Cooke Maroney နဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ Jennifer Lawrence

၈လကြာ ဒိတ်ပြီးနောက်မှာတော့ မင်းသမီး Jennifer Lawrence နဲ့ Cooke Maroney တို့စေ့စပ်လိုက်ကြပြီဖြစ်ပါတယ်။ The Hunger Game မင်းသမီးကြီးကတော့ နယူးယော့မြို့ တစ်ခွင့်မှာ တောက်ပတဲ့စိန်လက်စွပ်လေးဝတ်ကာ အချစ်နဲ့အတူ လျှောက်လည်နေလေရဲ့။

Image result for Cooke Marone

နယူးယော့မြို့ က စားသောက်ဆိုင်တစ်ခုမှာ သူမနဲ့ Cooke တို့ညနေစာ စားနေချိန် ပရိတ်သတ်အချို့ ကသူမ လက်ကလက်စွပ်ကို သတိထားမိခဲ့ကြပါတယ်။

လက်စွပ်က အတော်လေးကြီးသတဲ့။ အဝေးကလှမ်းကြည့်ရင်တောင် ဒီလက်စွပ်ကို သတိထားမိလောက်တယ်လို့ သိရပါတယ်။ ချစ်စရာကောင်းတဲ့ အနက်ရောင်အကျီ င်္လေးနဲ့ အရောင်ဝင်းနေတဲ့ လက်စွပ်ဟာ လိုက်ဖက်မှုရှိလွန်းတယ်။

ကောလဟလတွေထွက်တည်းက ဒီသတင်းကို သူမပဲအတည်ပြုလိုက်တာဖြစ်ပါတယ်။ ၂ဝ၁၈ ဇွန်လပိုင်းမှာ နှစ်ယောက်သားအတူရှိနေတာကို တွေ့ခဲ့ရပြီးနောက် အားလပ်ရက်အတော်များကို သူတို့နှစ်ယောက်တည်း အတူတူဖြတ်သန်းခဲ့ကြပါတယ်။

Jen ရဲ့သူငယ်ချင်းကနေ တစ်ဆင့် သူတို့သိခဲ့ကြတာဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ သူမအတွက် ဝမ်းသာနေကြပါပြီ။

41 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.