နှုတ်ခမ်းနီမလေးတွေကြားရေပန်းစားဦးမယ့် Park Seo Joon ရဲ့ဇာတ်ကားသစ်

နှုတ်ခမ်းနီမလေးတွေကြားမသိတဲ့သူ မရှိသလောက်ရှားပါးတဲ့တောင်ကိုရီးယားမင်းသား Park Seo Joon ဟာ “The Divine Fury” ဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးနေပြီလို့သိရပါတယ်။ဒီဇာတ်ကားဟာဆိုရင် ၂၀၁၈ တုန်းကထွက်ရှိခဲ့တဲ့ What’s Wrong with Secretary Kim? ဇာတ်လမ်းတွဲအပြီး
၂၀၁၉ အတွက် သူ့ရဲ့ပထမဆုံးရုပ်ရှင်ကားလည်းဖြစ်ပါတယ်။

“The Divine Fury” ဇာတ်လမ်းဟာ မတော်တဆမှုတစ်ခုကြောင့် ဖခင်နဲ့ကွဲကွာသွားတဲ့ ကလေးတစ်ယောက် သူ
အရွယ်ရောက်လာတဲ့အခါတိုက်ခိုက်ရေးချန်ပီယံဖြစ်လာပြီး ကြုံတွေ့လာတဲ့အနှောင့်အယှက်တွေကို ဖြေရှင်းဖို့ကြိုးစားတဲ့အကြောင်း
ရိုက်ကူးပြသထားတဲ့အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Woo Do Hwan နဲ့ Ahn Sung Ki တို့လည်းပါဝင်တယ်လို့
သိရပါတယ်။

ဒီဇာတ်ကားကို ၂၀၁၈ ဒီဇင်ဘာ ၃၁ရက်နေ့ကစရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၉ ထဲမှာပြသနိုင်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။အချစ်အလွမ်းဒရာမာ
ပိုင်နိုင်တဲ့မင်းသား Park Seo Joon ကို အက်ရှင်မင်းသားတစ်လက်အဖြစ် ဒီဇာတ်ကားမှာမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။
ရင်ခုန်စွာနဲ့စောင့်မျှော်အားပေးကြဦးနော်

Source:Soompi

211 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.