Grammy ဆုေပးပြဲမွာ BTS အဖြဲ႔အေပၚ ဂရုတစုိက္ရွိခဲ႔တဲ႔ မင္းသမီးေခ်ာ Anna Kendrick

2019 Grammy Awards ဆုေပးပြဲၾကီးကုိ ေတာင္ကုိရီးယားႏုိင္ငံရဲ ႔နာမည္ေက်ာ္ေကေပါ့ပ္အဖဲြ႔တစ္ခုျဖစ္တဲ႔ BTS လည္းတက္ေရာက္ခဲ႔တာ
ပရိသတ္ေတြလည္းသိျပီးျဖစ္ၾကမွာပါ။တကယ့္ ဒိတ္ဒိတ္ၾကဲနာမည္ေက်ာ္ ဆုေပးပြဲကုိတက္ေရာက္ဖုိ႔ ဖိတ္ၾကားခံရတဲ႔အျပင္ BTS အဖြဲ႔ဟာ
အဲ႔ဒီပြဲမွာ နာမည္ေက်ာ္အဆုိေတာ္မင္းသမီးတစ္လက္နဲ႔လည္း ခင္မင္သိကြ်မ္းလာခဲ့တယ္ဆုိရမွာပါပဲ။

၆၁ ၾကိမ္ေျမာက္က်င္းပတဲ႔ ဆုေပးပြဲမတုိင္ခင္ ရက္အနည္းငယ္အလိုက Staples Center က BTS အဖြဲ႔ေဘးမွာ ဘယ္သူထုိင္မလဲဆုိတဲ႔ ထုိင္ခံုစာရင္းေလးကုိ
တင္ေပးခဲ႔ပါတယ္။ပရိသတ္ေတြက သူတုိ႔အဖြဲ႔၀င္ေတြအတူတူမထိုင္ရမွာစိုးရိမ္ျပီးထုိင္ခံုစာရင္းကုိ ၾကည့္လိုက္တဲ႔အခါ သူတုိ႔ခ်စ္တဲ႔အုိင္ေဒါလ္ေတြရဲ႔
ေဘးခံုမွာ မင္းသမီး Anna Kendrick ထုိင္မယ္လုိ႔သိခဲ႔ရပါတယ္။Anna Kendrick က Jungkook ရဲ ႔ေဘးမွာထိုင္မွာပဲျဖစ္ပါတယ္။

ခ်စ္ဖုိ႔လည္းေကာင္းျပီး သေဘာလည္းေကာင္းတဲ႔မင္းသမီးေခ်ာဟာ BTS အဖြဲ႔နဲ႔လည္း အတူသီခ်င္းေတြဆုိခဲ႔တယ္လုိ႔သိရျပီး တြစ္တာမွာလည္း
ပုိစ့္တစ္ခုတင္ခဲ႔ပါတယ္။ဘာလဲဆုိေတာ့ “BTS အဖြဲ႔ကုိ ကြ်န္မေျပာခဲ႔တယ္။”ရွင္တို႔ရဲ႔ ပရိသတ္ေတြက ကြ်န္မရွင္တို႔ေဘးနားမွာထိုင္မယ္ဆုိတာသိေတာ့
အရမ္းစိတ္လႈပ္ရွားေနၾကတယ္။ျပီးေတာ့ ရွင္တို႔ကုိဂရုစုိက္ေပးဖုိ႔ ကြ်န္မကုိေျပာခဲ႔တယ္။ဒါေၾကာင့္ ရွင္တုိ႔သေရစာလိုအပ္တာျဖစ္ေစ ဒါမွမဟုတ္ တစ္ျခားလုိအပ္တာျဖစ္ေစ ကြ်န္မကုိေျပာလို႔ရပါတယ္” “ဆုိျပီး သူမဘက္က ဂရုစုိက္ေပးခဲ႔တဲ႔အေၾကာင္း ေရးခဲ႔တာပါ 😉

