ကုိယ့္ခ်စ္သူေကာင္ေလးကုိ အမွတ္တရလက္ေဆာင္ေပးေတာ့မယ္ဆုိရင္ ဒါေလးေတြသိထားဖုိ႔လို

ဘယ္သူမဆုိ ကုိယ့္ခ်စ္သူကုိ အေကာင္းဆံုးေတြပဲေပးခ်င္ၾကတာပါ။ဒါေပမဲ႔ အမွတ္တရလက္ေဆာင္ေပးေတာ့မယ္ဆုိရင္ ဘာေပးရမလဲ ေခါင္းေျခာက္ေအာင္စဥ္းစားရပါတယ္။သူဘာလိုအပ္ေနတာလဲ ဘာလိုခ်င္တာလဲစသျဖင့္ေပါ့။ေယာက်ာ္းေလးအမ်ားစုကေတာ့စပရိုက္စ္လုပ္ခံရတာမ်ိဳးထက္ ရုိးရိုးရွင္းရွင္းေလးကုိပုိျပီးသေဘာက်ၾကပါတယ္။ျပီးေတာ့ သင့္အေနနဲ႔ ကုိယ့္ခ်စ္သူကုိလက္ေဆာင္ေပးေတာ့မယ္ဆုိရင္ ကုိယ့္လက္ေဆာင္ေလးက သူ႔အတြက္ စိတ္ေက်နပ္စရာျဖစ္ေအာင္ ဒါေလးေတြသိထားဖုိ႔လိုအပ္ပါတယ္။

*သူဘာလိုအပ္ေနလဲ အရင္စဥ္းစားပါ
ပထမဆံုး သူလိုအပ္ေနတာဘာလဲ စဥ္းစားပါ။သူလိုအပ္ေနတဲ႔အရာေလးကုိ ကုိယ္က ဂရုတစုိက္မွတ္ထားျပီးလက္ေဆာင္ေပးလုိက္တဲ႔အခါ သူလည္းစိတ္ေပ်ာ္ရႊင္သြားသလို ကုိုယ့္ကုိလည္း သူအခ်စ္ပုိသြားမွာအမွန္ပါပဲ။သူလုိအပ္ေနတဲ႔အရာဆုိတာ ပစၥည္းတစ္ခုခုလည္းျဖစ္ရင္ျဖစ္မယ္။တစ္ေနရာရာကုိခရီးထြက္ခ်င္ေနတာျဖစ္ရင္ျဖစ္မယ္။ဒါမွမဟုတ္ ကုိယ္သူ႔ကုိအခ်ိန္ေပးဖုိ႔ေမ်ွာ္လင့္ေနတာျဖစ္ရင္ျဖစ္မယ္။ႏွလံုးသားနဲ႔ျမင္ေအာင္ၾကည့္ပါေပါ့။

*အမ်ားၾကီးမစဥ္းစားပါနဲ႔
ရုိမန္တစ္ဆန္တာေတြ၊တန္ဖုိးၾကီးတာေတြ၊တန္ဖိုးသင့္တာေတြအမ်ားၾကီးမစဥ္းစားပါနဲ႔။ကုိယ္ေပးလိုက္တဲ႔လက္ေဆာင္ရရင္ သူတကယ္ေပ်ာ္ပါ့မလား၊သူတန္ဖုိးထားမွာလား၊ဘယ္လိုအဓိပၸာယ္လဲ၊ေစ်းဘယ္ေလာက္ရွိလဲဆုိတာေတြ လိုက္ျပီးမစဥ္းစားပါဘူး။သူတုိ႔ကလက္ေဆာင္ရရင္ လက္ေဆာင္ထက္ သူတုိ႔ကုိသတိတရရွိလုိ႔ သူတုိ႔ကုိအေလးထားတယ္ခံစားရလို႔ ေပ်ာ္ရႊင္သြားမယ္။သူ႔အတြက္အမွတ္တရျဖစ္ေစလုိ ႔သင့္ကုိပုိခ်စ္မိသြားမယ္။ဒီေလာက္ပါပဲ။သူတုိ႔အေတြးေတြ၊ခံစားခ်က္ေတြက မိနး္ကေလးေတြေလာက္ မရႈပ္ေထြးပါဘူး

