ဝိတ်ချဖို့ပျင်းတယ်ဆိုတဲ့သူလေးတွေတောင် ၀ိတ်ကျသွားစေနိုင်မယ့် နည်းလေးတွေ…

နောက်နေ့ကစပြီး ၀ိတ်ချတော့မယ်ဆိုတဲ့အစီအစဉ်ဟာ ကိုယ်တို့ဘ၀မှာ အမြဲလိုလိုတွေးမိတတ်ကြတဲ့အတွေးတစ်ခုပါ။ဒီအတွေးတွေကို
လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်မယ်ဆိုတော့လည်း ပျင်းရိစိတ်က အနိုင်ယူသွားပြန်ရော။အဲ့ဒီလို ၀ိတ်ချဖို့အတွက်ပျင်းနေသူလေးတွေတောင်
ဝိတ်ကျအောင်ကူညီပေးနိုင်တဲ့ နည်းလမ်းလေးတွေရှိနေပါတယ်တဲ့။ဘယ်လိုလဲ? လိုက်လုပ်ကြမယ်မဟုတ်လား?

*အနံ့ကိုသုံးပါ

ဗိုက်မဆာပဲ စားချင်တဲ့အချိန်အခိုက်အတန့်မျိုးမှာ ငှက်ပျောသီး၊ပန်းသီး၊စပျစ်သီးစတဲ့ အသီးတွေရဲ့ အနံ့ကိုရှုလိုက်ပါ။ဒါက ဗိုက်မဆာပဲ
ဖြစ်နေတဲ့စားချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။မဆာပဲနဲ့ စိတ်အလိုကိုလိုက်မယ်ဆိုရင် အဆီပိုတွေပဲရလာမှာပါနော်။ဒါကြောင့် အနံ့လေးနဲ့
စားချင်စိတ်ကို ဖြည်းဖြည်းချင်းလျှော့ချသွားပါ

*ဗီတာမင်ဒီ
ဗီတာမင်ဒီဟာ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကို မြန်ဆန်စေလို့ ၀ိတ်ကျစေပါတယ်။နေရောင်ခြည်အတန်အသင့်ခံယူတာမျိုး၊ငါး၊ထောပတ်၊ဥအမျိုးမျိုးစားပေးတာမျိုးနဲ့
ဗီတာမင်ဒီဓာတ်ကြွယ်ဝအောင်လုပ်နိုင်ပါတယ်။

*အပြာရင့်ရောင် ပန်းကန်လေးတွေဆောင်ထားပါ

အရောင်ပါတဲ့ပန်းကန်လေးတွေက စားချင်စိတ်ကိုလျော့နည်းစေတယ်လို့သိရပါတယ်။အထူးသဖြင့်အပြာရောင်ပန်းကန်ပြားဟာ သင်ထပ်ပြီးစားချင်နေတဲ့
စိတ်ကို ဖြေဖျောက်ပေးနိုင်ပါတယ်။ဒါပေမဲ့ လိမ္မော်ရောင်နဲ့အ၀ါရောင်ပန်းကန်တွေတော့မ၀ယ်ပါနဲ့။အဲ့ဒီအရောင်တွေက အစားစားချင်စိတ်ကို
တိုးလာစေတယ်လို့သိရပါတယ်။ဒါကြောင့် အပြာရောင်ပန်းကန်လေးတွေဆောင်ထားသင့်ပါတယ်။

*မစားလည်းဖြစ်တဲ့ အစားအစာတွေကိုရှောင်ပါ


ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ကိုယ်အကြိုက်ဆုံးအစားအစာဘက်မှာနေမယ်ဆိုတဲ့သူတွေကတော့ ကိုယ်အရမ်းစားချင်နေတဲ့အစားအစာက
အအီအဆိမ့်ဆိုရင် ဖြည်းဖြည်းချင်းလျှော့စားပါ။ဝိတ်ချတယ်ဆိုတာ ဒီလိုအသင့်စားအမြန်စား အစားအစာတွေကနေ အရင်စလျှော့ရမှာပါပဲ။တွေးကြည့်ပါ။
ဘယ်အစားအစာကိုမစားရရင် နေနိုင်လဲဆိုတာ။မစားပဲနေလို့ရတဲ့ အစားအစာတွေကို လုံးဝရှောင်လိုက်ပါ။ကိုယ်မစားရရင်မဖြစ်ဘူးဆိုတဲ့ အချိုအဆိမ့်တွေကို
တော့လျှော့စားပါ။

