ကျန်းမာထက်မြက်တဲ့ဦးနှောက်လေးပိုင်ဆိုင်ဖို့ ဒီအစားအစာတွေပဲလိုတယ်နော်
သစ်ကြားသီး
ဆဲလ်မွန်ငါး
နနွင်းမှုန့်
ဘယ်ရီသီး
ခရမ်းချဉ်သီး
ပန်းဂေါ်ဖီ
ပန်းသီး
Unicode
ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် အစားအစာတွေနဲ့အားဖြည့်ရသလို ကိုယ်တွေရဲ့ဦးနှောက်အတွက်လည်း အားဖြည့်ဖို့ မေ့လို့မရပါဘူး။အသက်အရွယ်ကြီးလာရင် ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါကို ကြိုတင်ကာကွယ်ထားနိုင်တဲ့အပြင် ဦးနှောက်မှတ်ဉာဏ်အားကောင်းလာစေဖို့ စားပေးသင့်တဲ့အစားအစာတွေရှိနေပါတယ်။ကိုယ်နေ့တိုင်းစားနေကျ အစားအစာတွေထဲ အနည်းငယ်ထပ်တိုးလိုက်ရုံနဲ သင့်ဦးနှောက်ကျန်းမာရေးအတွက် ကာကွယ်အားဖြည့်ပြီးသားဖြစ်စေမှာပါ။
သစ်ကြားသီး
သစ်ကြားသီးစားပေးတာက သင့်ဦးနှောက်အတွက်တင်မက သင့်နှလုံးအတွက်ပါ ကောင်းမွန်စပေါတယ်။အစေ့အဆန်တွေဟာ သဘာဝအာဟာရဓာတ်တွေအများကြီးပါဝင်ပြီး သစ်ကြားသီးမှာတော့ အိုမီဂါသရီးအက်စစ်တစ်မျိုးပါဝင်နေပါတယ်။ဒါကြောင့် သစ်ကြားသီးလေးတွေစားပေးတာက
သင့်ဦးနှောက်ကျန်းမာဖို့ တစ်မျိုးတစ်ဖုံကူညီပေးနိုင်ပါတယ်။
ဆဲလ်မွန်ငါး
ဆဲလ်မွန်ငါးမှာလည်း အိုမီဂါသရီးအက်စစ်ပါဝင်တဲ့အတွက် အတိတ်မေ့ရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့သွေးအစုအခဲဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ဆဲလ်မွန်ငါးကို တစ်ပတ်တစ်ခါ၊နှစ်ခါလောက်ပုံမှန်စားပေးသင့်ပါတယ်။
နနွင်းမှုန့်
နနွင်းမှုန့်ဟာ ဦးနှောက်စွမ်းဆောင်ရည်ကိုတိုးမြှင့်ပေးနိုင်တဲ့ brain-derived neurotrophic factor (BDNF) level ကိုမြှင့်တင်ပေးနိုင်တယ်လို့သိရပြီး အလွယ်တကူမေ့လျော့တတ်တာတွေလည်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ထမင်းဟင်းချက်တိုင်း နနွင်းမှုန့်လေးတွေထည့်ပြီးချက်ပြုတ်စားပေးသင့်ပါတယ်။
ဘယ်ရီသီး
ဘယ်ရီသီးတွေဟာ anti-oxidative ကြွယ်ဝတဲ့အသီးအနှံတွေဖြစ်ပါတယ်။တစ်ပတ်ကို ဘယ်ရီသီးအနည်းငယ်စားပေးရုံနဲ့ ဦးနှောက်ဉာဏ်ရည်တိုးတက်စေပြီးမကြာခဏမေ့လျော့တတ်တာမျိုးကို လျော့နည်းလာစေပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကို လူတော်တော်များများကြိုက်ကြပါတယ်။ခရမ်းချဉ်သီးဟာ တစ်ပတ်ကို သုံးလေးခါလောက် အိမ်ရှင်မတွေချက်ပြုတ်ကြတဲ့ ဟင်းလျာတစ်ခုပါ။ဒီခရမ်းချဉ်သီးမှာလည်း ကောင်းမွန်တဲ့ antioxidant တွေပါဝင်လို့ဦးနှောက်ကို အားဖြည့်ပေးနိုင်ပါတယ်။ခရမ်းချဉ်သီးကို ပုံမှန်စားသုံးပေးနေတာက ဦးနှောက်ကျန်းမာအောင် ကာကွယ်ပေးနေတာနဲ့ အတူတူပါပဲ။
ပန်းဂေါ်ဖီ
လေ့လာချက်တွေအရ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေဟာ Vitamin A ၊ K ၊ folate ၊ lutein နဲ့ fiber ဓာတ်တွေပါဝင်လို့ ဦးနှောက်ကျန်းမာရေးအတွက် စားပေးသင့်တဲ့အစားအစာတွေဖြစ်တယ်လို့ သိရပါတယ်။
ပန်းသီး
ပန်းသီးမှာပါဝင်တဲ့ကွန်ပေါင်းဓာတ်တွေဟာ ဦးနှောက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပြီး ဦးနှောက်ကလာပ်ဆဲလ်သေဆုံးမှုကို လျှော့ချပေးနိုင်ပါတယ်။အယ်လ်ဇိုင်းမားလို ဦးနှောက်မှတ်ဉာဏ်လျော့နည်းလာတဲ့ရောဂါတွေလည်းမဖြစ်အောင် အဓိကအရေးပါတဲ့နေရာကနေ ကူညီပေးနိုင်တယ်လု့ိသိရပါတယ်။ဒါကြောင့် ပန်းသီးကိုလည်း တစ်ပတ်ကို ၂ခါ သုံးခါလောက်စားပေးသင့်ပါတယ်။
Trend ပရိသတ်ကြီးလည်း ဦးနှောက်ကျန်းမာစေဖို့ ဒီအစားအစာလေးတွေစားပေးဖို့ မမေ့နဲ့နော်
27 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.