Grammy ဆုေပးပြဲမွာ ဒီႏွစ္ေယာက္ရဲ႔ပူးေပါင္းေဖ်ာ္ေျဖမႈကို ျမင္ေတြ႔ရေတာ့မွာလား?

နာမည္ေက်ာ္အဆုိေတာ္ေတြျဖစ္ၾကတဲ႔ Miley Cyrus နဲ႔ Shawn Mendes တုိ႔ဟာ လာမယ့္ တနဂၤေႏြ ေဖေဖာ္၀ါရီ ၁၀ရက္ေန႔မွာက်င္းပမယ့္ Grammy ဆုေပးပြဲမွာ ႏွစ္ေယာက္အတူေဖ်ာ္ေျဖသြားမယ္ဆုိတဲ႔သတင္းေတြထြက္ရွိလာပါတယ္။

ဘာလုိ႔ ဒီသတင္းေတြထြက္ရွိလာရသလဲဆုိရင္ Miley က သူမရဲ႔ အင္စတာဂရမ္မွာ Grammy ပြဲအတြက္ ေလ့က်င့္ေနတဲ႔အေၾကာင္း ဆဲလ္ဖီပံုေလးတင္ခဲ႔လုိ႔ပါပဲ။အဲ႔ဒီမွာ တစ္ခ်ိဳ႔ေသာပရိသတ္ေတြက Miley ရဲ႔အေနာက္မွာ Shawn ရဲ ႔အျပာေရာင္ဂစ္တာေလးကုိ ျမင္ေတြ႔သြားခဲ႔ပါတယ္။ဒါေၾကာင့္ ပရိသတ္ေတြက Shawn နဲ႔ပူးေပါင္းေဖ်ာ္ေျဖဖို႔ လုပ္ေနတာလားဆုိျပီးေမးျမန္းခဲ႔ပါတယ္။အတည္ျပဳေျဖၾကားထားတာမ်ိဳးေတာ့မရွိေသးပါဘူး။

Shawn ကလည္း Miley ရဲ ႔အဲ႔ဒီပုိစ့္ေလးကုိ တြစ္တာမွာျပန္ share ထားခဲ႔ပါတယ္။ဒါက သူတုိ႔ႏွစ္ေယာက္အတူပူးေပါင္းေဖ်ာ္ေျဖျဖစ္မယ္ဆုိတဲ႔အဓိပၸာယ္လား၊တစ္ေယာက္ခ်င္းစီပဲ သီးသန္႔ေလ့က်င့္ေနၾကတာမ်ိဳးကုိဆုိလိုတာလား ေသခ်ာမသိေသးေပမဲ႔ ပရိသတ္ေတြကေတာ့ ၀မ္းသာေနၾကပါတယ္။တကယ္ပဲ ပူးေပါင္းေဖ်ာ္ေျဖသြားၾကမွာလားဆုိတာေတာ့ေဖေဖာ္၀ါရီ ၁၀ ရက္္ေန႔မွာမွ ျမင္ေတြ႔ရမွာပဲျဖစ္ပါတယ္။ပရိသတ္ၾကီးေရာ သူတုိ႔ အတူေဖ်ာ္ေျဖတာ ျမင္ေတြ႔ခ်င္ၾကလား?

https://twitter.com/shawnsmutual/status/1092915638258098177

Ref:teenvogue

Unicode

နာမည်ကျော်အဆိုတော်တွေဖြစ်ကြတဲ့ Miley Cyrus နဲ့ Shawn Mendes တို့ဟာ လာမယ့် တနင်္ဂနွေ ဖေဖော်ဝါရီ ၁၀ရက်နေ့မှာကျင်းပမယ့် Grammy ဆုပေးပွဲမှာ နှစ်ယောက်အတူဖျော်ဖြေသွားမယ်ဆိုတဲ့သတင်းတွေထွက်ရှိလာပါတယ်။

ဘာလို့ ဒီသတင်းတွေထွက်ရှိလာရသလဲဆိုရင် Miley က သူမရဲ့ အင်စတာဂရမ်မှာ Grammy ပွဲအတွက် လေ့ကျင့်နေတဲ့အကြောင်း ဆဲလ်ဖီပုံလေးတင်ခဲ့လို့ပါပဲ။အဲ့ဒီမှာ တစ်ချို့သောပရိသတ်တွေက Miley ရဲ့အနောက်မှာ Shawn ရဲ့အပြာရောင်ဂစ်တာလေးကို မြင်တွေ့သွားခဲ့ပါတယ်။ဒါကြောင့် ပရိသတ်တွေက Shawn နဲ့ပူးပေါင်းဖျော်ဖြေဖို့ လုပ်နေတာလားဆိုပြီးမေးမြန်းခဲ့ပါတယ်။အတည်ပြုဖြေကြားထားတာမျိုးတော့မရှိသေးပါဘူး။

View this post on Instagram
Gram Gram rehearsals! Performing this Sunday at the @recordingacademy !

A post shared by Miley Cyrus (@mileycyrus) on Feb 5, 2019 at 2:06pm PST

Shawn ကလည်း Miley ရဲ့အဲ့ဒီပိုစ့်လေးကို တွစ်တာမှာပြန် share ထားခဲ့ပါတယ်။ဒါက သူတို့နှစ်ယောက်အတူပူးပေါင်းဖျော်ဖြေဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်လား၊တစ်ယောက်ချင်းစီပဲ သီးသန့်လေ့ကျင့်နေကြတာမျိုးကိုဆိုလိုတာလား သေချာမသိသေးပေမဲ့ ပရိသတ်တွေကတော့ ဝမ်းသာနေကြပါတယ်။တကယ်ပဲ ပူးပေါင်းဖျော်ဖြေသွားကြမှာလားဆိုတာတော့ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာမှ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရော သူတို့ အတူဖျော်ဖြေတာ မြင်တွေ့ချင်ကြလား?

Ref:teenvogue

56 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.