ပရိတ်သတ်တွေရှေ့မှောက်ကို ဘယ်လိုပုံစံနဲ့ BLACKPINK ပြန်ရောက်လာမှာလဲ

YG Entertainment ရဲ့ founder Yang Hyun Suk ဟာ BLACKPINK တွေရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပရိတ်သတ်ရှေ့ကို ဘယ်လိုပုံစံနဲ့ရောက်လာဦးမလဲဆိုတာ ပြောပြသွားပါတယ်။

Image result for BLACKPINK

မတ်လကုန်ပိုင်းလောက်မှာ BLACKPINK တွေအနေနဲ့ သီချင်းအသစ်ထွက်ဖို့ ရှိပါတယ်။ သီချင်းအပုဒ်ရေအများကြီးနဲ့ EP album ဖြစ်ပါလိမ့်မယ်။ အခုချိန်မှာ BLACKPINK တို့ရဲ့သီချင်းတွေမထွက်နိုင်သေးတာကို ပရိတ်သတ်တွေ နားလည်ပေးဖို့ မျှော်လင့်ကြောင်းနဲ့ ထွက်လာတဲ့အခါ အကြိုက်တွေ့အောင် အစွမ်းကုန်ကြိုးစားထားကြကြောင်းလည်း ပြောပြထားပါတယ်။

Related image

အဲ့ဒီအတွက်လည်း သူတို့စိတ်လှုပ်ရှားနေကြပါတယ်။ BLACKPINK ရဲ့ EP album ပြီးရင် Rose ရဲ့solo သီချင်းလည်း ထွက်လာဖို့ရှိပါတယ်။ ဒါ့အပြင် Lisa နဲ့ Jisoo တို့ကလည်း solo tracks အတွက် အပြင်းထန် ကြိုးစားနေကြပါတယ်။

BLACKPINK ဟာ US အထိ ခြေဆန့်ဖို့လည်း အစီစဉ်ရှိပါတယ်။ ယူအက်စ်နဲ့ ဥရောပမှာ နာမည်ကြီး မိန်းကလေးအဖွဲ့ဆိုပြီး ကျော်ကြားတာမျိုးက ရှားပါတယ်။ ဒါကြောင့် သူတို့ ဒီလိုနေရာတွေထိ ထိုးဖောက်နိုင်အောင် အရှိန်မြှင့်နေကြပါပြီတဲ့။

74 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.