အထီးက်န္ေနတဲ႔စိတ္ကုိ ဘယ္လိုေျဖေဖ်ာက္ၾကမလဲ…

ေဘးနားမွာသူငယ္ခ်င္းေတြအမ်ားၾကီးရွိေနလည္းစိတ္က အထီးက်န္ေနတာမ်ိဳးျဖစ္တတ္ပါတယ္။သူတို႔ေပ်ာ္ေပမဲ႔ ကုိယ္က
လိုက္မေပ်ာ္ႏုိင္ပဲ စိတ္ထဲမွာတစ္ခုခုကုိစိုးရိမ္ေနသလုိမ်ိဳး၊ကုိယ္ေပ်ာ္လိုက္ရင္မ်ား တစ္ခုခုျဖစ္သြားမလားဆုိတာမ်ိဳး ၊သူငယ္ခ်င္းေတြနဲ႔
အတူရွိေနရင္ေတာင္ သူတို႔က ကုိယ့္အေပၚတကယ္ခင္ရဲ႔လားဆုိတဲ့ စတဲ႔အေတြးေတြမ်ိဳးစံုနဲ႔ လူက အေပါင္းအသင္းၾကားထဲရွိေနေပမဲ႔
စိတ္က အထီးက်န္ေနတတ္ပါတယ္။ဒါဆုိ အဲ႔ဒီစိတ္ကုိ ဘယ္လိုေျဖေဖ်ာက္ၾကမလဲ?

တကယ့္ေတာ့ ေျဖေဖ်ာက္တဲ႔နည္းလမ္းက ထူးထူးျခားျခားေတာ့မရွိပါဘူး။သင့္စိတ္ေလးကုိေျပာင္းလဲလုိက္ရံုပါပဲ။
စိတ္ထဲမွာ ကုိယ္က တကယ္ပဲအခ်စ္ခံရဖုိ႔ထုိက္တန္ရဲ႔လားဆုိတာမ်ိဳးမေတြးပါနဲ႔။သင္အခ်စ္ခံရလို႔သာ သင့္အေပါင္းအသင္းေတြၾကားထဲ
အျမဲရွိေနတာပါ။ကုိယ္က အေလးထားရသေလာက္ ကုိယ့္သူငယ္ခ်င္းေတြ၊ကုိယ့္မိသားစုေတြဆီက ျပန္အေလးထားမခံရဘူးဆုိတာမ်ိဳးလည္း
မေတြးပါနဲ႔။တကယ္အေရးၾကံဳရင္ သင့္ဆီေျပးလာမယ့္သူေတြရွိကုိရွိပါတယ္။

ေနာက္တစ္ခုက စိတ္ထားတတ္ေအာင္ၾကိဳးစားပါ။ကုိယ္ခ်စ္သေလာက္ သူက ဘာလို႔ျပန္မခ်စ္တာလဲ၊ကုိယ္ဂရုစုိက္ေပးႏုိင္သေလာက္
ဘာလို႔ဂရုစုိက္မခံရတာလဲ စတဲ႔အေတြးေတြဟာ ပူေလာင္လြန္းပါတယ္။ေမတၱာတရားဆုိတာ အသြားအျပန္ရွိတယ္ဆုိေပမဲ႔ ျပန္မရလည္း
ေပးရတာကုိပဲေက်နပ္ေနတဲ႔ေမတၱာမ်ိဳးက သင့္ကုိပုိျပီးေအးခ်မ္းေစပါလိမ့္မယ္။ျပန္ရဖို႔ကုိေတာင့္တေနတာထက္ ကုိယ့္ဘက္က အျမဲတမ္းေစတနာမွန္၊
ေမတၱာမွန္ပါေစ။

အထီးက်န္တယ္ဆိုတဲ႔အေတြးေတြ၀င္လာတဲ႔အခါ စာအုပ္ဖတ္တာ၊ရုပ္ရွင္ၾကည့္တာ၊တိရစာၦန္ေလးေတြနဲ႔ေဆာ့ကစားတာမ်ိဳးလုပ္ပါ။
သူငယ္ခ်င္းေတြနဲ႔အတူရွိေနခ်ိန္ ငါခ်စ္သေလာက္မခ်စ္ၾကဘူး။ငါ့ကုိဂရုမစုိက္ၾကဘူးဆုိတဲ့အေတြးမ်ိဳး၀င္လာတဲ႔အခါ အဲ႔ဒီအေတြးကို
ေဖ်ာက္ျပီး လက္ရွိအခိ်န္ကုိ အာရံုစုိက္ၾကည့္ပါ။သူတို႔သင့္အေပၚဂရုစုိက္တာ၊ခ်စ္တာကုိ သင္သတိမထားမိတာေၾကာင့္အထီးက်န္တဲ႔စိတ္
ခံစားရတာျဖစ္ပါလိမ့္မယ္။ဘယ္သူမွ ကုိယ္သေဘာမက်တဲ႔သူ၊ကုိယ္မခ်စ္တဲ႔သူကုိ သူငယ္ခ်င္းေဘာ္ဒါကဏၰ မထားပါဘူး။

သင္က အခ်စ္ခံရဖို႔ထုိက္တန္တ႔ဲသူတစ္ေယာက္ပါ။ဒါေၾကာင့္ တစ္ေယာက္တည္းျဖစ္ေနတယ္ဆိုတဲ႔စိတ္အေတြးကုိေဖ်ာက္လို႔ ပတ္၀န္းက်င္ကုိေသခ်ာျမင္ေအာင္ အေသးအဖြဲေလးေတြကအစ ဂရုစုိက္ၾကည့္ဖုိ႔လိုပါတယ္။တစ္ခ်ိဳ႔အရာေတြက လြယ္လြယ္ကူကူနဲ႔ မျမင္ရတတ္ပါဘူး။အထူးသျဖင့္ ခ်စျ္ခင္းေမတၱာနဲ႔ပတ္သက္လာရင္ေပါ့။

