သင့္လက္ဖ၀ါးကေျပာျပေနတဲ့ သင့္က်န္းမာေရးအေျခအေန…

ခႏၶာကုိယ္အစိတ္အပုိင္းတစ္ခုျဖစ္တဲ႔လက္ဖ၀ါးဟာ သင့္က်န္းမာေရးအေျခအေနကုိ ေဖာ္ျပေနတဲ့အရာလည္းျဖစ္ပါတယ္။ကြ်မ္းက်င္သူဆရာ၀န္ေတြရဲ႔
ေလ့လာခ်က္အရ သင့္လက္ဖ၀ါး အေျပာင္းအလဲဟာ သင့္ခႏၶာကုိယ္အတြင္းက က်န္းမာေရးအေျခအေနကုိ ေျပာျပေပးေနတယ္လုိ႔သိရပါတယ္။
ဘယ္လုိေျပာျပေပးႏုိင္တာလဲဆုိရင္…

*နီရဲေနတဲ႔လက္ဖ၀ါး

အေၾကာင္းျပခ်က္မရွိပဲ မၾကာခဏဆုိသလို လက္ဖ၀ါးက နီရဲေနမယ္ဆုိရင္ ဒါက သင့္အသည္းမွာ ျပႆနာတစ္ခုခုရွိေနတယ္လုိ႔ေျပာျပေနတာပါ။အထူးသျဖင့္ သင္ဟာ အသက္ ၅၀ ေက်ာ္ျပီဆုိရင္ ပုိျပီးျဖစ္ႏုိင္ေခ်ရွိပါတယ္။မ်ားေသာအားျဖင့္ လက္ဖေနာင့္ဘက္ျခမ္းဟာ နီရဲေနတတ္ပါတယ္။တကယ္လုိ႔
သင့္လက္ဖ၀ါးမွာ နီေနတဲ႔ေနရာေတြ မၾကာခဏျမင္ေတြ႔ေနရတယ္ဆုိရင္ အေကာင္းဆံုးက ဆရာ၀န္နဲ႔ေသခ်ာတုိင္ပင္ဖုိ႔ပါပဲ။

*ေခြ်းထြက္လြန္းတဲ႔လက္ဖ၀ါး

လက္ဖ၀ါးေခြ်းထြက္မ်ားတာဟာ စိတ္ဖိစီးမႈမ်ားေနတဲ႔အတြက္ေၾကာင့္ျဖစ္ႏုိင္သလုိ သိြဳင္းရြိဳက္ဂလင္းအလုပ္လုပ္တာလြန္ကဲတာေၾကာင့္လည္းျဖစ္ႏုိင္ပါတယ္။
အရက္ေသာက္တတ္သူဆုိရင္ အရက္ကုိေလ်ွာ့ေသာက္သင့္ျပီး စိတ္ဖိစီးမႈေတြထပ္ျပီး၀င္မလာေအာင္ ဂရုတစိုက္ေနၾကည့္ပါ။ဒါမွ အလုပ္မျဖစ္ရင္
ဆရာ၀န္နဲ႔ေသခ်ာျပသၾကည့္သင့္ပါတယ္။

*လက္ဖ၀ါးခံစားခ်က္ကင္းမဲ႔တာ၊စပ္ဖ်ဥ္းဖ်ဥ္းခံစားရတာ

တစ္ခါတစ္ေလအိပ္ရာက ႏုိးလာရင္ လက္ရဲ႔အထိအေတြ႔ကုိမခံစားရတာ၊ျပီးေတာ့က်ဥ္တတ္လာျပီးစပ္ဖ်ဥ္းဖ်ဥ္းခံစားတာမ်ိဳးဟာ လက္ကို
အခ်ိန္အၾကာၾကီးဖိထားလုိက္လု႔ိ အေၾကာေတြကုိပါဖိထားသလိုျဖစ္ျပီး အဲ႔ဒီလုိခံစားရတာပါ။ခဏၾကာရင္ေတာ့ ပံုမွန္အတိုင္းျဖစ္သြားပါလိမ့္မယ္။
တကယ္လုိ႔သင္ဟာ လက္ကုိလည္းမဖိမိပဲ ဒီလုိ လကၡဏာမ်ိဳး မၾကာခဏျဖစ္ေနတယ္ဆုိရင္ေတာ့ ဒါက ဆီးခ်ိဳေရာဂါလကၡဏာတစ္ခုျဖစ္ေနတဲ႔အတြက္ ဆရာ၀န္နဲ႔ေဆြးေႏြးတုိင္ပင္ၾကည့္တာအေကာင္းဆံုးပါပဲ။