ပရိသတ္ေတြကေတာ့ အဲ႔ဒါကုိျမင္ျပီး Anna ကုိ ေက်းဇူးတင္ေၾကာင္း၊သူတုိ႔ အုိင္ေဒါလ္ကုိဂရုစိုက္ေပးလို႔ ခ်စ္ရေၾကာင္းေတြ
အျပန္အလွန္ကြန္းမန္႔ေတြေရးသားခဲ႔တာျမင္ေတြ႔ရပါတယ္။ပရိသတ္ေတြအတြက္ Grammy ဆုေပးပြဲပံုရိပ္ေလးတစ္ခ်ိဳ႔ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Unicode

2019 Grammy Awards ဆုပေးပွဲကြီးကို တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်ကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်တဲ့ BTS လည်းတက်ရောက်ခဲ့တာ
ပရိသတ်တွေလည်းသိပြီးဖြစ်ကြမှာပါ။တကယ့် ဒိတ်ဒိတ်ကြဲနာမည်ကျော် ဆုပေးပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့အပြင် BTS အဖွဲ့ဟာ
အဲ့ဒီပွဲမှာ နာမည်ကျော်အဆိုတော်မင်းသမီးတစ်လက်နဲ့လည်း ခင်မင်သိကျွမ်းလာခဲ့တယ်ဆိုရမှာပါပဲ။

၆၁ ကြိမ်မြောက်ကျင်းပတဲ့ ဆုပေးပွဲမတိုင်ခင် ရက်အနည်းငယ်အလိုက Staples Center က BTS အဖွဲ့ဘေးမှာ ဘယ်သူထိုင်မလဲဆိုတဲ့ ထိုင်ခုံစာရင်းလေးကို
တင်ပေးခဲ့ပါတယ်။ပရိသတ်တွေက သူတို့အဖွဲ့ဝင်တွေအတူတူမထိုင်ရမှာစိုးရိမ်ပြီးထိုင်ခုံစာရင်းကို ကြည့်လိုက်တဲ့အခါ သူတို့ချစ်တဲ့အိုင်ဒေါလ်တွေရဲ့
ဘေးခုံမှာ မင်းသမီး Anna Kendrick ထိုင်မယ်လို့သိခဲ့ရပါတယ်။Anna Kendrick က Jungkook ရဲ့ဘေးမှာထိုင်မှာပဲဖြစ်ပါတယ်။

ချစ်ဖို့လည်းကောင်းပြီး သဘောလည်းကောင်းတဲ့မင်းသမီးချောဟာ BTS အဖွဲ့နဲ့လည်း အတူသီချင်းတွေဆိုခဲ့တယ်လို့သိရပြီး တွစ်တာမှာလည်း
ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ဘာလဲဆိုတော့ “BTS အဖွဲ့ကို ကျွန်မပြောခဲ့တယ်။ရှင်တို့ရဲ့ ပရိသတ်တွေက ကျွန်မရှင်တို့ဘေးနားမှာထိုင်မယ်ဆိုတာသိတော့
အရမ်းစိတ်လှုပ်ရှားနေကြတယ်။ပြီးတော့ ရှင်တို့ကိုဂရုစိုက်ပေးဖို့ ကျွန်မကိုပြောခဲ့တယ်။ဒါကြောင့် ရှင်တို့သရေစာလိုအပ်တာဖြစ်စေ ဒါမှမဟုတ် တစ်ခြားလိုအပ်တာဖြစ်စေ ကျွန်မကိုပြောလို့ရပါတယ်”ဆိုပြီး သူမဘက်က ဂရုစိုက်ပေးခဲ့တဲ့အကြောင်း ရေးခဲ့တာပါ 😉

ပရိသတ်တွေကတော့ အဲ့ဒါကိုမြင်ပြီး Anna ကို ကျေးဇူးတင်ကြောင်း၊သူတို့ အိုင်ဒေါလ်ကိုဂရုစိုက်ပေးလို့ ချစ်ရကြောင်းတွေ
အပြန်အလှန်ကွန်းမန့်တွေရေးသားခဲ့တာမြင်တွေ့ရပါတယ်။ပရိသတ်တွေအတွက် Grammy ဆုပေးပွဲပုံရိပ်လေးတစ်ချို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

 

 

112 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.