အဆီပြန်တဲ့အသားအရည်ကို ဘယ်လိုကိုင်တွယ်ကြမလဲ?
*ချေးချွတ်သန့်စင်ပါ
*လေ့ကျင့်ခန်းလုပ်ပါ
Ref:Lifehack
Unicode
ကိုယ့်အသားအရည်က ခြောက်သွေ့တဲ့အသားအရည်လား၊ပေါင်းစပ်အသားအရည်လား၊အဆီပြန်တဲ့အသားအရည်လားဆိုတာတော့ သိကြမယ်ထင်ပါတယ်နော်။ဒီတစ်ခါတော့ Trend ပျိုမေတို့အတွက် အဆီပြန်တဲ့အသားအရည်ကိုဂရုတစိုက်ကိုင်တွယ်ပုံလေး ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။အဆီပြန်တဲ့အသားအရည်ကိုပိုင်ဆိုင်ထားတဲ့အခါ ဝက်ခြံတွေလည်းဖြစ်လွယ်သလို မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အဆင်မပြေပြန်ပါဘူး။ဒါကြောင့် ဒီအဆီပြန်တဲ့မျက်နှာကို
ဘယ်လိုထိန်းသိမ်းကိုင်တွယ်ရမလဲဆိုရင်…
*တစ်နေ့ကို နှစ်ကြိမ်မျက်နှာသစ်ပါ
အဆီပြန်တဲ့အသားအရည်ပိုင်ရှင်တွေဟာ ကြက်သီးနွေးရေလေးနဲ့ မနက်တစ်ခါ၊ညအိပ်ရာမဝင်ခင်တစ်ခါ သစ်ပေးရပါမယ်။ညဘက် မျက်နှာသစ်ရမှာ
ပျင်းနေလို့မရပါဘူး။ဒီလို တစ်နေ့နှစ်ခါပုံမှန်သစ်ပေးတဲ့အခါ ပိုလျှံနေတဲ့အဆီတွေကိုဖယ်ရှားပေးနိုင်ပါလိမ့်မယ်။
*အဆီများတဲ့အစားအစာတွေလျှော့ပါ
အသီးအရွက်၊အသီးအနှံနဲ့ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေများများစားပါ။ဆီကြော်စာတွေ၊အသင့်စားအစားအစာတွေ၊မုန့်အချို၊သကြားစတဲ့အစား
အစာတွေကိုရှောင်ပါ။သံပုရာရည်မကြာခဏသောက်ပေးတာ၊ကီဝီသီးစားပေးတာမျိုးကလည်း ဝက်ခြံထွက်တာလျော့နည်းစေပြီး အသားအရည်ကိုညီမျှစေပါတယ်။
*ချေးချွတ်သန့်စင်ပါ
အဆီပြန်တဲ့အသားအရည်ပိုင်ရှင်တွေဟာ မျက်နှာအရေပြားကိုလည်းမကြာခဏချေးချွတ်သန့်စင်ပေးဖို့လိုအပ်ပါတယ်။မျက်နှာအပေါ်ယံအလွှာက
အဆီတွေ၊ပိတ်ဆို့နေတဲ့ချွေးပေါက်တွေ၊ဆဲလ်သေတွေကို ဖယ်ရှားဖု့ိ တစ်ပတ်ကိုတစ်ခါ ချေးချွတ်ပေးသင့်ပါတယ်။အထူးသဖြင့် သဘာဝအသီးအနှံတွေနဲ့
ပေါင်းတင်ချေးချွတ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။
*လေ့ကျင့်ခန်းလုပ်ပါ
နေ့တိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာဟာ သွေးလည်ပတ်မှုကို မြန်ဆန်စေပြီး အသားအရည်ဆဲလ်တွေပုံမှန်ဖြစ်စေဖို့ကူညီပေးနိုင်ပါတယ်။
ချွေးများများထွက်လေ ပိတ်ဆို့နေတဲ့ချွေးပေါက်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးလေပါပဲ။တစ်နေ့ကို ရေဖန်ခွက် ၅ခွက်၊၆ခွက်သောက်ပေးတာကလည်းခန္ဓာကိုယ်ထဲကအဆိပ်တွေဖယ်ရှားပေးလို့ မျက်နှာအဆီပြန်တာလျော့နည်းသွားပါလိမ့်မယ်။
*စိတ်ကိုကြည်ကြည်လင်လင်ထားပါ
တစ်ချို့က မျက်နှာမှာဝက်ခြံတွေထွက်လွန်းလို့ ကိုယ့်မျက်နှာကိုယ်တောင်မလိုချင်တော့တဲ့အခိုက်အတန့််တွေရှိတတ်ပါတယ်။အဲ့ဒီလိုမဖြစ်ပါနဲ့။စိတ်ကိုကြည်ကြည်လင်လင်ထားပါ။ဝက်ခြံတွေက ပျောက်ကိုမပျောက်နိုင်ဘူးဆိုတဲ့စိတ်ဖိစီးမှုတွေများလေ ကိုယ့်အလှပျက်လေပါပဲ။ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကို ချစ်ကြည့်ပါ။ဘယ်လိုဖြစ်ဖြစ် ကိုယ့်ကိုယ့်ကိုယ်ချစ်တတ်ဖို့ကြိုးစားပါ။
Ref:Lifehack
27 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.