*လက္လႈပ္ျခင္း

ေကာ္ဖီအေသာက္မ်ားတဲ႔အခါ၊အရက္အေသာက္မ်ားတဲ႔အခါမွာ လက္ေခ်ာင္းေတြ၊လက္ေတြသူ႔အလိုလိုလႈပ္ေနတတ္ပါတယ္။တကယ္လို႔ သင္ဟာ
မၾကာခဏဆုိသလုိ လက္တုန္ေနမယ္။လက္လႈပ္ေနမယ္ဆုိရင္ ေကာ္ဖီ၊အရက္ေလ်ွာ့ေသာက္ၾကည့္ျပီး ေစာင့္ၾကည့္ပါ။စိတ္ဖိစီးမႈေတြလည္း
အ၀င္မခံပါနဲ႔။အဲ႔ဒါနဲ႔မွ ေျပာင္းလဲမႈမရွိေသးဘူးဆုိရင္ ဆရာ၀န္နဲ႔ေသခ်ာတုိင္ပင္ၾကည့္ဖုိ႔ မေမ့ပါနဲ႔

*အားနည္းေနတဲ႔လက္သည္း

ခဏခဏက်ိဳးပဲ႔လြယ္တဲ႔လက္သည္းဟာ Zinc ဓာတ္အားနည္းေနတဲ႔အတြက္ေၾကာင့္ပါ။ခႏၶာကုိယ္အတြက္ Zinc ဓာတ္ဟာ အရမ္းအေရးပါပါတယ္။
Zinc ဓာတ္ဟာ ခႏၶာကိုယ္အတြင္းလုပ္ေဆာင္ပံုေတြကုိပုိျပီးေကာင္းမြန္လာေစပါတယ္။အုတ္ဂ်ံဳမႈန္႔၊အသား၊အေစ့အဆန္ေတြဟာ zinc ဓာတ္
ၾကြယ္၀တဲ႔အတြက္ အဲ႔ဒါေတြမ်ားမ်ားစားေပးသင့္ပါတယ္။ေဆး၀ါးအေနနဲ႔လည္း ေသာက္ေပးတာမ်ိဳးလုပ္သင့္ပါတယ္။

Ref:Brightside

Unicode

ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့လက်ဖဝါးဟာ သင့်ကျန်းမာရေးအခြေအနေကို ဖော်ပြနေတဲ့အရာလည်းဖြစ်ပါတယ်။ကျွမ်းကျင်သူဆရာဝန်တွေရဲ့
လေ့လာချက်အရ သင့်လက်ဖဝါး အပြောင်းအလဲဟာ သင့်ခန္ဓာကိုယ်အတွင်းက ကျန်းမာရေးအခြေအနေကို ပြောပြပေးနေတယ်လို့သိရပါတယ်။
ဘယ်လိုပြောပြပေးနိုင်တာလဲဆိုရင်…

*နီရဲနေတဲ့လက်ဖဝါး

အကြောင်းပြချက်မရှိပဲ မကြာခဏဆိုသလို လက်ဖဝါးက နီရဲနေမယ်ဆိုရင် ဒါက သင့်အသည်းမှာ ပြဿနာတစ်ခုခုရှိနေတယ်လို့ပြောပြနေတာပါ။အထူးသဖြင့် သင်ဟာ အသက် ၅၀ ကျော်ပြီဆိုရင် ပိုပြီးဖြစ်နိုင်ချေရှိပါတယ်။များသောအားဖြင့် လက်ဖနောင့်ဘက်ခြမ်းဟာ နီရဲနေတတ်ပါတယ်။တကယ်လို့
သင့်လက်ဖဝါးမှာ နီနေတဲ့နေရာတွေ မကြာခဏမြင်တွေ့နေရတယ်ဆိုရင် အကောင်းဆုံးက ဆရာဝန်နဲ့သေချာတိုင်ပင်ဖို့ပါပဲ။

