ကေလးျငိမ္ရင္ျပီးေရာ ဖုန္းကုိ အျမဲေပးၾကည့္ထားတဲ႔အခါ ဒီလုိဆုိးက်ိဳးေတြရလာႏုိင္

ဖုန္းေတြက ကုိယ္ေတြရဲ႔ေန႔စဥ္ဘ၀ကုိ တစ္စိတ္တစ္ေဒသ ကူညီေပးႏုိင္တယ္ဆိုေပမဲ႔ ကေလးငယ္ေတြအတြက္ေတာ့မဟုတ္ေသးပါဘူး။
ငယ္ရြယ္စဥ္ကေလးဘ၀မွာ ကေလးျငိမ္ရင္ျပီးေရာ ဖုန္းေပးၾကည့္ထားတဲ႔အခါ သင္ထင္ထားတာထက္ပုိျပီးဆုိးတဲ႔ အေျခအေနမ်ိဳးေတြၾကံဳလာရႏုိင္ပါတယ္။
ေလ့လာသူပညာရွင္ေတြက ကေလးငယ္ေတြစမတ္ဖုန္းကုိ အခိ်န္ေပးသံုးတာမ်ားေလ ဒီလုိျပႆနာေတြၾကံဳလာရႏုိင္ေလပဲလို႔ ေထာက္ျပေျပာဆုိထားပါတယ္။
ဘယ္လိုျပႆာနာမ်ိဳးေတြလဲ?

*မိဘနဲ႔ကေလးၾကားကရင္းႏွီးမႈကုိပ်က္စီးသြားေစ

မိဘနဲ႔ကေလးၾကားက ရင္းႏွီးကြ်မ္း၀င္မႈက ငယ္ငယ္ကတည္းကမရွိဘူးဆုိရင္ ေသြးေအးျပီး သူစိမ္းလိုျဖစ္သြားႏုိင္ပါတယ္။သံေယာဇဥ္ေတြတည္ေဆာက္ရမယ့္
အစား ကေလးေတြကုိ ျငိမ္ေအာင္၊ကေလးေတြမငုိေအာင္ အျမဲတမ္းဖုန္းသံုးခိုင္းတာဟာ မိဘနဲ႔သားသမီးၾကားက တန္ဖိုးရွိတဲ႔သံေယာဇဥ္္ေတြကုိ
ျဖတ္ပစ္ေနတာနဲ႔အတူတူပါပဲ။

*ကေလးေတြရဲ႔စိတ္ပုိင္းဆုိင္ရာေျပာင္းလဲေစ
စမတ္ဖုန္းဆုိတာ ကမာၻၾကီးတစ္ခုလံုးကုိျမင္နုိင္တဲ႔ျပတင္းေပါက္တစ္ခုပါ။ေကာင္းတာေတြေရာ ဆုိးတာေတြေရာ မ်ိဳးစံုျမင္ေနရတာျဖစ္တဲ႔အတြက္
ငယ္ေသးတဲ႔ကေလးရဲ႔ ေခါင္းထဲမွာ အစုံပလံု၀င္ေရာက္သြားႏုိင္ပါတယ္။အထူးသျဖင့္ ကေလးေတြမသိသင့္ေသးတဲ႔အရာေတြ၊မျမင္သင့္ေသးတဲ႔အရာေတြကုိ
အခ်ိန္မတန္ခင္ျမင္ေတြ႔သြား၊သိသြားမယ္ဆုိရင္ ကေလးရဲ႔စိတ္အေျခအေနနဲ႔အျပဳအမူေတြဟာ အဆုိးဘက္ကုိေျပာင္းလဲသြားႏုိင္ပါတယ္။

