသွားတဲ့အခါ ဦးရေပြားအနှံ့လိမ်းလိုက်ပါ။
– ပြီးရင် ခေါင်းဆောင်းတစ်ခုနဲ့ ပေါင်းထားပြီး မိနစ် ၂ဝကြာရင် ရေနဲ့ဆေးချလိုက်ပါ။
– တစ်ပတ် တစ်ခါအသုံးပြုလို့ရပါတယ်။

47 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.