မၾကာခဏငုိေၾကြးတတ္သူေတြဟာ စိတ္ပုိင္းဆုိင္ရာပုိၾကံ႔ခိုင္သူေတြျဖစ္ေၾကာင္းေတြ႔ရွိ…

ငိုတယ္ဆုိရင္ စိတ္ေပ်ာ့လို႔လို႔ပဲ အားလံုးကျမင္ၾကပါတယ္။ဒါေပမဲ႔ ေလ့လာခ်က္ေတြအရေတာ့ မၾကာခဏငုိေၾကြးတာဟာ
စိတ္က်န္းမာေရးအတြက္ ေကာင္းမြန္ေစရံုသာမက တစ္ျခားသူေတြထက္စိတ္ပုိင္းဆုိင္ရာပုိမိုုၾကံ႔ခုိင္လာေၾကာင္းေတြ႔ရွိလာခဲ႔ရပါတယ္။

စိတ္ပင္ပန္းလြန္းလာတဲ႔အခါ၊ဘာကိုမွထမ္းမထားခ်င္ေလာက္ေအာင္၀န္ပိေနတဲ႔အခါ မ်က္ရည္ေတာ့က်မိိၾကမွာပါပဲ။ငိုေၾကြးမိၾကမွာပါပဲ။ဒီလုိ
ငိုေၾကြးလိုက္ျခင္းအားျဖင့္ ေကာင္းက်ိဳးေတြရလာႏုိင္ပါတယ္။ငိုခ်င္စိတ္ကုိ ဘာလို႔ထိန္းမထားသင့္တာလဲဆုိရင္…

*ငုိေၾကြးလိုက္ျခင္းအားျဖင့္ စိတ္ဖိစီးမႈေတြဟာ ေလ်ာ့က်သြားပါတယ္။အထူးသျဖင့္ စိတ္ပုိင္းဆုိင္ရာအရ ၀မ္းနည္းေၾကကြဲလို႔ငုိေၾကြးလိုက္ျခင္းဟာ
၀င္ေနတဲ႔စိတ္ဖိစီးမႈေတြကို ဖယ္ထုတ္ပစ္လုိက္သလုိျဖစ္ေစပါတယ္။တစ္ခ်ိန္တည္းမွာပဲ ခႏၶာကုိယ္ဟာ တင္းထားသမ်ွေျပေလ်ာ့သြားျပီး
ေနရထုိင္ရပုိေကာင္းလာေစပါတယ္။

*ငုိေၾကြးလိုက္ျခင္းအားျဖင့္ စိတ္ပုိင္းဆုိင္ရာပုိမုိသန္မာလာေစပါတယ္။မၾကာခဏငုိေၾကြးလိုက္ျခင္းအားျဖင့္ စိတ္က မေကာင္းတဲ႔အေတြးအျမင္ေတြကုိ
လ်စ္လ်ဴရႈတတ္လာမယ္။စိတ္ဖိစီးမႈေတြကုိလည္း အ၀င္မခံေတာ့ပဲ ကုိယ့္ကုိယ့္ကုိယ္ဘယ္လိုအေကာင္းဆံုးေနရမလဲဆုိတာ ပုိျပီးေတြးတတ္လာပါတယ္။

*ငုိေၾကြးလုိက္ျခင္းဟာ ဒဏ္ရာေတြကိုကုသေပးေနသလိုပါပဲ။တစ္ခုခုဆုိ မ်က္ရည္မက်ေအာင္မ်ိဳသိပ္ေနတာထက္ လြတ္လြတ္လပ္လပ္က်ဆင္းခြင့္
ေပးလိုက္တာက ပုိျပီးေကာင္းပါတယ္။Bournemouth University က Professor Roger Baker ဟာဆုိရင္ ငုိေၾကြးျခင္းဟာ စိတ္ဒဏ္ရာကုိ
ကုသေပးသလုိပဲလို႔ယံုၾကည္ထားပါတယ္။

*တစ္ျခားသူေတြေရွ႔မွာ ငိုမိလုိက္တယ္။ငုိေၾကြးလိုက္တယ္ဆုိတာက ကုိယ္ဟာ ကုိယ္ငိုေၾကြးရတဲ႔တစ္ခုခုကုိ ဂရုစုိက္ေၾကာင္းျပသေနတာျဖစ္ျပီး
တစ္ျခားသူေတြလည္းသူတုိ႔ရဲ႔၀မ္းနည္းဖြယ္ခံစားခ်က္ေတြကုိ ဖြင့္ထုတ္ပစ္လိုက္ခ်င္စိတ္ကုိ ျဖစ္ေပၚလာေစပါတယ္။သူေတာင္ ကုိယ့္ေရွ႔မွာ
ငုိျပီးေျပာေသးတာ။ငါလည္း ရင္ဖြင့္မယ္ဆုိတဲ႔သူေတြရွိၾကပါတယ္။အဲ႔ဒါက ႏွစ္ေယာက္ၾကားက သံေယာဇဥ္ကုိလည္းပုိျပီးခုိင္မာေစျပီး
ခံစားခ်က္ကုိဘယ္လိုေဖာ္ထုတ္ရမလဲဆုိတာကုိ သိလာေစပါတယ္။

မၾကာခဏငိုမိတာဟာ ကုိယ့္စိတ္ကုိလည္းပုိျပီးက်န္းမာေစရံုမက စိတ္ပုိင္းဆုိင္ရာအရလည္းပုိျပီးသန္မာလာေစပါတယ္။တစ္ခါတစ္ေလဆုိ ကုိယ္
ငိုခ်လိုက္မိတဲ႔အခိုက္အတန္႔ဟာ အေျခအေနေတြကုိေတာင္ ေျပာင္းလဲသြားေစႏုိင္ပါတယ္။

