ဆန်းကျယ်တဲ့ honeymoon ညမှာလမ်းပျောက်ခဲ့အပြီး လက်ထပ်ကာစ ဇနီးမောင်နှံ (Zach နဲ့ Samantha) နှစ်ဦးဟာ မမျှော်လင့်ထားတဲ့ကိုယ်ဝန်နဲ့ကြုံတွေ့ရပါတယ်။ မမျှော်လင့်ထားတာမှန်ပေမယ့် ဒီကိုယ်ဝန်နဲ့ပါတ်သတ်ပြီးသူတို့နှစ်ဦးကျေနပ်ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမယ့်မကြာခင်မှာပဲ ပုံမှန်မဟုတ်တဲ့ပြသနာတစ်ခုကြုံလာပါတော့တယ်။ Samantha ဟာကိုယ်ဝန်ကြောင့်မူမှန်တဲ့ရုပ်ပိုင်းဆိုင်ရာတုန့်ပြန်မှုတွေခံစားလာရပြီး သူတို့ကိုတစ်စုံတစ်ယောက်ကစောင့်ကြည့်နေတယ်လို့ သံသယ၀င်လာပါတယ်။ မကြာခင်မှာ ဘယ်အရာကဒီလိုကိစ္စတွေဖြစ်စေတာလဲဆိုတာ ကွဲကွဲပြားပြားသိလာရပြီး သူတို့လင်မယား နှစ်ယောက်ရဲ့ပျော်ရွှင်စရာအဖြစ်အပျက်တွေ ပျောက်ကွယ်သွားပါတော့တယ်။
Devil’s Due မှာတော့ Matt Bettinelli-Olpin နဲ့ Tyler Gillett တို့ကဒါရိုက်တာတွေအဖြစ်ပါဝင်ထားပါတယ်။ ထိပ်လန့်သည်းဖိုဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Allison Miller, Zarch Gilford, Steffie Grote တို့ပါဝင်ထားပါတယ်။
Ref:wikipedia