လက်ရှိလုပ်နေတဲ့ သင့်အလုပ်မှာ တကယ်ရောပျော်ရဲ့ လား

အလုပ်တစ်ခုဟာ ဘယ်လောက်ပဲ လစာကောင်းကောင်း အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ
မင်းအတွက် အဆင်မပြေရင် ပျော်ရမှာမဟုတ်ပါဘူး။ နေ့တိုင်း စိတ်ဖိစီးမှုတွေနဲ့ တစ်နေ့ ၈နာရီ ဖြတ်သန်းရမယ့်အဖြစ်ဟာ မင်းကို မွန်းကြပ်စေမှာအမှန်ပါပဲ။

Image result for do u love ur job?

ဒါကြောင့် လက်ရှိလုပ်တဲ့ အလုပ်ဟာ မင်းအတွက်အဆင်ပြေလွယ်ကူပေမယ့် ဒီလိုတိုက်ခိုက်နေတဲ့ လူတွေကြားထဲ ရှင်သန်ရတာ ငရဲတစ်မျိုးပါပဲ။ ဘာအတွက် ဒီနေရာမှာ မင်းဆက်နေရှိဦးမှာလဲ ။ အခုခေတ်မှာ အလုပ်တစ်ခုရဖို့က မလွယ်ပေမယ့် ဒီလိုနေရာမှာ ဆက်နေရမယ့် မင်းအဖြစ်ကို တွေးကြည့်ပါဦး။

အချို့ လူတွေကြတော့လည်း လစာက ပုံမှန်လောက်ပဲ။ ဒါပေမယ့် သူတို့ပျော်ရွှင်ရတယ်။ စိတ်ချမ်းသာတယ်။ ဘာပဲလုပ်လုပ် တက်ကြွရွှင်လန်းမှုရှိတယ်။ ရတဲ့လစာဟာ ကိုယ့်အတွက်ဖူလုံမှုလည်း ရှိသလို အပိုစုဆောင်းဖို့အတွက်လည်း ကိုယ်တိုင် ချွေတာမှရမှာပါ။

Image result for do u love ur job?

အလုပ်လုပ်တာ ပျော်စရာမလိုဘူး။ ပိုက်ဆံက အဓိကဆိုတာ တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်။
လူတွေနဲ့ အဆင်မပြေရင် ဘယ်လောက်ထိ စိတ်ပင်ပန်းရလည်း ကြုံတွေ့ဖူးသူတိုင်း သိပါတယ်။
ဆိုတော့ အလုပ်လည်းကောင်း ၊ စိတ်လည်းချမ်းသာရဆို ဘယ်လောက်ကောင်းလောက်မလဲ။
အလုပ်တစ်ခုဟာ မင်းစိတ်ဝင်စားတဲ့အလုပ်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ စိတ်မပါတဲ့ အလုပ်ကြီးကြောင့် မင်းရဲ့စိတ်တွေကို ထိုင်းမှိုင်စေပါတယ်။

စိတ်လည်း ဝင်စား ၊ လစာလည်းကောင်း ၊ လူတွေနဲ့လည်း အဆင်ပြေဆို မင်းအတွက် ဘယ်လောက်တောင် ပြည့်စုံလိုက်မလဲ။ ဒါမျိုး ဘဝရဖို့မဖြစ်နိုင်ဘူး မပြောနဲ့နော်။ တချို့ အတွင်းစိတ်မကောင်းတဲ့လူတွေ ၊ သဘောထားမတူညီတဲ့ လူတွေကတော့ နေရာတိုင်းမှာရှိတာပါ
ပဲ။ ဒီလူတွေကိုတော့ လစ်လျုရှုထားလိုက်တာ အကောင်းဆုံးပါပဲ။

Image result for jealous co workers

ကိုယ့်ထမင်း ကိုယ်စားနေတာပဲ။ ကိုယ့်တာဝန်ကိုယ်ကျေအောင်သာ လုပ်ပါ။ အားလုံးနဲ့ အတတ်နိုင်ဆုံး
အဆင်ပြေအောင်နေပါ။ ဒါကိုမှ ညှိမနေနိုင်ရင်လည်း ထားလိုက်ပေါ့။ အိုခေ..ဒါဆို ကိုယ့်ကိုကိုယ် ပြန်မေးလိုက်ပါဦး.. ”လက်ရှိ ငါ့အလုပ်မှာပျော်ရဲ့လား” လို့…

76 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.