ဒါေၾကာင့္ ငိုတာဟာ စိတ္ေပ်ာ့တာမဟုတ္ပါဘူး။စိတ္ကုိထိန္းခ်ဳပ္ေနမယ့္အစား သင့္မ်က္ရည္ေတြကုိ လြတ္လပ္စြာက်ဆင္းခြင့္ေပးလိုက္ပါ။

Ref:Lifehack

Unicode

ငိုတယ်ဆိုရင် စိတ်ပျော့လို့လို့ပဲ အားလုံးကမြင်ကြပါတယ်။ဒါပေမဲ့ လေ့လာချက်တွေအရတော့ မကြာခဏငိုကြွေးတာဟာ
စိတ်ကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမက တစ်ခြားသူတွေထက်စိတ်ပိုင်းဆိုင်ရာပိုမိုကြံ့ခိုင်လာကြောင်းတွေ့ရှိလာခဲ့ရပါတယ်။

စိတ်ပင်ပန်းလွန်းလာတဲ့အခါ၊ဘာကိုမှထမ်းမထားချင်လောက်အောင်ဝန်ပိနေတဲ့အခါ မျက်ရည်တော့ကျမိကြမှာပါပဲ။ငိုကြွေးမိကြမှာပါပဲ။ဒီလို
ငိုကြွေးလိုက်ခြင်းအားဖြင့် ကောင်းကျိုးတွေရလာနိုင်ပါတယ်။ငိုချင်စိတ်ကို ဘာလို့ထိန်းမထားသင့်တာလဲဆိုရင်…

*ငိုကြွေးလိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေဟာ လျော့ကျသွားပါတယ်။အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအရ ဝမ်းနည်းကြေကွဲလို့ငိုကြွေးလိုက်ခြင်းဟာ
ဝင်နေတဲ့စိတ်ဖိစီးမှုတွေကို ဖယ်ထုတ်ပစ်လိုက်သလိုဖြစ်စေပါတယ်။တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ဟာ တင်းထားသမျှပြေလျော့သွားပြီး
နေရထိုင်ရပိုကောင်းလာစေပါတယ်။

*ငိုကြွေးလိုက်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာပိုမိုသန်မာလာစေပါတယ်။မကြာခဏငိုကြွေးလိုက်ခြင်းအားဖြင့် စိတ်က မကောင်းတဲ့အတွေးအမြင်တွေကို
လျစ်လျူရှုတတ်လာမယ်။စိတ်ဖိစီးမှုတွေကိုလည်း အဝင်မခံတော့ပဲ ကိုယ့်ကိုယ့်ကိုယ်ဘယ်လိုအကောင်းဆုံးနေရမလဲဆိုတာ ပိုပြီးတွေးတတ်လာပါတယ်။

*ငိုကြွေးလိုက်ခြင်းဟာ ဒဏ်ရာတွေကိုကုသပေးနေသလိုပါပဲ။တစ်ခုခုဆို မျက်ရည်မကျအောင်မျိုသိပ်နေတာထက် လွတ်လွတ်လပ်လပ်ကျဆင်းခွင့်
ပေးလိုက်တာက ပိုပြီးကောင်းပါတယ်။Bournemouth University က Professor Roger Baker ဟာဆိုရင် ငိုကြွေးခြင်းဟာ စိတ်ဒဏ်ရာကို
ကုသပေးသလိုပဲလို့ယုံကြည်ထားပါတယ်။

*တစ်ခြားသူတွေရှေ့မှာ ငိုမိလိုက်တယ်။ငိုကြွေးလိုက်တယ်ဆိုတာက ကိုယ်ဟာ ကိုယ်ငိုကြွေးရတဲ့တစ်ခုခုကို ဂရုစိုက်ကြောင်းပြသနေတာဖြစ်ပြီး
တစ်ခြားသူတွေလည်းသူတို့ရဲ့ဝမ်းနည်းဖွယ်ခံစားချက်တွေကို ဖွင့်ထုတ်ပစ်လိုက်ချင်စိတ်ကို ဖြစ်ပေါ်လာစေပါတယ်။သူတောင် ကိုယ့်ရှေ့မှာ
ငိုပြီးပြောသေးတာ။ငါလည်း ရင်ဖွင့်မယ်ဆိုတဲ့သူတွေရှိကြပါတယ်။အဲ့ဒါက နှစ်ယောက်ကြားက သံယောဇဉ်ကိုလည်းပိုပြီးခိုင်မာစေပြီး
ခံစားချက်ကိုဘယ်လိုဖော်ထုတ်ရမလဲဆိုတာကို သိလာစေပါတယ်။

မကြာခဏငိုမိတာဟာ ကိုယ့်စိတ်ကိုလည်းပိုပြီးကျန်းမာစေရုံမက စိတ်ပိုင်းဆိုင်ရာအရလည်းပိုပြီးသန်မာလာစေပါတယ်။တစ်ခါတစ်လေဆို ကိုယ်
ငိုချလိုက်မိတဲ့အခိုက်အတန့်ဟာ အခြေအနေတွေကိုတောင် ပြောင်းလဲသွားစေနိုင်ပါတယ်။

ဒါကြောင့် ငိုတာဟာ စိတ်ပျော့တာမဟုတ်ပါဘူး။စိတ်ကိုထိန်းချုပ်နေမယ့်အစား သင့်မျက်ရည်တွေကို လွတ်လပ်စွာကျဆင်းခွင့်ပေးလိုက်ပါ။

Ref:Lifehack

460 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.