နောက်ကျတတ်တဲ့အကျင့်က ကောင်းတာတော့မဟုတ်ပေမယ့် သူ့မှာ ကောင်းမွန်တဲ့သက်ရောက်မှု
လေးတွေ ရှိနေပြန်တယ်။ အမြဲတမ်းချိန်းလိုက်ရင် နောက်ကျတတ်တဲ့သူတွေ သူငယ်ချင်းတွေထဲမှာ
ရှိလား။ သူတို့ဟာ အချိန်တိကျသူထက်တောင် စိတ်ချမ်းသာပြီး အသက်ရှည်ရှည်ဘ၀မှာ နေထိုင်ရ
တတ်ပါတယ်။
အမြဲနောက်ကျတတ်သူတွေဟာ စိုးရိမ်ပူပန်စိတ်နည်းတယ်။ အရာရာကို အေးဆေးပဲတွေးတတ်ပါတယ်။ စိတ်ချမ်းသာဖို့ကိုပဲ ဦးစားပေးတာကြောင့် အောင်မြင်မှုဘဝကိုလည်း ပိုင်ဆိုင်နိုင်ချေများပါတယ်။ အချိန်ကို စီမံတတ်သူတွေထက် ဒီလူတွေဟာ ပိုပြီး လူမှုဆက်ဆံရေးလည်း ကောင်းကြသတဲ့။
ဒါကတော့ တကယ်ပါ။ နောက်ကျတတ်တဲ့သူတွေ ကြည့်လိုက်ရင် စောင့်နေရသူတွေ စိတ်ဆိုးပြေအောင်တော့ အမြဲစကားပြောကြွယ်လှသူတွေဖြစ်ပါတယ်။ သူတို့ဟာ ဖိစီးမှုနည်းတာကြောင့် ဖန်တီးမှုစွမ်းရည်ပိုကောင်းတယ်။ တစ်ခုခုဆိုလည်း ဖြည်းဖြည်းချင်းစဉ်းစားတတ်တယ်။ ဘယ်တော့မှ အလျင်စလို ဆုံးဖြတ်ချက်မချတတ်ဘူး။ နောက်ဆုံးမှာ ဒီလူတွေပဲ စိတ်အချမ်းသာဆုံးလူတွေအဖြစ် ကျန်ရှိခဲ့ပါတယ်။ဟုတ်လား ၊ မဟုတ်လား သိချင်ရင် အမြဲနောက်ကျတတ်သူတွေကို မေးကြည့်,ကြည့်နော်