*လက္ေတြ႔ဘ၀နဲ႔ကင္းကြာသြားေစတယ္

ကုိယ္ေတြကေလးဘ၀က ေျပးလႊားေဆာ့ကစားခဲ႔သေလာက္ သူငယ္ခ်င္းေတြနဲ႔ ကစားနည္းမ်ိဳးစံုကစားခဲ႔ရသေလာက္ ဒီေန႔ေခတ္ကေလးေတြကေတာ့
သူတုိ႔ရဲ႔ငယ္ရြယ္ခ်ိန္ကုိ ဖုန္းနဲ႔ကုန္ဆံုးတာျမင္ေတြ႔ေနရပါတယ္။ဒါက ကေလးေတြအတြက္ ေပ်ာ္ရႊင္စရာပတ္၀န္းက်င္ေကာင္း၊သူငယ္ခ်င္းေကာင္္းေတြ
မဖန္တီးေပးႏုိင္ပါဘူး။သူငယ္ခ်င္းေတြနဲ႔လက္ေတြ႔ဘ၀မွာ ေဆာ့ကစားရမယ့္အစား ဖုုန္းသံုးျပီး အထီးက်န္ဆန္ေနရတာမ်ိဳးက မျဖစ္သင့္ပါဘူး။

*အိပ္စက္ျခင္းကိုအေႏွာင့္အယွက္ျဖစ္ေစတယ္
ေလ့လာခ်က္ေတြအရ ဖုန္းစကရင္မ္ကုိ အခ်ိန္ၾကာၾကာၾကည့္တာက ကေလးေတြရဲ႔ အိပ္စက္ျခင္းကုိ အေနွာင့္အယွက္ေပးႏုိင္ပါတယ္။
အိပ္စက္ခ်ိန္မမွန္ဘူးဆုိရင္ က်န္းမာေရးျပႆနာနဲ႔ ကေလးေတြရဲ ႔အျပဳအမူေတြကုိပါ ထိခိုုက္လာေစႏုိင္ပါတယ္။ဒါကုိ မိဘတုိင္း မေမ့သင့္ပါဘူး။ကေလးဆုိတာ
တစ္ေန႔တာ ေျပးလႊားလႈပ္ရွားေဆာ့ကစားျပီး အိပ္ခိ်န္မွန္ေအာင္အိပ္စက္ဖုိ႔လိုအပ္ပါတယ္။

*၀ိတ္တက္လာေစတယ္

ေလ့လာေတြ႔ရွိထားခ်က္ေတြအရ ဖုန္းသံုးတာမ်ားေလ အ၀လြန္တာပုိျဖစ္ေစပါပဲတဲ႔။ဖုန္းက လက္ထဲမွာတစ္ခ်ိန္လံုးကိုင္ထားျပီး ထုိင္ရာမထ
ၾကည့္ရတာမဟုတ္လား။အဲ႔ဒီအခါမွာ လႈပ္ရွားမႈမရွိေတာ့ပဲ အဆီေတြပုိျဖစ္လာေစတာပါ။ဒါေၾကာင့္ ကုိယ့္ကေလးကို ငယ္ငယ္ေလးနဲ႔
အ၀လြန္တာမ်ိဳးမျဖစ္ေအာင္ ၾကိဳျပီးကာကြယ္ထားသင့္ပါတယ္။ဖုန္းသံုးတဲ႔အခ်ိန္ကုိ ကန္႔သတ္လိုက္တာမ်ိဳး၊အခ်ိန္နဲ႔ၾကည့္ဖို႔ ေျပာထားတာမ်ိဳး
စည္းကမ္းေလးေတြလုပ္ေပးထားသင့္ပါတယ္။

*မေပ်ာ္ရႊင္ေစေတာ့ဘူး

The Monitoring the Future ရဲ႔ေလ့လာဆန္းစစ္ခ်က္ေတြအရ ကုိယ္လက္လႈပ္ရွားတက္ၾကြမႈလည္းမရွိ ၊သူငယ္ခ်င္းေတြန႔ဲေဆာ့ကစားမႈလည္းမရွိ
ဖုန္းထဲက ဂိမ္းပဲေဆာ့ေနမယ္။ရုပ္ရွင္ေတြေလ်ွာက္ၾကည့္ေနမယ္စသျဖင့္ ဖုန္သံုးတာမ်ားတဲ႔ကေလးေတြဟာ ေပ်ာ္ရႊင္မႈကုိလည္းမခံစားရေတာ့ဘူးလုိ႔
သိရပါတယ္။ၾကာရင္ ေပ်ာ္ရႊင္မႈဆုိတာ ဘာလဲမသိဘူးေတာင္ ျဖစ္သြားႏုိင္ပါတယ္။

