Oh Yeon Seo နဲ့ Kim Bum တို့ရဲ့အချစ်ရေးကတော့ ဒီမှာတင်ပြီးဆုံးသွားပါပြီ

ဒီကနေ့ ဖေဖော်ဝါရီ ၁၃ရက်နေ့မှာပဲ Oh Yeon Seo နဲ့ Kim Bum တို့ရဲ့အချစ်ရေးဟာ အဆုံးသတ်သွား
ပြီလို့ သက်ဆိုင်ရာ အေဂျင်စီတွေက အတည်ပြုကြေငြာလိုက်ပါပြီ။

Agencies Confirm Oh Yeon Seo And Kim Bum Have Ended Their Relationship

Kim Bumရဲ့အေဂျင်စီဖြစ်တဲ့ Starship က ” Oh Yeon Seo နဲ့ Kim Bum တို့ ပြီးခဲ့တဲ့နှစ်ကပဲ လမ်းခွဲလိုက်ကြပြီဖြစ်ပါတယ် ” လို့ ပြောသွားပါတယ်။ ” သူတို့နှစ်ယောက် လမ်းခွဲလိုက်တာ အမှန်ပါ။ ဘာကြောင့် လမ်းခွဲလိုက်တယ်ဆိုတာကတော့ သက်ဆိုင်သူနှစ်ယောက်လုံးရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်တာကြောင့် ဒီထက်တော့ပိုပြောလို့မရပါဘူး ” လို့ Oh Yeon Seo အေဂျင်စီ Celltrion Entertainment
ကလည်း ပြောပြသွားပါတယ်။

Image result for Oh Yeon Seo And Kim Bum

Oh Yeon Seo နဲ့ Kim Bum တို့ဟာ ၂ဝ၁၈ မတ်လလောက်မှာ စဒိတ်ခဲ့ကြတာပါ။ ”Hwayugi” ဇာတ်ကားရိုက်ရင်း နှစ်ယောက်ဆုံဖြစ်ခဲ့ကြပါတယ်။ အခုလို လမ်းခွဲလိုက်ကြပြီဆိုတော့ ပရိတ်သတ်တွေလည်း သူတို့အတွက် စိတ်မကောင်းဖြစ်ရုံမှတပါး ဘာမှမတတ်နိုင်ပါ ။

183 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.