ပိႏၵဲသီးအေစ့က သင့္အတြက္ဘယ္လုိေကာင္းက်ိဳးေတြယူေဆာင္လာေပးႏုိင္လဲ?

ပိႏၵဲသီးကုိ လူအမ်ားစုက ႏွစ္သက္စြာစားသံုးၾကသလို ပိႏၵဲသီးေစ့ကုိလည္း ၾကိဳက္ၾကပါေသးတယ္။ပိႏၵဲသီးေစ့ကုိ မီးဖုတ္ျပီးစားတတ္ၾကသလို
ျပဳတ္ျပီးေတာ့လည္း စားၾကပါတယ္။ကုိုယ္ေတြကေတာ့ ပိႏၵဲသီးေရာ ပိႏၵဲသီးေစ့ကုိေရာ ဒီအတုိင္းအရသာၾကိဳက္လို႔စားလိုက္တာဆုိေပမဲ႔ ပိႏၵဲသီးေစ့မွာ
ဒီလုိ အံ့အားသင့္စရာေကာင္းက်ိဳးေတြရွိေနတယ္ဆုိတာ သိခဲ႔ရပါတယ္။

*ေသြးအားနည္းျခင္းကုိ ကာကြယ္ေပးတယ္
ပိႏၵဲသီးေစ့မွာ သံဓာတ္ၾကြယ္၀တဲ႔အတြက္ ေသြးအားနည္းတတ္သူေတြ စားေပးသင့္ပါတယ္။ဒါ့အျပင္ ပိႏၵဲသီးေစ့စားေပးတာဟာ ခႏၶာကုိယ္အတြင္းစနစ္
ေကာင္းမြန္ေအာင္ကူညီေပးႏုိင္တဲ႔ေသြးနီဥဆဲလ္ေတြထုတ္လုပ္မႈကုိ တုိးတက္ေကာင္းမြန္ေစတယ္လုိ႔သိရပါတယ္။

*အစာေျခစနစ္ကုိ ေကာင္းမြန္ေစတယ္
ေဆးပညာရွင္တစ္ခ်ိဳ႔ရဲ႔ အဆုိအရ ပိႏၵဲသီးေစ့ဟာ အစာေျခစနစ္ကုိ အေထာက္အကူျပဳတဲ႔ အမ်ွင္ဓာတ္ၾကြယ္၀တာေၾကာင့္
၀မ္းခ်ဳပ္တာနဲ႔တစ္ျခားအစာေျခစနစ္ပုိင္းဆုိင္ရာ ျပႆနာေတြကုိ ကုသေပးႏုိင္တယ္လုိ႔သိရပါတယ္။

*ေသြးေၾကာထံုးျခင္းမျဖစ္ေအာင္ ကာကြယ္ေပးတယ္
ေလ့လာခ်က္ေတြအရ ပိႏၵဲသီးအေစ့ဟာ ေသြးေၾကာထံုးျခင္းမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ျပီး ပံုမွန္အတုိင္းေသြးလည္ပတ္စီးဆင္းႏုိင္ေအာင္
ကူညီေပးႏုိင္ေၾကာင္းသိရပါတယ္။

*အျမင္အာရံုေကာင္းမြန္ေစ
ပိႏၵဲသီးေစ့မွာ အျမင္အာရံုတုိးတက္ေကာင္းမြန္ေစတဲ႔ ဗီတာမင္ေအ ပါ၀င္ေနပါတယ္။မ်က္စိအျမင္အာရံုေကာင္းမြန္ေစသလုိ မ်က္စိအတြင္းတိမ္ျဖစ္ျခင္းကုိလည္း ကာကြယ္ေပးႏုိင္ေၾကာင္းေလ့လာေတြ႔ရွိရပါတယ္။