Unicode

ဘေးနားမှာသူငယ်ချင်းတွေအများကြီးရှိနေလည်းစိတ်က အထီးကျန်နေတာမျိုးဖြစ်တတ်ပါတယ်။သူတို့ပျော်ပေမဲ့ ကိုယ်က
လိုက်မပျော်နိုင်ပဲ စိတ်ထဲမှာတစ်ခုခုကိုစိုးရိမ်နေသလိုမျိုး၊ကိုယ်ပျော်လိုက်ရင်များ တစ်ခုခုဖြစ်သွားမလားဆိုတာမျိုး ၊သူငယ်ချင်းတွေနဲ့
အတူရှိနေရင်တောင် သူတို့က ကိုယ့်အပေါ်တကယ်ခင်ရဲ့လားဆိုတဲ့ စတဲ့အတွေးတွေမျိုးစုံနဲ့ လူက အပေါင်းအသင်းကြားထဲရှိနေပေမဲ့
စိတ်က အထီးကျန်နေတတ်ပါတယ်။ဒါဆို အဲ့ဒီစိတ်ကို ဘယ်လိုဖြေဖျောက်ကြမလဲ?

တကယ့်တော့ ဖြေဖျောက်တဲ့နည်းလမ်းက ထူးထူးခြားခြားတော့မရှိပါဘူး။သင့်စိတ်လေးကိုပြောင်းလဲလိုက်ရုံပါပဲ။
စိတ်ထဲမှာ ကိုယ်က တကယ်ပဲအချစ်ခံရဖို့ထိုက်တန်ရဲ့လားဆိုတာမျိုးမတွေးပါနဲ့။သင်အချစ်ခံရလို့သာ သင့်အပေါင်းအသင်းတွေကြားထဲ
အမြဲရှိနေတာပါ။ကိုယ်က အလေးထားရသလောက် ကိုယ့်သူငယ်ချင်းတွေ၊ကိုယ့်မိသားစုတွေဆီက ပြန်အလေးထားမခံရဘူးဆိုတာမျိုးလည်း
မတွေးပါနဲ့။တကယ်အရေးကြုံရင် သင့်ဆီပြေးလာမယ့်သူတွေရှိကိုရှိပါတယ်။

နောက်တစ်ခုက စိတ်ထားတတ်အောင်ကြိုးစားပါ။ကိုယ်ချစ်သလောက် သူက ဘာလို့ပြန်မချစ်တာလဲ၊ကိုယ်ဂရုစိုက်ပေးနိုင်သလောက်
ဘာလို့ဂရုစိုက်မခံရတာလဲ စတဲ့အတွေးတွေဟာ ပူလောင်လွန်းပါတယ်။မေတ္တာတရားဆိုတာ အသွားအပြန်ရှိတယ်ဆိုပေမဲ့ ပြန်မရလည်း
ပေးရတာကိုပဲကျေနပ်နေတဲ့မေတ္တာမျိုးက သင့်ကိုပိုပြီးအေးချမ်းစေပါလိမ့်မယ်။ပြန်ရဖို့ကိုတောင့်တနေတာထက် ကိုယ့်ဘက်က အမြဲတမ်းစေတနာမှန်၊
မေတ္တာမှန်ပါစေ။

အထီးကျန်တယ်ဆိုတဲ့အတွေးတွေဝင်လာတဲ့အခါ စာအုပ်ဖတ်တာ၊ရုပ်ရှင်ကြည့်တာ၊တိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးလုပ်ပါ။
သူငယ်ချင်းတွေနဲ့အတူရှိနေချိန် ငါချစ်သလောက်မချစ်ကြဘူး။ငါ့ကိုဂရုမစိုက်ကြဘူးဆိုတဲ့အတွေးမျိုးဝင်လာတဲ့အခါ အဲ့ဒီအတွေးကို
ဖျောက်ပြီး လက်ရှိအချိန်ကို အာရုံစိုက်ကြည့်ပါ။သူတို့သင့်အပေါ်ဂရုစိုက်တာ၊ချစ်တာကို သင်သတိမထားမိတာကြောင့်အထီးကျန်တဲ့စိတ်
ခံစားရတာဖြစ်ပါလိမ့်မယ်။ဘယ်သူမှ ကိုယ်သဘောမကျတဲ့သူ၊ကိုယ်မချစ်တဲ့သူကို သူငယ်ချင်းဘော်ဒါကဏ္ဏ မထားပါဘူး။

သင်က အချစ်ခံရဖို့ထိုက်တန်တဲ့သူတစ်ယောက်ပါ။ဒါကြောင့် တစ်ယောက်တည်းဖြစ်နေတယ်ဆိုတဲ့စိတ်အတွေးကိုဖျောက်လို့ ပတ်ဝန်းကျင်ကိုသေချာမြင်အောင် အသေးအဖွဲလေးတွေကအစ ဂရုစိုက်ကြည့်ဖို့လိုပါတယ်။တစ်ချို့အရာတွေက လွယ်လွယ်ကူကူနဲ့ မမြင်ရတတ်ပါဘူး။အထူးသဖြင့် ချြစ်ခင်းမေတ္တာနဲ့ပတ်သက်လာရင်ပေါ့။

137 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.