သူငယ်ချင်းမလေးနဲ့ ခရီးသွားခြင်းက ကျန်းမာရေးအတွက် အထောက်ကူဖြစ်စေ

ကဲ.. ကိုယ်ချစ်ရတဲ့ သူငယ်ချင်းမလေးတစ်ယောက်ကို ခေါ်ပြီး အခုပဲ စိတ်ပြေလက်ပျောက်ခရီးတစ်ခု
ထွက်ဖို့ ပြင်ဆင်လိုက်ပါတော့… ဘာလို့လဲ? သူငယ်ချင်းနဲ့အတူ ခရီးထွက်ခြင်းက သင့်ကို လူရော၊ စိတ်ပါ လန်းဆန်းပျော်ရွှင်စေတယ်လို့ သိပံ္ပပညာရှင်တွေက ပြောပြလိုက်ပါပြီ။

Image result for trip with your girlfriends

ဒါဟာ တကယ်လည်း လက်တွေ့ကျပါတယ်။ တကယ်ကိုယ်ချစ်ရတဲ့သူနဲ့ ခရီးသွားရတာလောက် ပျော်ဖို့ကောင်းတာ ရှိဦးမလား။ နှစ်ယောက်ကြား နားလည်မှုတွေ ၊ ယုံကြည်မှုတွေ ပိုတိုးစေပြီး အမြဲ အမှတ်ရမယ့် အမှတ်တရလေးတွေဖန်တီးရတာ ကြည်နူးစရာတစ်ခုပါပဲ။

Image result for trip with your girlfriends

တချို့ သော သူငယ်ချင်းတွေကြောင့် မင်းဟာ ဘဝမှာ အသက်ရှည်ရှည်တောင် နေထိုင်နိုင်သတဲ့။ သူတို့က နှလုံးရောဂါကိုလျော့ချပေးနိုင်ပြီး ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အဓိက စိတ်ပျော်ရွှင်နေသရွေ့ ကျန်းမာရေးဆိုတာလည်း ကောင်းနေမှာမဟုတ်လား။

ခရီးသွားရင်းနဲ့ သူ့အကြောင်းတွေ ပိုသိမယ်။ အရင်ကမပြောဖြစ်တာတွေ ပြန်ဆွေးနွေးမယ် ။ စိတ်အားငယ်ခဲ့ရတာတွေ အတူတူဖလှယ်ကြမယ်။ ပျော်ရွှင်စရာကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးဟာမင်းရဲ့ကျန်းမာရေးကို ပြီးပြည့်စုံစေတယ်။ ဒီလို သူငယ်ချင်းတွေနဲ့အတူရှိခွင့်ရတာ မင်းကိုစမတ်ကျစေပါတယ်။ ဒါကြောင့် ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ အချိန်ရအောင် ညှိပြီး ခရီးထွက်ကြစို့လား …

24 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.