မကြာခင်မှာ ပေးအပ်တော့မှာဖြစ် တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံး သမားဆုဖြစ်တဲ့ ဖီဖာရွှေဘောလုံးဆုအ တွက် မဲပေးကြရာမှာ သွင်းဂိုးကိုမကြည့် ကြဘဲ စွမ်းဆောင်နိုင်မှုကိုသာကြည့်သင့် ကြတယ်လို့ ပြင်သစ်နဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား ဖရန့်ရစ်ဘာရီ က ပြောကြားလိုက်ပါပြီ။ ဒီဆုကိုရမယ်လို့ ကျွန်တော်ယုံ ကြည်ချက်အပြည့်အ၀ရှိပါတယ်။ ဒီအ တွက်လည်း အားလုံးကျွန်တော်လုပ်ပြခဲ့ ပြီးပါပြီ။ ဒီနှစ်တစ်နှစ်လုံးက ကျွန်တော့ စွမ်းဆောင်မှုတွေကို ကြည့်လိုက်ကြပါ။ပွဲ တိုင်းမှာ အဖြေပြောင်းလဲအောင်လုပ်နိုင် ခဲ့တာချည်းပါပဲ။ ပွဲတိုင်းဂိုးမသွင်းနိုင်ပေ မယ့် ပြိုင်ဘက်နောက်တန်းတွေကို ပြသ နာကောင်းကောင်းပေးနိုင်ခဲ့ပါတယ်။ ရော် နယ်လ်ဒိုက ဂိုးပိုသွင်းတာတော့ဟုတ်ပေ မယ့် ကစားတဲ့ပုံစံချင်းမတူကြပါဘူး”လို့ ရစ်ဘာရီက ပြောခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနှစ်ဖီဖာရွှေဘောလုံးဆုကိုရရှိ ဖို့အတွက် ပေါ်တူဂီကို တစ်ကိုယ်တော် ခြေစွမ်းများနဲ့ ကမ္ဘာ့ ဖလားခြေစစ်ပွဲအောင် မြင်စေခဲ့တဲ့ စီရော်နယ်လ်ဒိုကိုပဲ အားလုံး က ရစေချင်နေကြပါတယ်။
ဖီဖာရွှေဘောလုံးဆု ရွေးချယ်ရာမှာ ဂိုးကိုမကြည့်ကြဘဲ စွမ်းဆောင်မှုကိုကြည့်စေလိုတဲ့ ရစ်ဘာရီ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။