သင္ဖုန္းကုိင္တဲ႔ပံုစံကုိ ေရြးၾကည့္ပါ…

ေလ့လာခ်က္ေတြအရ စမတ္ဖုန္းကုိင္တဲ႔ပံုစံကေန သင္ဟာ ဘယ္လိုလူမ်ိဳးျဖစ္တယ္။သင့္အေၾကာင္းကဘယ္လိုဘယ္၀ါျဖစ္တယ္ဆုိတဲ့ ကုိယ္ရည္ကုိယ္ေသြးေတြကုိခန္႔မွန္းနုိင္ပါသတဲ႔။ခန္႔မွန္းခ်က္အေျဖျဖစ္တဲ႔အတြက္ တူညီတာေတြရွိႏုိင္သလို မတူညီႏုိင္တာေတြလည္းရွိႏိုင္ပါတယ္။ဒါေပမဲ့ ဒီလုိမ်ိဳးေတြလိုက္ဖတ္ရတာ
စိတ္၀င္စားဖုိ႔ေတာ့ေကာင္းတယ္မဟုတ္လား။ဒါေၾကာင့္ ကုိယ္ဖုန္းကုိင္တဲ႔ပံုစံေလးနဲ႔ ကုိယ့္အေၾကာင္းတုိက္ဆိုင္ရဲ႔လား ဖတ္ၾကည့္လိုက္ပါဦး

*ဖုန္းကုိလက္တစ္ဖက္တည္းကုိင္တယ္

တကယ္လို႔သင္ဟာ ဖုန္းကုိ အျမဲလက္တစ္ဖက္တည္းကုိင္ျပီး စာရုိက္တယ္၊ပုိစ့္ေတြၾကည့္တယ္။ဂဏန္းေတြႏိွပ္တယ္ဆုိရင္ သင္ဟာ ကုိယ့္ကုိယ့္ကိုယ္
ယံုၾကည္မႈျပင္းထန္တဲ႔သူမ်ိဳးျဖစ္တယ္လုိ႔ယူဆရပါတယ္။ဒါေပမဲ႔ အခ်စ္ေရးမွာေတာ့ နည္းနည္းေျပာင္းျပန္ပါ။သင္က အခ်စ္ေရးတစ္ခုကုိမစခင္
သင့္ဘ၀မွာ ဒီလူကုိ တကယ္လိုအပ္ရဲ႔လားဆုိတာမ်ိဳး ေတြးေတာခိ်န္ဆတတ္သူတစ္ေယာက္ျဖစ္ပါတယ္။ဒါေၾကာင့္လူေတြက သင့္ကုိအထီးက်န္တဲ႔သူ
တစ္ေယာက္လုိ႔ပဲ ျမင္ေနတတ္ပါတယ္။

*လက္တစ္ဖက္က ဖုန္းကုိင္ထားျပီး တစ္ျခားလက္တစ္ဖက္က လက္မနဲ႔ စကရင္မ္ကုိ အသံုးျပဳတယ္

ဒီလုိပံုစံနဲ႔ဖုန္းကုိင္ထားတယ္ဆုိရင္ေတာ့ ဒါက သင့္ရဲ ႔ဥာဏ္ေကာင္းမႈကုိေဖာ္ျပေနပါတယ္။သင္က ဥာဏ္ေကာင္းတယ္။အက်ိဳးအေၾကာင္း
စဥ္းစားဆင္ျခင္တတ္တဲ႔သူတစ္ေယာက္ပါ။ကိစၥတစ္ခုကုိမလုပ္ခင္ စမ္းသပ္လုပ္ေဆာင္ေလ့ရွိျပီး အျမဲတမ္းစဥ္းစားေတြးေတာေနတဲ႔အတြက္ သင္ဟာ အလိမ္
ခံရဖို႔ မလြယ္ကူတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ဒါေပမဲ႔ အခ်စ္ေရးမွာေတာ့ နည္းနည္းမစြံပါဘူး။အခ်စ္ေရးနဲ႔ပတ္သက္္လာရင္သင္ကဆံုးျဖတ္ခ်က္ျမန္သလို
မလိုအပ္တဲ႔အေတြးေတြလည္းစဥ္းစားမိသူတစ္ေယာက္ပါ။ဒါက သင့္အခ်စ္ေရးကုိ အနည္းငယ္အခက္အခဲျဖစ္ေစပါတယ္။

