မိတ်ကပ်နဲ့မျက်နှာ တစ်သားတည်းကျစေဖို့ အသားရည် ဘယ်လိုထိန်းသိမ်းမလဲ

မင်းသမီးလေးတွေ၊ မိတ်ကပ် ဘလော့ကာတွေကို ကြည့်လိုက်ရင် သူတို့အသားရည်လေးတွေ ဝင်းပြီး စိုပြေနေတာ သတိထားမိမှာပါ။ သူတို့ဟာ မိတ်ကပ်တွေနဲ့ အမြဲထိတွေ့နေရတဲ့အတွက် မျက်နှာအသားရည်ကို ပိုပြီးဂရုစိုက်ကြပါတယ်။ ဒါဆို သူတို့ရဲ့မျက်နှာ အသားရည်တွေကို ဘယ်လိုထိန်းသိမ်းလဲ..

Image result for cleansing face

အရင်ဆုံး မျက်နှာအသားရည်ကို ဦးစားပေးလုပ်တော့မယ်ဆိုရင် cleansing ပိုင်းက အရေးကြီးပါတယ်နော်။ မျက်နှာကို သေချာဆေးကြော သန့်စင်မှ အတွင်းပိုင်းအသားရည်ထဲက အညစ်ကြေးတွေ ကုန်စင်မှာဖြစ်ပါတယ်။

မိတ်ကပ်ဖျက်တာဝါ ဒါမှမဟုတ် မိတ်ကပ်ဖျက်ရည် ကောင်းကောင်းလေးနဲ့ မျက်နှာကို သန့်စင်ပါ။ ပြီးရင် တိုနာလိမ်းဖို့ မမေ့နဲ့နော်။ တစ်နေကုန်ပင်ပန်းလာတယ်ဆိုရင် နွမ်းနယ်မှုတွေ ပြေပျောက်စေမယ့် mask လေးကပ်ပေးပါ။ maskက တပတ်ကို နှစ်ခါ ၊ သုံးးခါလောက် ပုံမှန်သုံးပေးဖို့ လိုပါတယယ်။ ဒါမှ မိတ်ကပ်လိမ်းတဲ့အခါ အသားလေးက အမြဲတမ်းညက်နေမှာပါ။

Image result for pony  makeup look

ပုံမှန် skin care တွေဖြစ်တဲ့ essence , serum တို့ကိုလည်း ပုံမှန်သုံးပေးဖို့ မပျင်းပါနဲ့။ မျက်နှာဟာ လိုအပ်တဲ့အစိုဓာတ်မရှိရင် ဘယ်လောက်မိတ်ကပ်ကောင်းကောင်း အသားမတက်ပါဘူး။ မိတ်ကပ်နဲ့ မျက်နှာတစ်သားတည်းကျဖို့ဆိုရင် skin care ပိုင်းကို နိုင်နိုင်လုပ်ပေးဖို့လိုပါတယ်။

Image result for mask beauty

မိတ်ကပ်သားပိုတက်ချင်တယ်ဆိုရင် မိတ်ကပ်မလိမ်းခင် မိနစ် ၃ဝအလိုမှာ mask ကပ်ပေးပါ။ ညအိပ်ချိန်တွေ mask ကပ်ပြီးရင်လည်း mask က ကျန်တဲ့အရည်တွေ မျက်နှာမှာ ပုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ essence အေးအေးလည်း မျက်နှာမှာ ထပ်ပုတ်လိမ်းပေးပါ။ ဒါမှ မျက်နှာဟာ အစိုဓာတ် တစ်ချိန်လုံး ပြည့်ဝနေမှာဖြစ်ပါတယ်။

မျက်နှာကို တစ်ချိန်လုံးဂရုစိုက်နေမှတော့ မျက်ကွင်းနားတစ်ဝှိက်အသားရည်ကိုလည်း မမေ့နဲ့နော်။ မျက်ကွင်းညိုနေရင် ကြည့်ရဆိုးပါတယ်။ eye cream လေးတွေလည်း ပုံမှန်လိမ်းပေးပါနော်။ ဒါမှ concealer လိမ်းတဲ့အခါ သဘာဝတိုင်းလေး လှနေမှာဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့နာမည်ကြီး မိတ်ကပ် ဘလော့ကာဖြစ်တဲ့ Pony ရဲ့ညဘက် skin care အသုံးပြုပုံနဲ့ သူမရဲ့မိတ်ကပ်ပြင်ဆင်တဲ့ အခါ အသားရည် ဘယ်လောက်ညက်ညောမှုရှိလဲဆိုတာ ဗီဒီယိုလေးပါ ဖော်ပြပေးလိုက်ပါတယ်နော်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.