*ချွေးထွက်လွန်းတဲ့လက်ဖဝါး

လက်ဖဝါးချွေးထွက်များတာဟာ စိတ်ဖိစီးမှုများနေတဲ့အတွက်ကြောင့်ဖြစ်နိုင်သလို သွိုင်းရွိုက်ဂလင်းအလုပ်လုပ်တာလွန်ကဲတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
အရက်သောက်တတ်သူဆိုရင် အရက်ကိုလျှော့သောက်သင့်ပြီး စိတ်ဖိစီးမှုတွေထပ်ပြီးဝင်မလာအောင် ဂရုတစိုက်နေကြည့်ပါ။ဒါမှ အလုပ်မဖြစ်ရင်
ဆရာဝန်နဲ့သေချာပြသကြည့်သင့်ပါတယ်။

တစ်ခါတစ်လေအိပ်ရာက နိုးလာရင် လက်ရဲ့အထိအတွေ့ကိုမခံစားရတာ၊ပြီးတော့ကျဉ်တတ်လာပြီးစပ်ဖျဉ်းဖျဉ်းခံစားတာမျိုးဟာ လက်ကို
အချိန်အကြာကြီးဖိထားလိုက်လု့ိ အကြောတွေကိုပါဖိထားသလိုဖြစ်ပြီး အဲ့ဒီလိုခံစားရတာပါ။ခဏကြာရင်တော့ ပုံမှန်အတိုင်းဖြစ်သွားပါလိမ့်မယ်။
တကယ်လို့သင်ဟာ လက်ကိုလည်းမဖိမိပဲ ဒီလို လက္ခဏာမျိုး မကြာခဏဖြစ်နေတယ်ဆိုရင်တော့ ဒါက ဆီးချိုရောဂါလက္ခဏာတစ်ခုဖြစ်နေတဲ့အတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကြည့်တာအကောင်းဆုံးပါပဲ။

*လက်လှုပ်ခြင်း

ကော်ဖီအသောက်များတဲ့အခါ၊အရက်အသောက်များတဲ့အခါမှာ လက်ချောင်းတွေ၊လက်တွေသူ့အလိုလိုလှုပ်နေတတ်ပါတယ်။တကယ်လို့ သင်ဟာ
မကြာခဏဆိုသလို လက်တုန်နေမယ်။လက်လှုပ်နေမယ်ဆိုရင် ကော်ဖီ၊အရက်လျှော့သောက်ကြည့်ပြီး စောင့်ကြည့်ပါ။စိတ်ဖိစီးမှုတွေလည်း
အဝင်မခံပါနဲ့။အဲ့ဒါနဲ့မှ ပြောင်းလဲမှုမရှိသေးဘူးဆိုရင် ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်ဖို့ မမေ့ပါနဲ့

*အားနည်းနေတဲ့လက်သည်း

ခဏခဏကျိုးပဲ့လွယ်တဲ့လက်သည်းဟာ Zinc ဓာတ်အားနည်းနေတဲ့အတွက်ကြောင့်ပါ။ခန္ဓာကိုယ်အတွက် Zinc ဓာတ်ဟာ အရမ်းအရေးပါပါတယ်။
Zinc ဓာတ်ဟာ ခန္ဓာကိုယ်အတွင်းလုပ်ဆောင်ပုံတွေကိုပိုပြီးကောင်းမွန်လာစေပါတယ်။အုတ်ဂျုံမှုန့်၊အသား၊အစေ့အဆန်တွေဟာ zinc ဓာတ်
ကြွယ်ဝတဲ့အတွက် အဲ့ဒါတွေများများစားပေးသင့်ပါတယ်။ဆေးဝါးအနေနဲ့လည်း သောက်ပေးတာမျိုးလုပ်သင့်ပါတယ်။

Ref:Brightside

53 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.