အနုပညာလောကထဲမှာ ဖြေးဖြေးနဲ့မှန်မှန် လျှောက်လှမ်းနေရင်း ကြိုးစားနေသူ တစ်ယောက်ဖြစ်တဲ့ ကျော်ကျော်နဲ့ တွေ့ဆုံခိုက် အကြောင်းအရာအချို့ကို ဖော်ထုတ်ကြည့်တဲ့အခါ ‘အခုကောင်းကင်ထက် က နှင်းဆီတစ်ပွင့် ဆိုတဲ့ကားကို ကိုယ်ရယ်၊ ကိုဖြိုးငွေစိုးရယ်၊ မင်းသမီးအသစ်လေး သော်သော်ဟံသာ ရယ်ရိုက်နေတယ်။ ဒီကားလေးထဲမှာက မျိုးရိုးက နဲနဲဂုဏ်တွေ၊ ပကာသနတွေ သိပ်ပြီးမက်မောတဲ့ အနေကြီး အခြေကြီး မျိုးရိုးက ပေါက်ဖွားလာတဲ့ သားတစ်ယောက်ပေါ့။ စိတ်ဓာတ်လဲ အရမ်းပြင်းထန်တယ်။ ကိုယ်နဲ့စေ့စပ်ထားတဲ့ မိန်းကလေးကို နောက်တစ်ယောက်က လုသွားတဲ့အတွက် လိုက်ပြီးဂလဲ့စားချေတဲ့ ပုံစံလေးပါ။ မင်းသမီးအသစ်နဲ့ ဆိုတော့သူ့ကိုတော့ သင်ပေးရတာပေါ့။ သူကလဲ ကိုယ်တွေကိုပြန်အားကိုးတာပေါ့နော်။ ကိုယ်တို့မင်းသား၂လက်ကို အားကိုးပြီးရိုက်တယ်။ ဒါကတော့ သိတဲ့အတိုင်း ကိုယ်တို့လောကထဲကို ၀င်လာတဲ့သူတိုင်း နွေးထွေးစွာ ကူညီရမယ်။ လက်တွဲကြိုဆိုရမယ်ဆိုတဲ့အတိုင်း အိုက်တင်ပိုင်းရော၊ လူမှုဆက်ဆံရေးပိုင်းရော အလျဉ်းသင့်ရင် သင့်သလို သင်ပေးရပါတယ်’လို့ သူက ပြောပါတယ်။ ဇာတ်ကားတွေရွေးချယ်ရိုက်ကူးမှုနဲ့ပတ်သတ်ပြီးတော့လဲ သူက ‘အခုနောက်ပိုင်းတော့ တည်တည်ငြိမ်ငြိမ်နဲ့ လေးလေးနက်နက်ဖြစ်မယ့် ဟာမျိုးတွေကို ရွေးပြီးရိုက်ဖြစ်တယ်။ ပေါတောတော ငပေါပုံစံတွေတော့ မရွေးချယ်တော့ဘူး။ ရှေ့ဆက်ပြီး ပြောင်းလဲရမယ့် တာဝန်တွေရှိတယ် ဆိုတော့လေ။ ရှေ့မှာတုန်းကတော့ ပရိသတ်တွေက ဟာသနဲ့လိုက်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အရင်ကရိုက်ခဲ့တဲ့ဟာသက ညီမတို့သိတဲ့အတိုင်း ခပ်ပေါပေါပုံစံတွေနဲ့ ခပ်ပေါပေါဇာတ်တွေကို ရိုက်ကြတာများတယ်။ အခုနောက်ပိုင်းမှာ ဟာသကားရိုက်မယ်ဆိုလဲ ခပ်ပေါပေါ မဟုတ်ဘဲနဲ့လေးလေးနက်နက်ရှိတဲ့ဟာသတွေပဲ ရိုက်ဖြစ်တော့မယ်။ အဲလိုမျိုးဖြစ်အောင်လဲ ကြိုးစားနေပါတယ်’တဲ့။
အရင်တုန်းက ရိုက်ခဲ့တဲ့ ပေါတောတော ဇာတ်ရုပ်တွေ မရိုက်တော့ဘူးလို့ ဆိုလိုက်တဲ့ ကျော်ကျော်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။