စူပါကမ္ဘာ ဂြိုဟ်တစ်လုံးပေါ် တိမ်တိုက်များ Hubble မှန်ပြောင်းနဲ့ တွေ့ရှိ

super_earth_wallpaper_hd_wallpaper_background_flooxscom.jpg

 

အလင်းနှစ်၄၀ အကွာက စူပါကမ္ဘာအမျိုးအစား ဂြိုဟ်ပေါ်ရှိ ဓာတ်ငွေ့ထုထဲက တိမ်တိုက်တွေကို နာဆာရဲ့ Hubble အာကာသကြည့်မှန်ပြောင်းနဲ့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော်တို့နေအဖွဲ့အစည်း အပြင်ဘက်က ဂြိုဟ်တစ်လုံးရဲ့ ရာသီဥတုကို ပထမဆုံးအကြိမ် ခန့်မှန်းဖူးတာပဲ ဖြစ်ပါတယ်။

GJ1214b သိထားတဲ့ အဲ့ဒီ့ဂြိုဟ်ကို စေ့စေ့စပ်စပ်လေ့လာလိုက်တဲ့အခါ ကမ္ဘာနဲ့ နက်ပကျွန်းဂြိုဟ် ကြား အရွယ်အစားဖြစ်နေတာကြောင့် စူပါကမ္ဘာအမျိုးအစားဂြိုဟ် လို့ သတ်မှတ်လိုက်ပါတယ်။

တခြားနေတွေရဲ့ ပတ်ဝန်းကျင်တ၀ိုက် ဂြိုဟ်တွေကို လေ့လာချက်များအရ GJ1214b လို စူပါကမ္ဘာတွေဟာ နို့နှစ်ရောင်လမ်း နဂါးငွေ့တန်းထဲက သာမန်ဂြိုဟ် အမျိုးအစားတွေပဲဖြစ်တယ်ဆိုတာကို သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ဂြိုဟ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သဘာဝကိုတော့ မသိရသေးပါဘူး။

GJ1214b ဂြိုဟ်ကို ယခင်လေ့လာထားချက်များအရ သူ့ကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့ထုနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေ အဓိပ္ပါယ်ကောက်ချက် နှစ်မျိုးထွက်ပါတယ်။ GJ1214b ဂြိုဟ်ကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့ထုထဲမှာ ရေခိုးရေငွေ့ (သို့) တခြား မော်လီကျူးအလေးတွေ ပါမယ်။ ဒါမှမဟုတ် တိမ်တိုက်ရဲ့ အောက်ကွယ်မှာ ဘာရှိတယ်ဆိုတာကို လေ့လာခွင့်မရအောင် တားဆီးထားတဲ့ အရမ်းမြင့်တဲ့ တိမ်တောင်မြင့်တွေ ပါတယ်။

ဒါပေမဲ့ GJ1214b ဂြိုဟ်ကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့ထုထဲမှာ တိမ်တိုက်တွေရှိကြောင်းကို အတည်ပြုနိုင်ချက်တွေကို ကျွမ်းကျင်ပညာရှင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Ref:timesofindia

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.