အားပေးတဲ့အနေနဲ့ Jinyoung ရိုက်ကွင်းထိ လက်ဆောင်တွေပို့ပေးလိုက်တဲ့ Jackson

တောင်ကိုရီးယား အနုပညာရှင်တွေကြားမှာတော့ ဒီလိုတစ်ယောက်နဲ့တစ်ယောက် လက်ဆောင်တွေအပြန်လှန်ပို့ပေးရင်း သူတို့ရဲ့မေတ္တာကိုဖော်ပြကြပါတယ်။ အခုလည်း GOT7 က အဖွဲ့ဝင် Jinyoung အတွက်ဆိုပြီး သူငယ်ချင်း Jackson က လက်ဆောင်တွေပို့ပေးလိုက်ပါတယ်။

Image result for GOT7’s Jinyoung Thanks Jackson For His Present On The Set Of “He Is Psychometric”

Jinyoung က လတ်တလော tvN ရဲ့ဒရာမာဇာတ်ကားသစ်ဖြစ်ပြီး ” He is Psychometric”အတွက် ရိုက်ကူးနေတာပါ။ ရိုက်ကွင်းကို Jacksonက ကော်ဖီကားနဲ့ မုန့်တွေ လက်ဆောင်အဖြစ် ပို့ပေးလိုက်ပါတယ်။

Jingyoung က ” ကျေးဇူးတင်ပါတယ်… Wang Gae(Jackson’s nickname) ရေ ” လို့ အင်စတာဂရမ်မှာ ဓာတ်ပုံလေးနဲ့ တွဲတင်ထားပါတယ်။ Jingyoung ရိုက်နေတဲ့ ဇာတ်ကားသစ်ဟာ သည်းထိတ်ရင်ဖို ဒရာမာအချစ်ဇာတ်လမ်းဖြစ်ပြီး သဘာဝလွန် စွမ်အားတွေနဲ့ ပရိတ်သတ်တွေ ရင်ထဲထိအောင် ဘယ်လိုတွေရိုက်ကူးပုံဖော်သွားမလဲဆိုတာ လာမယ့် မတ်လ ၁၁ရက်နေ့ဆို ကြည့်ရတော့မှာ ဖြစ်ပါတယ်။

38 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.