တကယ္လို႔ သင့္ကေလးငယ္က ဖုန္းပဲ အျမဲသံုးေနတယ္ဆုိရင္ စည္းကမ္းေလးေတြလုပ္ထားသင့္ေနပါျပီ။သူ ဘယ္ေလာက္ဂ်ီက်က် သတ္မွတ္ခ်ိန္ေလးနဲ႔
သံုးခုိင္းသင့္ပါတယ္။ဖုန္းသံုးမယ့္အစား သူေပ်ာ္ရႊင္မႈကိုခံစားရေစမယ့္တစ္ျခားအရာတစ္ခုခုနဲ႔ အစားထုိးေျပာင္းလဲေပးတဲ႔နည္းေလးေတြလည္းသံုးေပးသင့္ပါတယ္။

Ref:Brightside

Unicode

ဖုန်းတွေက ကိုယ်တွေရဲ့နေ့စဉ်ဘဝကို တစ်စိတ်တစ်ဒေသ ကူညီပေးနိုင်တယ်ဆိုပေမဲ့ ကလေးငယ်တွေအတွက်တော့မဟုတ်သေးပါဘူး။
ငယ်ရွယ်စဉ်ကလေးဘဝမှာ ကလေးငြိမ်ရင်ပြီးရော ဖုန်းပေးကြည့်ထားတဲ့အခါ သင်ထင်ထားတာထက်ပိုပြီးဆိုးတဲ့ အခြေအနေမျိုးတွေကြုံလာရနိုင်ပါတယ်။
လေ့လာသူပညာရှင်တွေက ကလေးငယ်တွေစမတ်ဖုန်းကို အချိန်ပေးသုံးတာများလေ ဒီလိုပြဿနာတွေကြုံလာရနိုင်လေပဲလို့ ထောက်ပြပြောဆိုထားပါတယ်။
ဘယ်လိုပြဿာနာမျိုးတွေလဲ?

*မိဘနဲ့ကလေးကြားကရင်းနှီးမှုကိုပျက်စီးသွားစေ
မိဘနဲ့ကလေးကြားက ရင်းနှီးကျွမ်းဝင်မှုက ငယ်ငယ်ကတည်းကမရှိဘူးဆိုရင် ကြီးလာရင်သူစိမ်းလိုဖြစ်သွားနိုင်ပါတယ်။သံယောဇဉ်တွေတည်ဆောက်ရမယ့်
အစား ကလေးတွေကို ငြိမ်အောင်၊ကလေးတွေမငိုအောင် အမြဲတမ်းဖုန်းသုံးခိုင်းတာဟာ မိဘနဲ့သားသမီးကြားက တန်ဖိုးရှိတဲ့သံယောဇဉ်တွေကို
ဖြတ်ပစ်နေတာနဲ့အတူတူပါပဲ။

*ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲစေ
စမတ်ဖုန်းဆိုတာ ကမ္ဘာကြီးတစ်ခုလုံးကိုမြင်နိုင်တဲ့ပြတင်းပေါက်တစ်ခုပါ။ကောင်းတာတွေရော ဆိုးတာတွေရော မျိုးစုံမြင်နေရတာဖြစ်တဲ့အတွက်
ငယ်သေးတဲ့ကလေးရဲ့ ခေါင်းထဲမှာ အစုံပလုံဝင်ရောက်သွားနိုင်ပါတယ်။အထူးသဖြင့် ကလေးတွေမသိသင့်သေးတဲ့အရာတွေ၊မမြင်သင့်သေးတဲ့အရာတွေကို
အချိန်မတန်ခင်မြင်တွေ့သွား၊သိသွားမယ်ဆိုရင် ကလေးရဲ့စိတ်အခြေအနေနဲ့အပြုအမူတွေဟာ အဆိုးဘက်ကိုပြောင်းလဲသွားနိုင်ပါတယ်။

