ခရီးသွားခံနီးတိုင်းအ၀တ်စားအသစ်ဝယ်မှဖြစ်မယ်ဆိုတဲ့စိတ် က လေးကို ဖျောက်ရ အောင်…
Unicode
မိန်း က လေးတ ွ အများစု အဖြစ်များတဲ့ ကိစ္စကြီးပါပဲ။ ခရီးသ ွားတိုင်း အဝတ်စားအသစ်တွေကို မဝယ်ပဲမနေနိုင်…ကိုယ့်မှာရှိပြီးသားပင်မဲ့ ဒီခရီးအတွက် ဆိုတဲ့စိတ်နဲ့ မလိုအပ်ပဲ အဝတ်စားတွေဝယ်ရင်း ငွေကုန်တတ်ကြပါတယ်။ ဒီလိုလုပ်တာ ဟာ ငွေကုန်မှန်းသိပင်မဲ့လည်း စိတ်ထဲကကို အကျင့်ကြီးပါနေကြတာပါ။ ဒီလို ခရီးတစ်ခုသွားခံနီးတိုင်းမလိုအပ်ပဲ အကျင်္ ီအသစ်တွေ ပစ္စည်းအသစ်တွေ ဝယ်မိတဲ့ အကျင့်ဆိုးလေးကို ဖျောက်ပစ်ဖို့ ဒီလိုစိတ်မျိုးလေးတွေထားပြီး Try ကြည့်ရအောင်….
(၁) ခရီးမှာ တကယ်လိုအပ်တဲ့ပစ္စည်းတွေဟုတ်မဟုတ်တွက်ချက်ပါ(ခရီးစဉ်မှာ မပါမဖြစ်ဆိုတဲ့အရာတွေကိုပဲဦးစားပဲဝယ်ယူပါ)
(၂) ကိုယ့်မှာ ရှိတဲ့အဝတ်စား တွေကို ဘီရိုဖွင့်ပြီးသေချာရွေးပါ( ကိုယ့်မှာတကယ်တော့အဝတ်စားတွေအများကြီးရှိပါတယ် ခရီးသွားမယ်ဆိုတဲ့အတွေးသာမရှိရင် ဝယ်ဖြစ်မှာမဟုတ်ပါဘူး ဒါကြောင့်ရှိတဲ့အဝတ်တွေထဲကအဆင်ပြေမဲ့အရာတွေကိုဦးစွာရှာပါ)
(၃) ပိုက်ဆံပိုရင် ခရီးမှာ ကိုယ်ဝယ်ချင်တာတွေဝယ်လို့ရနိုင်တဲ့ဆိုတဲ့အတွေးထည့်ထားပါ(ခရီစဉ်မှာလည်းကိုယ်လိုချင်တာတွေ အမှတ်တရလက်ဆောင်တွေဘာတွေညာတွေရှိအုံးမှာပါပဲ)
(၄) ကိုယ့်ကိုယ်ကိုယ် ဘာဝတ်ဝတ်လှတယ် လို့သတ်မှတ်ယုံကြည်ထားပါ(ဘာဝတ်ဝတ်လှတယ်လို့ယုံကြည်စိတ် သင့်ကိုအကုန်ကျသက်သာစေပါတယ် :-P)
(၅) Budget Save ဖြစ်တဲ့ခရီးတစ်ခုကသင့်ကို ပိုပြီကျေနပ်စရာကောင်းပါတယ်။ ခရီးသွားခြင်းမှာ အဝတ်စားကအဆင်ပြေဖို့ပဲလိုပါတယ်၊သိပ်ပေါ်လွင်နေဖို့မလိုပါဘူး။ ဒါကြောင့် လိုအပ်လို့ဝယ်တာတွေပဲ ဝတ်ဆင်ပြီးမလိုအပ်ပဲ စိတ်အလိုလိုက်တဲ့ အလကားကုန်မဲ့ကိစ္စမျိုးကို လျော့ချတာအကောင်းဆုံးပါပဲ။
ကဲ…ဒီနည်းလမ်းလေးတွေကအနည်းငယ်အသုံးဝင်မယ်ဆိုရင်တောင် ငွေကုန်ကြေးကျနည်းနည်းသက်သာတာမလို့ ခရီးသွားတိုင်းအသစ်တွေချည်းဝယ်ချင်နေတဲ့ အကျင့်လေးကို လျော့ချနိုင်ကြပါစေနော်…
111 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.