နှလုံးသားနဲ့ ဦးနှောက်လွန်ဆွဲတဲ့အခါ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့လို

 

နှလုံးသားနဲ့ ဦးနှောက်လွန်ဆွဲရတဲ့ ပြဿနာကို လူတိုင်းကြုံဖူးကြမှာပါ။ အချစ်ရေးမှာပဲဖြစ်ဖြစ် ၊ ဘယ်လိုကိစ္စမျိုးမှာမဆို လွန်ဆွဲတဲ့ပြဿနာက လူကိုတွေဝေသွားစေပါတယ်။

ဒီအခါ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ခွဲခြားသိနိုင်ဖို့လိုပါတယ်။ ဘယ်အရာကို အရင်ဦးစားပေးရမလဲဆိုတာ သိတယ်မလား။ တစ်ခါတစ်လေ ကိုယ်ဘယ်လောက်ပဲ လိုချင်နေပါစေ ၊ ဆန္ဒရှိပါစေ ။ ဖြစ်သင့် ၊ လုပ်သင့်တာကို ဦးစားပေးလိုက်ရတာတွေ ရှိပါတယ်။ ဒါတွေဟာ ကောင်းဖို့ဖြစ်လာတာပဲမဟုတ်လား။

Image result for head and heart

ဆန္ဒတွေကို နောက်ဆုတ်လိုက်ရတာဟာ လက်လွှတ်လိုက်ဖို့ ပြောတာမဟုတ်ပါဘူး။ အချိန်တစ်ခုကိုရွေ့ထားတာပါ။ အချစ်ရေးမှာဆိုရင်တော့ နှလုံးနဲ့ ဦးနှောက်ကပါ ထပ်တူကျနေရင် ပိုကောင်းတာပေါ့။ နှလုံးသားနဲ့ ချစ်တဲ့လူက ဘဝအတွက် ရေရှည်လက်တွဲဖို့ အဆင်မပြေဘူးဆိုရင် ဦးနှောက်နဲ့သာရွေးချယ်ဖို့ စဉ်းစားပါ။

Related image

ဆုံးဖြတ်ချက်တွေမှာ မှန်ကန်ပါစေ။ လူပေါင်းမမှားအောင် နေပါ။ ကိုယ်ပေါင်းတဲ့လူဟာ မကောင်းရင်လည်း စောစောရှောင်ပါ။ ဒီအတွက် အချိန်တွေမဖြုန်းပါနဲ့။ လူ့ဘဝက တိုတိုလေးရယ်။ အမုန်းတွေမပွားပဲ စိတ်ချမ်းသာအောင် နေလိုက်ကြအောင်လား။

အဓိကက ဘာပဲလုပ်လုပ်ပျော်ဖို့ အရေးကြီးတယ်။ ပိုက်ဆံဘယ်လောက်ရှိရှိ မပျော်တဲ့ဘဝကြီးမှာ ရှင်သန်နေရတာဟာ ရှင်လျက်သေနေသလိုပါပဲ။ ဒါကြောင့် ကိစ္စတိုင်းမှာ ဆုံးဖြတ်လိုက်တဲ့အရာတွေကမင်းကို စိတ်ချမ်းသာစေဖို့ပဲ လိုပါတယ်။

281 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.