*လက္ႏွစ္ဖက္လံုးနဲ႔ဖုန္းသံုးတယ္

ဖုန္းကုိလက္ႏွစ္ဖက္လံုးနဲ႔ကုိင္တယ္။လက္ႏွစ္ဖက္လံုး က ဖုန္းေပၚမွာေျပးလႊားလႈပ္ရွားေနတတ္တယ္ဆုိရင္ ဒါက သင္ဟာ လ်င္ျမန္ဖ်တ္လတ္တယ္။
ဘာမဆုိ အခုခ်က္ခ်င္းဆံုးျဖတ္ခ်က္ခ်ရမွၾကိဳက္တဲ႔သူတစ္ေယာက္လို႔ေဖာ္ျပေနပါတယ္။ဘယ္လိုပတ္၀န္းက်င္နဲ႔မဆုိ လုိက္ေလ်ာညီေထြေနတတ္ျပီး
အေျခအေနအသစ္ေတြၾကံဳလာရင္လည္း အက်ိဳးရွိရွိျပဳမူေဆာင္ရြက္တတ္တယ္။ဒါေပမဲ႔ သင္က ဘယ္အရာမဆုိ ခ်က္က်လက္က်နဲ႔ ေျပာတတ္တဲ႔အတြက္ေၾကာင့္တစ္ခါတစ္ေလဆုိ သင့္ရဲ႔လက္တြဲေဖာ္နဲ႔ေတာင္ အဆင္မေျပျဖစ္တတ္ပါတယ္။အခ်စ္ေရးမွာေတာ့ အနည္းငယ္အေလ်ာ့အတင္းေလးေတြရွိသင့္ပါတယ္ေနာ္။

*လက္တစ္ဖက္ကဖုန္းကိုင္ျပီး က်န္လက္တစ္ဖက္က လက္ညိဳးကုိသံုးတယ္

ဒီလုိဖုန္းကုိင္တဲ႔ပံုစံဆုိရင္ေတာ့ သင္က တီထြင္ဖန္တီးဥာဏ္၊ျဖတ္ထိုးဥာဏ္ေကာင္းတယ္လုိ႔ေဖာ္ျပေနတာပါ။သင္က ကုိယ့္အေတြးနဲ႔ကုိယ္
တစ္ေယာက္တည္းေနရတာၾကိဳက္ျပီး အားလံုးအံ႔ၾသရတဲ႔အရာတစ္ခုကုိ ဖန္တီးခ်ျပခ်င္သူတစ္ေယာက္လည္းျဖစ္ပါတယ္။အထူးသျဖင့္ ပန္းခ်ီဆြဲတာ၊စာအုပ္
ဖတ္တာစတဲ႔အႏုပညာအလုပ္ေတြမွာ သင္က ပုိျပီးေအာင္ျမင္မႈရေလ့ရွိသူျဖစ္ပါတယ္။အခ်စ္ေရးမွာေတာ့ သင္က ခံစားခ်က္ကုိ ေဖာ္ျပရမွာရွက္သူတစ္ေယာက္
ပါတဲ႔။တကယ္လုိ႔သင့္ခံစားခ်က္ေတြကုိဖံုးကြယ္ထားမယ္ဆုိရင္ တစ္ေယာက္ေယာက္က သင့္ကုိပုိျပီးေကာင္းေကာင္းသိလာမယ့္အခြင့္အေရး၊သင့္ကုိပုိျပီး
ေလးစားအားက်လာမယ့္အခြင့္အေရးကုိဆံုးရွံဳးလိုက္ရတာပါပဲ။တစ္ခါတစ္ေလကုိယ့္ခံစားခ်က္ေတြကုိ ေဖာ္ျပတာက အခ်စ္ေရးကုိပုိျပီးသာယာေပ်ာ္ရႊင္ေစပါတယ္။

ကဲ ဘယ္လိုလဲ ကြ်န္ေတာ္ေျပာျပတာေတြနဲ႔ တုိက္ဆုိင္ရဲ႔လား?