*သူတုိ႔ဘာေတြ ၀ယ္ရသံုးရတာၾကိဳက္လဲ
သူ႔အတြက္လက္ေဆာင္ေပးဖုိ႔စဥ္းစားမယ္ဆုိရင္ အရင္ဆံုးကုိယ္ေပးခ်င္တာထက္ သူတုိ႔ ဘာေတြ၀ယ္ရတာၾကိဳက္လဲ၊ဘယ္ေနရာမွာပုိက္ဆံသံုးရတာၾကိဳက္လဲစသျဖင့္ အကဲခတ္ၾကည့္ပါ။သင့္ခ်စ္သူက ဗီဒီယုိဂိမ္းေခြေတြ၀ယ္ရတာၾကိဳက္တာလား၊သူ၀ါသနာပါရာအားကစားအတြက္ ပစၥည္းပစၥယေတြ၀ယ္ရတာသေဘာက်လားစသျဖင့္ေပါ့။အဲ႔ဒီလုိလက္ေဆာင္မ်ိဳးေပးလိုက္ရင္ သင့္ခ်စ္သူအတြက္ အသံုး၀င္ေစသလို သူတုိ႔လည္းစိတ္ေက်နပ္သြားမွာအမွန္ပါပဲ။

အဓိကကေတာ့ တန္ဖုိးၾကီးတာ တန္ဖုိးနည္းတာေတြထက္သူ႔အတြက္လည္း အသံုး၀င္မယ္။စိတ္ေက်နပ္စရာလည္းျဖစ္ေစမယ့္ လက္ေဆာင္မ်ိဳးျဖစ္ဖုိ႔အေရးၾကီးဆံုးပါပဲ။တစ္ေယာက္ကုိတစ္ေယာက္လက္ေဆာင္ေတြမေပးဘူးဆုိရင္ေတာင္ သူက သင့္အတြက္တန္ဖုိးမျဖတ္ႏုိင္တဲ့လက္ေဆာင္ျဖစ္ျပီး သင္ကလည္း သူ႔အတြက္ တန္ဖိုးမျဖတ္ႏုိင္တဲ႔လက္ေဆာင္ျဖစ္ေနဦးမွာပါပဲ 💗

Unicode

ဘယ်သူမဆို ကိုယ့်ချစ်သူကို အကောင်းဆုံးတွေပဲပေးချင်ကြတာပါ။ဒါပေမဲ့ အမှတ်တရလက်ဆောင်ပေးတော့မယ်ဆိုရင် ဘာပေးရမလဲ ခေါင်းခြောက်အောင်စဉ်းစားရပါတယ်။သူဘာလိုအပ်နေတာလဲ ဘာလိုချင်တာလဲစသဖြင့်ပေါ့။ယောကျာ်းလေးအများစုကတော့စပရိုက်စ်လုပ်ခံရတာမျိုးထက် ရိုးရိုးရှင်းရှင်းလေးကိုပိုပြီးသဘောကျကြပါတယ်။ပြီးတော့ သင့်အနေနဲ့ ကိုယ့်ချစ်သူကိုလက်ဆောင်ပေးတော့မယ်ဆိုရင် ကိုယ့်လက်ဆောင်လေးက သူ့အတွက် စိတ်ကျေနပ်စရာဖြစ်အောင် ဒါလေးတွေသိထားဖို့လိုအပ်ပါတယ်။

