Anne Hathaway နဲ့ Rebel Wilsonကို မြင်တွေ့ရတော့မယ့် ” The Hustle”

” The Hustle” ဇာတ်ကားဟာ အမေရိကန် ဟာသဇာတ်ကားလေးဖြစ်ပြီး ဒါရိုက်တာ Chris Addisonနဲ့ ဇာတ်ညွန်း Jac Schaefferတို့ ဖန်တီးထားတာဖြစ်ပါတယ်။ Rebel Wilson ပါပြီဆိုတည်းက ဒီရုပ်ရှင်ဟာ ရယ်စရာလေးတွေပါနေမယ်ဆိုတာ ပရိတ်သတ်တွေလည်း သိမှာပါ။

Frank Oz ရဲ့Dirty Rotten Scoundrels ကို အခြေခံပြီး ပြန်လည်ရိုက်ထားတာဖြစ်ပါတယ်။

Rebel Wilson ၊ Anne Hathaway နဲ့ Alex Sharp တို့လည်း ပါဝင်သရုပ်ဆောင်သွားမှာပါ။ ထွက်ရှိမယ့်နေ့ကတော့ အမေရိကန်မှာ မေလ ၁ဝရက်နေ့ဖြစ်ပါတယ်။

Anne Hathaway နဲ့ Rebel Wilson တို့ နှစ်ယောက်ပေါင်းပြီး ပရိတ်သတ်တွေကို ဘယ်လိုချပြသွားမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။ လောလောဆယ် Trailer video လေးကို ဖော်ပြပေးလိုက်ပါတယ်။

51 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.