Ref:Brightside

Unicode

လေ့လာချက်တွေအရ စမတ်ဖုန်းကိုင်တဲ့ပုံစံကနေ သင်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်။သင့်အကြောင်းကဘယ်လိုဘယ်ဝါဖြစ်တယ်ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုခန့်မှန်းနိုင်ပါသတဲ့။ခန့်မှန်းချက်အဖြေဖြစ်တဲ့အတွက် တူညီတာတွေရှိနိုင်သလို မတူညီနိုင်တာတွေလည်းရှိနိုင်ပါတယ်။ဒါပေမဲ့ ဒီလိုမျိုးတွေလိုက်ဖတ်ရတာ
စိတ်ဝင်စားဖို့တော့ကောင်းတယ်မဟုတ်လား။ဒါကြောင့် ကိုယ်ဖုန်းကိုင်တဲ့ပုံစံလေးနဲ့ ကိုယ့်အကြောင်းတိုက်ဆိုင်ရဲ့လား ဖတ်ကြည့်လိုက်ပါဦး

*ဖုန်းကိုလက်တစ်ဖက်တည်းကိုင်တယ်

တကယ်လို့သင်ဟာ ဖုန်းကို အမြဲလက်တစ်ဖက်တည်းကိုင်ပြီး စာရိုက်တယ်၊ပိုစ့်တွေကြည့်တယ်။ဂဏန်းတွေနှိပ်တယ်ဆိုရင် သင်ဟာ ကိုယ့်ကိုယ့်ကိုယ်
ယုံကြည်မှုပြင်းထန်တဲ့သူမျိုးဖြစ်တယ်လို့ယူဆရပါတယ်။ဒါပေမဲ့ အချစ်ရေးမှာတော့ နည်းနည်းပြောင်းပြန်ပါ။သင်က အချစ်ရေးတစ်ခုကိုမစခင်
သင့်ဘဝမှာ ဒီလူကို တကယ်လိုအပ်ရဲ့လားဆိုတာမျိုး တွေးတောချိန်ဆတတ်သူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လူတွေက သင့်ကိုအထီးကျန်တဲ့သူ
တစ်ယောက်လို့ပဲ မြင်နေတတ်ပါတယ်။

*လက်တစ်ဖက်က ဖုန်းကိုင်ထားပြီး တစ်ခြားလက်တစ်ဖက်က လက်မနဲ့ စကရင်မ်ကို အသုံးပြုတယ်

ဒီလိုပုံစံနဲ့ဖုန်းကိုင်ထားတယ်ဆိုရင်တော့ ဒါက သင့်ရဲ့ဉာဏ်ကောင်းမှုကိုဖော်ပြနေပါတယ်။သင်က ဉာဏ်ကောင်းတယ်။အကျိုးအကြောင်း
စဉ်းစားဆင်ခြင်တတ်တဲ့သူတစ်ယောက်ပါ။ကိစ္စတစ်ခုကိုမလုပ်ခင် စမ်းသပ်လုပ်ဆောင်လေ့ရှိပြီး အမြဲတမ်းစဉ်းစားတွေးတောနေတဲ့အတွက် သင်ဟာ အလိမ်
ခံရဖို့ မလွယ်ကူတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ အချစ်ရေးမှာတော့ နည်းနည်းမစွံပါဘူး။အချစ်ရေးနဲ့ပတ်သက်လာရင်သင်ကဆုံးဖြတ်ချက်မြန်သလို
မလိုအပ်တဲ့အတွေးတွေလည်းစဉ်းစားမိသူတစ်ယောက်ပါ။ဒါက သင့်အချစ်ရေးကို အနည်းငယ်အခက်အခဲဖြစ်စေပါတယ်။

