Big Issue” ဇာတ်ကားမှာ တွေ့မြင်ရတော့မယ့် အဆိုတော် Minseo

အဆိုတော် Minseo လေးရဲ့ သရုပ်ဆောင် စကေးတွေကို အမိုက်စားတွေ့မြင်ရမယ့် ဇာတ်ကားလေးပါပဲ။
SBS ရုပ်သံလိုင်းက ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာလွှင့်မယ့် ” Big Issue” ဇာတ်ကားမှာအဆိုတော် Minseo ပါဝင်သရုပ်ဆောင်သွားမယ်လို့ Mystic Entertainment ကနေ အတည်ပြုကြေငြာသွားပါတယ်။

Image result for Minseo

ဒီဇာတ်ကားမှာ Joo Jin Mo နဲ့ Han Ye Seul တို့လည်း သရုပ်ဆောင်သွားမှာပါ။ Minseo ကတော့
သတင်းထောက်မလေး Moon Bo Young အဖြစ်သရုပ်ဆောင်မှာပါ။ “Big Issue” ဟာ ပါပါရာဇီအကြောင်းကို ရိုက်ကူးထားတဲ့ အောင်မြင်ဆုံး ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

Image result for Minseo

“It’s Okay To Be Sensitive 2” မှာတည်းက Minseo ရဲ့ Kang Yoon Joo ဇာတ်ရုပ်ဟာ  ရေပန်းစားခဲ့ပြီး အခုလည်း “Big Issue” မှာ သူမကိုတွေ့မြင်ရတော့မယ်ဆိုတော့ ပရိတ်သတ်တွေလည်း ရင်ခုန်နေကြပြီဖြစ်ပါတယ်။ သူမရဲ့mini album ဖြစ်တဲ့ “The Diary of Youth” ကိုလည်း promote လုပ်သွားဦးမှာ ဖြစ်ပါတယ်။

The Last Empress ပြီးတာနဲ့ ” Big Issue” ဇာတ်ကားက မတ်လ ၆ရက်နေ့ဆို ထွက်ရှိပြီဖြစ်ပါတယ်။

17 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.