*မျက်လုံးကိုလှည့်စားပါ
ဝိတ်ချဖို့အတွက် အသက်သာဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့ ကိုယ့်မျက်လုံးကိုလှည့်စားတာပါပဲ။ပုံမှန်ထည့်နေကျထမင်းကိုပဲ
ပန်းကန်လုံးသေးသေးလေးထဲမှာထည့်လိုက်ရင် အရမ်းများသွားပြီလို့ထင်မိလိုက်တာမျိုးပေါ့။အဲ့ဒါဆိုရင် နောက်တစ်ပန်းကန်ထပ်စားဖို့ တွေးမိတာ
လျော့သွားပါလိမ့်မယ်။နောက်ပိုင်း နည်းနည်းချင်းစီလျှော့ချသွားပါ။

*လမ်းလျှောက်ပါ
လမ်းလျှောက်သွားလို့ဖြစ်တဲ့နေရာမှာ ကားမစီးပါနဲ့။အပန်းမကြီးရင် လမ်းပဲလျှောက်သွားလိုက်ပါ။ဒီလိုသေးသေးမွှားမွှားလေးတွေကအစ အရင်ပြောင်းလဲ
မှ ၀ိတ်ကျဖို့အတွက် အထောက်အကူဖြစ်မှာပါ။

*ဘာစားစား ပူစပ်တာထည့်စားပါ
ငရုတ်သီးအနီအစိမ်း၊ဂျင်းစတဲ့ ပူစပ်တဲ့အစားအစာတွေက ဇီဝဖြစ်စဉ်ကိုမြန်ဆန်စေပြီး ကယ်လိုရီပိုမိုလောင်ကျွမ်းစေပါတယ်။သစ်ကြံ့ပိုးခေါက်က
သွေးတွင်းသကြားဓာတ်ကိုလျော့နည်းစေပြီး ဂျင်းက အသားအရည်နဲ့ အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။နနွင်းမှုကလည်း အစာခြေစနစ်အတွက်
ကောင်းမွန်စေတဲ့အတွက်ဟင်းချက်စားတဲ့အခါတိုင်း အမြဲပါအောင်ထည့်ချက် ၊ထည့်စားပေးပါ။

*ပင်ပန်းတယ်လို့မခံစားရတဲ့လှုပ်ရှားမှုလေးတွေလုပ်ပါ

ရိုးရှင်းတဲ့နည်းလမ်းလေးပါ။တီဗီကြည့်နေရင်း ထိုင်နေမယ့်အတူတူ ထိုင်ထလုပ်လိုက်တာမျိုး၊အိပ်ထမတင်လုပ်လိုက်တာမျိုး၊တစ်ချိန်လုံးထိုင်နေမယ့်အစား
ကြော်ငြာလာချိန် တစ်ခုခုထလုပ်လိုက်တာမျိုး၊ထမင်းစားပြီးချိန်အပြင်ခဏလမ်းလျှောက်လိုက်တာမျိုးလုပ်ကြည့်ပါ။နေ့ခင်းထမင်းစားပြီး တန်းမထိုင်ပါနဲ့။ညဘက်
ထမင်းစားပြီးတန်း မအိပ်ပါနဲ့။၁၀မိနစ်လောက်လမ်းလျှောက်တာမျိုးလုပ်ကြည့်ပါ။

ဒီအချက်လေးတွေက ကိုယ့်အတွက်လည်း ဘာမှမသိသာသလို ၀ိတ်လည်းဖြည်းဖြည်းချင်းကျလာစေမယ့် နည်းလမ်းလေးတွေပါပဲ။ဒါလေးတွေကို
သေချာလိုက်လုပ်မယ်ဆိုရင် ရလဒ်ကောင်းကို သင်မြင်တွေ့ရမှာအမှန်ပဲနော်

173 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.