*လက်နှစ်ဖက်လုံးနဲ့ဖုန်းသုံးတယ်

ဖုန်းကိုလက်နှစ်ဖက်လုံးနဲ့ကိုင်တယ်။လက်နှစ်ဖက်လုံး က ဖုန်းပေါ်မှာပြေးလွှားလှုပ်ရှားနေတတ်တယ်ဆိုရင် ဒါက သင်ဟာ လျင်မြန်ဖျတ်လတ်တယ်။
ဘာမဆို အခုချက်ချင်းဆုံးဖြတ်ချက်ချရမှကြိုက်တဲ့သူတစ်ယောက်လို့ဖော်ပြနေပါတယ်။ဘယ်လိုပတ်ဝန်းကျင်နဲ့မဆို လိုက်လျောညီထွေနေတတ်ပြီး
အခြေအနေအသစ်တွေကြုံလာရင်လည်း အကျိုးရှိရှိပြုမူဆောင်ရွက်တတ်တယ်။ဒါပေမဲ့ သင်က ဘယ်အရာမဆို ချက်ကျလက်ကျနဲ့ ပြောတတ်တဲ့အတွက်ကြောင့်တစ်ခါတစ်လေဆို သင့်ရဲ့လက်တွဲဖော်နဲ့တောင် အဆင်မပြေဖြစ်တတ်ပါတယ်။အချစ်ရေးမှာတော့ အနည်းငယ်အလျော့အတင်းလေးတွေရှိသင့်ပါတယ်နော်။

*လက်တစ်ဖက်ကဖုန်းကိုင်ပြီး ကျန်လက်တစ်ဖက်က လက်ညိုးကိုသုံးတယ်

ဒီလိုဖုန်းကိုင်တဲ့ပုံစံဆိုရင်တော့ သင်က တီထွင်ဖန်တီးဉာဏ်၊ဖြတ်ထိုးဉာဏ်ကောင်းတယ်လို့ဖော်ပြနေတာပါ။သင်က ကိုယ့်အတွေးနဲ့ကိုယ်
တစ်ယောက်တည်းနေရတာကြိုက်ပြီး အားလုံးအံ့သြရတဲ့အရာတစ်ခုကို ဖန်တီးချပြချင်သူတစ်ယောက်လည်းဖြစ်ပါတယ်။အထူးသဖြင့် ပန်းချီဆွဲတာ၊စာအုပ်
ဖတ်တာစတဲ့အနုပညာအလုပ်တွေမှာ သင်က ပိုပြီးအောင်မြင်မှုရလေ့ရှိသူဖြစ်ပါတယ်။အချစ်ရေးမှာတော့ သင်က ခံစားချက်ကို ဖော်ပြရမှာရှက်သူတစ်ယောက်
ပါတဲ့။တကယ်လို့သင့်ခံစားချက်တွေကိုဖုံးကွယ်ထားမယ်ဆိုရင် တစ်ယောက်ယောက်က သင့်ကိုပိုပြီးကောင်းကောင်းသိလာမယ့်အခွင့်အရေး၊သင့်ကိုပိုပြီး
လေးစားအားကျလာမယ့်အခွင့်အရေးကိုဆုံးရှုံးလိုက်ရတာပါပဲ။တစ်ခါတစ်လေကိုယ့်ခံစားချက်တွေကို ဖော်ပြတာက အချစ်ရေးကိုပိုပြီးသာယာပျော်ရွှင်စေပါတယ်။

ကဲ ဘယ်လိုလဲ ကျွန်တော်ပြောပြတာတွေနဲ့ တိုက်ဆိုင်ရဲ့လား?

Ref:Brightside

179 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.