ညည အိပ်မပျော်ဖြစ်နေသူတွေအတွက် နည်းလမ်းကောင်း

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ စာအုပ်ဆိုတာကို လူတွေသိပ်ပြီး စိတ်မဝင်စားကြတော့ဘူး။
ဖုန်းလည်းဖွင့်လိုက်တာနဲ့ ကိုယ်သိချင်တာကို ချက်ချင်းသိနိုင်တဲ့ခေတ်မှာ ဘယ်သူကမှ စာအုပ်ဖွင့်ပြီး
ဟိုလှန်ဒီလှန်နဲ့ ခေါင်းအရှုပ်ခံပြီး ရှာဖွေ မဖတ်ချင်ကြတော့ဘူး။

Related image

ဒါပေမယ့် စာအုပ်ရဲ့တန်ဖိုးကိုသိတဲ့လူတွေကတော့ စာအုပ်နဲ့ထွန်းကားနေတဲ့ နည်းပညာတွေကို
အပေးယူလုပ်မလားမေးရင် ဘယ်သူမှ မလုပ်ချင်ဘူး။ ဘာလို့လဲ ? ဖုန်းကနေ စာဖတ်တာနဲ့ ၊
စာအုပ်နဲ့ကမတူပါဘူး။ ဖုန်းက ကြာကြာကြည့်ရင် အမြင်အာရုံထိခိုက်ပါတယ်။ စာအုပ်ကြတာတော့
ထိခိုက်မှုနည်းတယ်ဆိုတာ သိမှာပါ။

တချို့ တွေရှိတယ်လေ။ စာဖတ်လိုက်တာနဲ့ အလိုလိုအိပ်ချင်လာရော ။ အိပ်ရာမဝင်ခင် ဖုန်းကြည့်တာ
ဟာ အင်မတန်ဆိုးဝါးတဲ့ အမြင်အာရုံ ထိခိုက်မှုကိုဖြစ်စေပါတယ်။ ဒါပေမယ့် စာဖတ်ပေးမယ်ဆိုရင်
နှစ်ခြိုက်စွာ အိပ်ပျော်နိုင်အောင် ကောင်းကောင်းစွမ်းဆောင်ပေးနိုင်ပါတယ်။

Related image

အိပ်ရာမဝင်ခင် ၆မိနစ်လောက် စာဖတ်ပေးပါ။ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါလိမ့်မယ်။
အိပ်စက်ခြင်းဆိုင်ရာ ပညာရှင် Dr. David Lewis က ညအိပ်ရာမဝင်ခင် ဖိစီးမှုတွေပြေလျော့စေဖို့
ညိမ့်ညောင်းတဲ့ သီချင်းသံလေးတွေ နားထောင်ပေးခြင်းကလည်း ကောင်းကောင်း အိပ်ပျော်စေပြီး
မနက်ကိုလည်း ကြည်ကြည်လင်လင် နိုးထစေနိုင်တယ်လို့ ပြောထားပါတယ်။

တကယ့်လက်တွေ့မှာ ကောင်းကောင်းအိပ်ပျော်အောင် စာဖတ်ခြင်းက ပိုစွမ်းဆောင်နိုင်ပါတယ်။
ကိုယ်ကြိုက်တဲ့ စာအုပ်တစ်အုပ်ကို ညအိပ်ရာမဝင်ခင်တိုင်း ဖတ်သွားပေးမယ်ဆို ဦးနှောက်အာဟာရလည်း ပြည့်သလို မနက်မှာလည်း စိတ်ကြည်လင် လန်းဆန်းစေမယ်။

Related image

ဖုန်းမကြည့်ရ မနေနိုင်တဲ့စိတ်ကို ဖျောက်ပါ။ ဖုန်းကထွက်တဲ့ blue-light တွေဟာ အိပ်စက်ခြင်း ပြဿနာ
ကို တကယ်အချိန်ကြာစေပါတယ်။ ကောင်းကောင်းအိပ်ပျော်မှ ကောင်းကောင်းစားနိုင်မှာပါ။ အစားသောက်လည်း ပျက် ၊ မျက်တွင်းလည်း ကျဆိုရင် အလှပျက်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီးအလှပျက်မခံတော့ပဲ မိမိကိုယ်ကိုယ် ချစ်ပါ။ စောစော အိပ်ပါ။

201 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.