*အေရးအေၾကာင္းမျဖစ္ေအာင္ကာကြယ္ေပးႏုိင္
သူမ်ားေတြအေရးအေၾကာင္းျဖစ္ေနခ်ိန္ ကုိယ့္မွာ ႏုပ်ိဳလွပေနေစဖုိ႔ ပိႏၵဲသီးေစ့က ကူညီေပးႏုိင္ပါတယ္။ပိႏၵဲသီးေစ့မွာ အေရးအေၾကာင္းျဖစ္ျခင္းကုိ
တုိက္ထုတ္ေပးႏုိင္တဲ႔ antioxidant ေတြပါ၀င္ေနပါတယ္။ပိႏၵဲသီးေစ့တစ္ေစ့ကုိၾကိတ္ေခ်ျပီး ႏြားနုိ႔နဲ႔ေရာစပ္ကာ ခပ္ပ်စ္ပ်စ္ေလးရေအာင္လုပ္ပါ။ျပီးရင္ အဲ႔
ဒီအႏွစ္ကုိ မ်က္ႏွာမွာ တစ္ေန႔ကို တစ္ၾကိမ္ျဖစ္ေစ ႏွစ္ၾကိမ္ျဖစ္ေစ လိမ္းေပးႏုိင္ပါတယ္။

*အသားအရည္ေတာက္ပၾကည္လင္ေစ
ပိႏၵဲသီးေစ့၊ႏြားႏို႔၊ပ်ားရည္တုိ႔ကုိ အနညး္ငယ္ေရာစပ္လို႔ ခပ္ပ်စ္ပ်စ္အႏွစ္ေလးရေအာင္လုပ္ပါ။ရလာတဲ႔အႏွစ္ကုိ မ်က္ႏွာမွာလိမ္းေပးျပီး ေျခာက္ေသြ႔တဲ႔
အထိထားပါ။ေျခာက္လာရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ေဆးေၾကာသန္႔စင္ေပးပါ။ဒါက သင့္ရဲ ႔အသားအရည္ကုိ သဘာ၀အတုိင္းေတာက္ပၾကည္လင္လာ
ေစပါတယ္။

*ဆံသားေကာင္းမြန္ေစ
ပိႏၵဲသီးေစ့မွာပါ၀င္ေနတဲ႔သံဓာတ္ဟာ ဦးေရျပားကေသြးလည္ပတ္မႈကုိေကာင္းမြန္ေစပါတယ္။ပရုိတင္းနဲ႔တစ္ျခားေကာင္းမြန္တဲ႔ဓာတ္ေတြပါ၀င္လို႔
စိတ္ဖိစီးမႈကိုလည္းေလ်ွာ့ခ်ေပးႏုိင္ပါတယ္။ဆံပင္ကြ်တ္တာကုိလည္းသက္သာေစျပီး အားနည္းေနတဲ႔ဆံသားေတြကုိ ပုိမုိေကာင္းမြန္လာေအာင္
ပိႏၵဲသီးေစ့က ကူညီေပးႏုိင္ပါတယ္။

ဒါေၾကာင့္ ပိႏၵဲသီးစားျပီးရင္ အေစ့ကုိလည္းမလႊင့္ပစ္ပဲ ျပဳတ္စားတာျဖစ္ျဖစ္၊မီးဖုတ္စားတာျဖစ္ျဖစ္ လုပ္စားဖို႔မေမ့နဲ႔ေနာ္

Ref:stylecraze

Unicode

ပိန္ဒဲသီးကို လူအများစုက နှစ်သက်စွာစားသုံးကြသလို ပိန္ဒဲသီးစေ့ကိုလည်း ကြိုက်ကြပါသေးတယ်။ပိန္ဒဲသီးစေ့ကို မီးဖုတ်ပြီးစားတတ်ကြသလို
ပြုတ်ပြီးတော့လည်း စားကြပါတယ်။ကိုယ်တွေကတော့ ပိန္ဒဲသီးရော ပိန္ဒဲသီးစေ့ကိုရော ဒီအတိုင်းအရသာကြိုက်လို့စားလိုက်တာဆိုပေမဲ့ ပိန္ဒဲသီးစေ့မှာ
ဒီလို အံ့အားသင့်စရာကောင်းကျိုးတွေရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်။

*သွေးအားနည်းခြင်းကို ကာကွယ်ပေးတယ်
ပိန္ဒဲသီးစေ့မှာ သံဓာတ်ကြွယ်ဝတဲ့အတွက် သွေးအားနည်းတတ်သူတွေ စားပေးသင့်ပါတယ်။ဒါ့အပြင် ပိန္ဒဲသီးစေ့စားပေးတာဟာ ခန္ဓာကိုယ်အတွင်းစနစ်
ကောင်းမွန်အောင်ကူညီပေးနိုင်တဲ့သွေးနီဥဆဲလ်တွေထုတ်လုပ်မှုကို တိုးတက်ကောင်းမွန်စေတယ်လို့သိရပါတယ်။

*အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ဆေးပညာရှင်တစ်ချို့ရဲ့ အဆိုအရ ပိန္ဒဲသီးစေ့ဟာ အစာခြေစနစ်ကို အထောက်အကူပြုတဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့်
ဝမ်းချုပ်တာနဲ့တစ်ခြားအစာခြေစနစ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်တယ်လို့သိရပါတယ်။

*သွေးကြောထုံးခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်
လေ့လာချက်တွေအရ ပိန္ဒဲသီးအစေ့ဟာ သွေးကြောထုံးခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ပုံမှန်အတိုင်းသွေးလည်ပတ်စီးဆင်းနိုင်အောင်
ကူညီပေးနိုင်ကြောင်းသိရပါတယ်။

*အမြင်အာရုံကောင်းမွန်စေ
ပိန္ဒဲသီးစေ့မှာ အမြင်အာရုံတိုးတက်ကောင်းမွန်စေတဲ့ ဗီတာမင်အေ ပါဝင်နေပါတယ်။မျက်စိအမြင်အာရုံကောင်းမွန်စေသလို မျက်စိအတွင်းတိမ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ကြောင်းလေ့လာတွေ့ရှိရပါတယ်။

*အရေးအကြောင်းမဖြစ်အောင်ကာကွယ်ပေးနိုင်
သူများတွေအရေးအကြောင်းဖြစ်နေချိန် ကိုယ့်မှာ နုပျိုလှပနေစေဖို့ ပိန္ဒဲသီးစေ့က ကူညီပေးနိုင်ပါတယ်။ပိန္ဒဲသီးစေ့မှာ အရေးအကြောင်းဖြစ်ခြင်းကို
တိုက်ထုတ်ပေးနိုင်တဲ့ antioxidant တွေပါဝင်နေပါတယ်။ပိန္ဒဲသီးစေ့တစ်စေ့ကိုကြိတ်ချေပြီး နွားနို့နဲ့ရောစပ်ကာ ခပ်ပျစ်ပျစ်လေးရအောင်လုပ်ပါ။ပြီးရင် အဲ့
ဒီအနှစ်ကို မျက်နှာမှာ တစ်နေ့ကို တစ်ကြိမ်ဖြစ်စေ နှစ်ကြိမ်ဖြစ်စေ လိမ်းပေးနိုင်ပါတယ်။

*အသားအရည်တောက်ပကြည်လင်စေ
ပိန္ဒဲသီးစေ့၊နွားနို့၊ပျားရည်တို့ကို အနည်းငယ်ရောစပ်လို့ ခပ်ပျစ်ပျစ်အနှစ်လေးရအောင်လုပ်ပါ။ရလာတဲ့အနှစ်ကို မျက်နှာမှာလိမ်းပေးပြီး ခြောက်သွေ့တဲ့
အထိထားပါ။ခြောက်လာရင်တော့ ရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်ပေးပါ။ဒါက သင့်ရဲ့အသားအရည်ကို သဘာဝအတိုင်းတောက်ပကြည်လင်လာ
စေပါတယ်။

*ဆံသားကောင်းမွန်စေ
ပိန္ဒဲသီးစေ့မှာပါဝင်နေတဲ့သံဓာတ်ဟာ ဦးရေပြားကသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ပရိုတင်းနဲ့တစ်ခြားကောင်းမွန်တဲ့ဓာတ်တွေပါဝင်လို့
စိတ်ဖိစီးမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။ဆံပင်ကျွတ်တာကိုလည်းသက်သာစေပြီး အားနည်းနေတဲ့ဆံသားတွေကို ပိုမိုကောင်းမွန်လာအောင်
ပိန္ဒဲသီးစေ့က ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် ပိန္ဒဲသီးစားပြီးရင် အစေ့ကိုလည်းမလွှင့်ပစ်ပဲ ပြုတ်စားတာဖြစ်ဖြစ်၊မီးဖုတ်စားတာဖြစ်ဖြစ် လုပ်စားဖို့မမေ့နဲ့နော်

Ref:stylecraze

97 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.