Jo In Sung ကို သဘောကျတယ်လို့ရှက်စနိုးနဲ့ဖွင့်ဟလာတဲ့ မင်းသမီးချော Go Ara
Source:Soompi
Unicode
တောင်ကိုရီးယားမင်းသားချော Jo In Sung ဟာ မိန်းကလေးပရိသတ်တွေရဲ့အသည်းနှလုံးဖြစ်တဲ့အပြင် အနုပညာရှင်မင်းသမီးတစ်ချို့ကပါသဘောကျနှစ်သက်ရတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။သူ့ကိုသဘောကျတဲ့အနုပညာရှင်တွေထဲမှာ မင်းသမီးချော Go Ara ကလည်း တစ်ယောက်အပါအဝင်ဖြစ်နေပါတယ်။
ဖေဖော်ဝါရီလအစပိုင်းတုန်းက “Haechi”ဇာတ်လမ်းတွဲအဖွဲ့သားတွေဟာ “Running Man” ရသစုံရှိုးအစီအစဉ်မှာ ဧည့်သည်တွေအဖြစ်ပါဝင်ခဲ့တယ်လို့သိရပါတယ်။”Haechi”ဇာတ်လမ်းတွဲဟာ မင်းသား Jung II Woo စစ်မှုထမ်းဆောင်ရာကနေပြန်လာပြီးမှရိုက်ကူးတဲ့ပထမဆုံးဇာတ်လမ်းတွဲဖြစ်သလို အဲ့ဒီဇာတ်လမ်းတွဲမှာမင်းသမီး Go Ara နဲ့တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။
“Running Man” မှာပါဝင်ကစားပြီးတဲ့နောက် Go Ara ကို ဘယ်လိုဇာတ်လမ်းတွဲအမျိုးအစားမှာပိုပြီးသရုပ်ဆောင်ချင်လဲမေးကြည့်တဲ့အခါမှာ Go Ara က “ပရိသတ်တွေကိုစိတ်ခံစားချက်ပြင်းပြင်းပေးစွမ်းနိုင်တဲ့ melodrama ဇာတ်လမ်းမျိုးကို
ကျွန်မပိုပြီးရိုက်ချင်ပါတယ်။အရင်တုန်းက အဲ့လိုမျိုးတစ်ခါမှမရိုက်ခဲ့ဖူးပါဘူး။ပြီးတော့ ကျွန်မက မင်းသား Jo In Sung ရဲ့ပရိသတ်တစ်ယောက်ပါ။တကယ်လို့အဲ့ဒီလိုဇာတ်လမ်းမျိုးရိုက်ဖြစ်ခဲ့ရင် ကျွန်မက Jo In Sung နဲ့တွဲဖက်ရိုက်ကူးချင်ပါတယ်”လို့ရှက်ရွံ့ဟန်လေးနဲ့ ဖြေခဲ့တယ်လို့သိရပါတယ်။
အဲ့ဒါနဲ့ Yoo Jae Suk က Jung II Woo တစ်ယောက်စိတ်ပျက်သွားတော့မှာပဲလု့ိ စနောက်ခဲ့ပါသေးတယ်။ပြီးတော့ Go Ara ကို Jung II Woo နဲ့ပတ်သက်လို့စကားလုံးသုံးလုံးနဲ့ဖော်ပြခိုင်းတဲ့အခါမှာ Go Ara က “He is cool” ဆိုပြီး ပြောခဲ့ပါတယ်။Jung II Woo က မိုက်ပါတယ်ပေါ့။Jo In Sung ကရောဘယ်လိုလဲမေးလိုက်တဲ့အခါမှာတော့ Go Ara က “I love you” ဆိုပြီးဖြေခဲ့ပါတယ်။ဘယ်လိုတောင် Jo In Sung ကို သဘောကျနေတာလဲ 💗
ံမင်းသား Jung II Woo နဲ့ Go Ara တို့ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းတွင်းဇာတ်လမ်းတွဲ “Haechi” ဟာ ဖေဖော်ဝါရီ ၁၁ရက်နေ့ကစလို့ ပြသနေပြီဖြစ်ပါတယ်။Jung II Woo ရဲ့comeback ဇာတ်လမ်းတွဲဖြစ်လို့ပရိသတ်ကြီးအားပေးဖို့မမေ့နဲ့နော်
Source:Soompi
61 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.