ဂိမ်းဆော့တတ်တဲ့ မိန်းကလေးကို ချစ်သူတော်ထားရပြီလား

ယောက်ျားလေးပဲ ဂိမ်းဆော့ရတာ ကြိုက်တယ်ထင်လား။ မိန်းကလေးတွေလည်း ဂိမ်းဆော့ရတာကြိုက်ပါတယ်နော်။ အရုပ်မကို အကျီ င်္ဝတ်ပေးရတဲ့ ဂိမ်းအပျော့လေးတင်မဟုတ်ပဲ ယောက်ျားလေးတိုင်း ဆော့တဲ့ ဂိမ်းအတော်များများကို ဒီလို မိန်းကလေးတွေလည်း ဆော့ပါတယ်နော်။

Image result for girl playing games

ဒီလို ဂိမ်းဆော့တဲ့ကောင်မလေးတွေဟာ မင်းကိုအဖက်မလုပ်လို့ ဆိုပြီးတော့လည်း ပြဿနာရှာမှာမဟုတ်ပါဘူး။ သူဆော့၊ ကိုယ်ဆော့ဆိုတဲ့ နားလည်မှုနဲ့ အချိန်အကန့်သတ်လေး ထားပေးမှာပေါ့။ ဒါ့အပြင် ဂိမ်းဆော့ဖော် ဆော့ဖက်လည်းဖြစ်၊ နှစ်ယောက်အတူတူ မုန့်မစားဖြစ်ရင်တောင် ဂိမ်းဆော့ရင်း အချိန်တွေအတူတူကုန်ဆုံးရတာ ဘယ်လောက်ပျော်ဖို့ကောင်းလိုက်မလဲ။

ဒီလို ကောင်မလေးတွေဟာ မင်းကို အတင်းလည်း မချုပ်ချယ်သလို၊ မင်းကို အရှိရှိတိုင်းပဲ လက်ခံပြီးချစ်မှာပါ။ မိန်းကလေးဆိုတဲ့ သဘာဝကတော့ အနည်းငယ်တော့ ရစ်မှာပေါ့နော်။ ဒါပေမယ့် နားပူနေအောင်ထိတော့ ရစ်မှာမဟုတ်ပါဘူး။

Image result for girl playing games

အမြဲတမ်း တရစပ် သူ့ကိုပဲအချိန်ပေး ၊ သူ့ကိုပဲစကားပြောရမယ်လို့လည်း မင်းကိုတွယ်ကပ်နေမှာမဟုတ်ပါဘူး။ မင်းလည်း လုပ်စရာရှိတာလုပ်၊ သူလည်း လုပ်စရာရှိတာလုပ်မယ်။ ဒီလိုပုံစံမျိုးနဲ့ အေးချမ်းတဲ့ အချစ်ရေးကိုပဲ သူမကတည်ဆောက်သွားမှာပါ။

တခါတစ်လေ မင်းရဲ့ဂိမ်းကိစ္စအပြင် သူငယ်ချင်းတွေနဲ့ အပြင်သွား ၊ သောက်မယ်ဆိုလည်း သူမက မင်းကို ပိတ်ပင်ထားမယ်ထင်လို့လား။ လွတ်လွတ်လပ်လပ်သာ သွားပါလေ။ အချိန်တန် အိမ်ပြန်ပြီး ၊ ဖုန်းဆက်လို့ ကိုင်ရင်ပဲ ကျေနပ်ပါပြီ။

ကဲ.. ဂိမ်းဆော့တတ်တဲ့ ကောင်မလေးကိုသာ မင်းပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ဒီလိုအကျိုးကျေးဇူးလေးတွေရမှာနော်။

71 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.