စီးရီးအေကလပ်အေစီမီလန်ဟာ ရု ရှားကလပ် စီအက်စ်ကေအေမော်စကိုအ သင်းက ဂျပန်လက်ရွေးစင်တိုက်စစ်မှူး ကီဆူကီးဟွန်ဒါကို အောက်ဈေးနဲ့ခေါ်ယူ နိုင်ဖို့ ကြိုးစားနေပါပြီတဲ့။ ဟွန်ဒါဟာ စီ အက်စ်ကေအေမော်စကိုမှာ ၂၀၁၀ပြည့် နှစ်ထဲက ပြောင်းရွေ့ကစားနေခဲ့သူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီကုန်ဆုံးချိန်မှာဆိုရင် စာချုပ်ကုန် ဆုံးတော့မယ်သူပါ။ ဒါကြောင့် သူ့ကိုခေါ် ယူချင်နေတဲ့ စီးရီးအေကလပ်အေစီမီလန် ဟာ ပေါက်ဈေးထက်ပိုမိုနည်းပါးတဲ့ဈေး နဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေပါပြီ။ အသက် (၂၇)နှစ်အရွယ် ဟွန်ဒါအနေနဲ့ကတော့ အပြောင်းအရွေ့စည်းမျဉ်းများအရဆိုရင် စာချုပ်သက်တမ်း(၆)လသာ ကျန်တော့ တဲ့အတွက် သူပြောင်းချင်တဲ့ကလပ်တွေ နဲ့ တရားဝင်ဆွေးနွေးခွင့်ရှိနေပါပြီ။ အေ စီမီလန်အသင်းကသာ သူ့ကိုတကယ်တမ်း ခေါ်ယူချင်တယ်ဆိုရင် လစာမြင့်မြင့်မား မားပေးနိုင်ရင်တော့ အဆင်ပြေဖို့များနေ ပါတယ်။
ဒီလိုအချိန်မှာ စီအက်စ်ကေအေ မော်စကိုအသင်းရဲ့ အထွေထွေဒါရိုက်တာ ရိုမန်ဘက်ဘေရက်ဗ်ကတော့ သင့်လျော် သော ဈေးမျိုးမဟုတ်ရင် မရောင်းနိုင်ပါ ဘူးလို့ ပြောလိုက်ပါပြီ။ “ မီလန်က ဟွန် ဒါကိုခေါ်ချင်နေတယ်လို့ပြောပါတယ်။ကျွန် တော်တို့ဘက်ကတော့ ရှင်းတယ်။ သင့် လျော်တဲ့ဈေးမျိုးရရင် ထုတ်ရောင်းမှာပါ။ သူ့စာချုပ်ကုန်ကာနီးတာကြောင့် ဈေးကျ နိုင်တာသိပေမယ့် အရမ်းနှိမ်တာမျိုးကို တော့ လက်ခံမှာမဟုတ်ပါဘူး” လို့ ရိုမန် ကပြောခဲ့တာဖြစ်ပါတယ်။