*လက်တွေ့ဘဝနဲ့ကင်းကွာသွားစေတယ်
ကိုယ်တွေကလေးဘဝက ပြေးလွှားဆော့ကစားခဲ့သလောက် သူငယ်ချင်းတွေနဲ့ ကစားနည်းမျိုးစုံကစားခဲ့ရသလောက် ဒီနေ့ခေတ်ကလေးတွေကတော့
သူတို့ရဲ့ငယ်ရွယ်ချိန်ကို ဖုန်းနဲ့ကုန်ဆုံးတာမြင်တွေ့နေရပါတယ်။ဒါက ကလေးတွေအတွက် ပျော်ရွှင်စရာပတ်ဝန်းကျင်ကောင်း၊သူငယ်ချင်းကောင်းတွေ
မဖန်တီးပေးနိုင်ပါဘူး။သူငယ်ချင်းတွေနဲ့လက်တွေ့ဘဝမှာ ဆော့ကစားရမယ့်အစား ဖုန်းသုံးပြီး အထီးကျန်ဆန်နေရတာမျိုးက မဖြစ်သင့်ပါဘူး။

*အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေတယ်
လေ့လာချက်တွေအရ ဖုန်းစကရင်မ်ကို အချိန်ကြာကြာကြည့်တာက ကလေးတွေရဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။
အိပ်စက်ချိန်မမှန်ဘူးဆိုရင် ကျန်းမာရေးပြဿနာနဲ့ ကလေးတွေရဲ့အပြုအမူတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ဒါကို မိဘတိုင်း မမေ့သင့်ပါဘူး။ကလေးဆိုတာ
တစ်နေ့တာ ပြေးလွှားလှုပ်ရှားဆော့ကစားပြီး အိပ်ချိန်မှန်အောင်အိပ်စက်ဖို့လိုအပ်ပါတယ်။

*ဝိတ်တက်လာစေတယ်
လေ့လာတွေ့ရှိထားချက်တွေအရ ဖုန်းသုံးတာများလေ အဝလွန်တာပိုဖြစ်စေပါပဲတဲ့။ဖုန်းက လက်ထဲမှာတစ်ချိန်လုံးကိုင်ထားပြီး ထိုင်ရာမထ
ကြည့်ရတာမဟုတ်လား။အဲ့ဒီအခါမှာ လှုပ်ရှားမှုမရှိတော့ပဲ အဆီတွေပိုဖြစ်လာစေတာပါ။ဒါကြောင့် ကိုယ့်ကလေးကို ငယ်ငယ်လေးနဲ့
အဝလွန်တာမျိုးမဖြစ်အောင် ကြိုပြီးကာကွယ်ထားသင့်ပါတယ်။ဖုန်းသုံးတဲ့အချိန်ကို ကန့်သတ်လိုက်တာမျိုး၊အချိန်နဲ့ကြည့်ဖို့ ပြောထားတာမျိုး
စည်းကမ်းလေးတွေလုပ်ပေးထားသင့်ပါတယ်။

*မပျော်ရွှင်စေတော့ဘူး
The Monitoring the Future ရဲ့လေ့လာဆန်းစစ်ချက်တွေအရ ကိုယ်လက်လှုပ်ရှားတက်ကြွမှုလည်းမရှိ ၊သူငယ်ချင်းတွေနဲ့ဆော့ကစားမှုလည်းမရှိ
ဖုန်းထဲက ဂိမ်းပဲဆော့နေမယ်။ရုပ်ရှင်တွေလျှောက်ကြည့်နေမယ်စသဖြင့် ဖုန်သုံးတာများတဲ့ကလေးတွေဟာ ပျော်ရွှင်မှုကိုလည်းမခံစားရတော့ဘူးလို့
သိရပါတယ်။ကြာရင် ပျော်ရွှင်မှုဆိုတာ ဘာလဲမသိဘူးတောင် ဖြစ်သွားနိုင်ပါတယ်။

တကယ်လို့ သင့်ကလေးငယ်က ဖုန်းပဲ အမြဲသုံးနေတယ်ဆိုရင် စည်းကမ်းလေးတွေလုပ်ထားသင့်နေပါပြီ။သူ ဘယ်လောက်ဂျီကျကျ သတ်မှတ်ချိန်လေးနဲ့
သုံးခိုင်းသင့်ပါတယ်။ဖုန်းသုံးမယ့်အစား သူပျော်ရွှင်မှုကိုခံစားရစေမယ့်တစ်ခြားအရာတစ်ခုခုနဲ့ အစားထိုးပြောင်းလဲပေးတဲ့နည်းလေးတွေလည်းသုံးပေးသင့်ပါတယ်။

Ref:Brightside

139 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.