*သူဘာလိုအပ်နေလဲ အရင်စဉ်းစားပါ
ပထမဆုံး သူလိုအပ်နေတာဘာလဲ စဉ်းစားပါ။သူလိုအပ်နေတဲ့အရာလေးကို ကိုယ်က ဂရုတစိုက်မှတ်ထားပြီးလက်ဆောင်ပေးလိုက်တဲ့အခါ သူလည်းစိတ်ပျော်ရွှင်သွားသလို ကိုယ့်ကိုလည်း သူအချစ်ပိုသွားမှာအမှန်ပါပဲ။သူလိုအပ်နေတဲ့အရာဆိုတာ ပစ္စည်းတစ်ခုခုလည်းဖြစ်ရင်ဖြစ်မယ်။တစ်နေရာရာကိုခရီးထွက်ချင်နေတာဖြစ်ရင်ဖြစ်မယ်။ဒါမှမဟုတ် ကိုယ်သူ့ကိုအချိန်ပေးဖို့မျှော်လင့်နေတာဖြစ်ရင်ဖြစ်မယ်။နှလုံးသားနဲ့မြင်အောင်ကြည့်ပါပေါ့။

*အများကြီးမစဉ်းစားပါနဲ့
ရိုမန်တစ်ဆန်တာတွေ၊တန်ဖိုးကြီးတာတွေ၊တန်ဖိုးသင့်တာတွေအများကြီးမစဉ်းစားပါနဲ့။ကိုယ်ပေးလိုက်တဲ့လက်ဆောင်ရရင် သူတကယ်ပျော်ပါ့မလား၊သူတန်ဖိုးထားမှာလား၊ဘယ်လိုအဓိပ္ပာယ်လဲ၊ဈေးဘယ်လောက်ရှိလဲဆိုတာတွေ လိုက်ပြီးမစဉ်းစားပါဘူး။သူတို့ကလက်ဆောင်ရရင် လက်ဆောင်ထက် သူတို့ကိုသတိတရရှိလို့ သူတို့ကိုအလေးထားတယ်ခံစားရလို့ ပျော်ရွှင်သွားမယ်။သူ့အတွက်အမှတ်တရဖြစ်စေလို့သင့်ကိုပိုချစ်မိသွားမယ်။ဒီလောက်ပါပဲ။သူတို့အတွေးတွေ၊ခံစားချက်တွေက မိန်းကလေးတွေလောက် မရှုပ်ထွေးပါဘူး

*သူတို့ဘာတွေ ဝယ်ရသုံးရတာကြိုက်လဲ
သူ့အတွက်လက်ဆောင်ပေးဖို့စဉ်းစားမယ်ဆိုရင် အရင်ဆုံးကိုယ်ပေးချင်တာထက် သူတို့ ဘာတွေဝယ်ရတာကြိုက်လဲ၊ဘယ်နေရာမှာပိုက်ဆံသုံးရတာကြိုက်လဲစသဖြင့် အကဲခတ်ကြည့်ပါ။သင့်ချစ်သူက ဗီဒီယိုဂိမ်းခွေတွေဝယ်ရတာကြိုက်တာလား၊သူဝါသနာပါရာအားကစားအတွက် ပစ္စည်းပစ္စယတွေဝယ်ရတာသဘောကျလားစသဖြင့်ပေါ့။အဲ့ဒီလိုလက်ဆောင်မျိုးပေးလိုက်ရင် သင့်ချစ်သူအတွက် အသုံးဝင်စေသလို သူတို့လည်းစိတ်ကျေနပ်သွားမှာအမှန်ပါပဲ။

အဓိကကတော့ တန်ဖိုးကြီးတာ တန်ဖိုးနည်းတာတွေထက်သူ့အတွက်လည်း အသုံးဝင်မယ်။စိတ်ကျေနပ်စရာလည်းဖြစ်စေမယ့် လက်ဆောင်မျိုးဖြစ်ဖို့အရေးကြီးဆုံးပါပဲ။တစ်ယောက်ကိုတစ်ယောက်လက်ဆောင်တွေမပေးဘူးဆိုရင်တောင် သူက သင့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်ဖြစ်ပြီး သင်ကလည်း သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်ဖြစ်နေဦးမှာပါပဲ 💗

101 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.