မြေးကလေးတွေထိန်းပေးတဲ့ အဘိုးအဘွားတွေဟာ ပိုပြီးအသက်ရှည်ကြသတဲ့




Source:Brightside

Unicode

တစ်ချို့ကလေးတော်တော်များများရဲ့ငယ်ရွယ်ချိန်ဟာ အဘိုးအဘွားတွေနဲ့စပါတယ်။အဘိုးအဘွားတွေဟာ သားသမီးတွေရဲ့ကလေးလေးတွေ သူတို့မြေးလေးတွေကိုထိန်းရတာ တစ်ခြားသူတွေအမြင်မှာ အသက်ကြီးမှ ကလေးထိန်းနေရတာပဲ၊ကလေးထိန်းရတာပင်ပန်းမှာပဲစသဖြင့် မြင်ကြတာမျိုးတွေရှိပါတယ်။တကယ်တော့ အဘိုးအဘွားတွေဟာသူတို့ရဲ့ မြေးကလေးတွေကို ထိန်းပေးရင် အသက်ရှည်ရှည်ပိုနေရပါသတဲ့။

လေ့လာဆန်းစစ်ချက်တွေအရ မြေးလေးတွေထိန်းပေးတဲ့အဘိုးအဘွားတွေဟာ တစ်ခြားသူတွေထက် အသက်ရှည်ရှည်ပိုနေရတယ်လို့သိရပါတယ်။ကျွမ်းကျင်ပညာရှင်တွေက အသက် ၇၀ နဲ့အသက် ၇၀ထက် အဘိုးအဘွားတွေကို ၂နှစ်ခြားတစ်ခါ လေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ မြေးကလေးတွေ
ထိန်းပေးတဲ့အဘိုးအဘွား ၅၀ ရာခိုင်နှုန်းက တစ်ခြားသူတွေထက် အသက် ၁၀နှစ်နီးပါးပိုရှည်ကြောင်း တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။မြေးလေးတွေက အဘိုးအဘွားတွေရဲ့အထီးကျန်စိတ်ကိုဖြေဖျောက်ပေးနိုင်ပြီး ကလေးထိန်းရလို့ပင်ပန်းမှုထက် ပျော်ရွှင်မှုကိုပါရရှိစေပါတယ်။ဒါကြောင့် စိတ်ကျန်းမာကိုယ်ကျန်းမာဖြစ်ကြရတာပါပဲ။

ဒါ့အပြင် ကလေးတွေအတွက်လည်း အဘိုးအဘွားတွေနဲကြီးပြင်းရတာအကျိုးကျေးဇူးတွေရှိပါတယ်။Oxford တက္ကသိုလ်က ပညာရှင်တွေဟာ အဘိုးအဘွားတွေဟာ မြေးကလေးတွေ ကောင်းကောင်းကြီးပြင်းလာဖို့ အရေးကြီးတဲ့အခန်းကဏ္ဏာနေ ပါဝင်နေတယ်လို့ပြောခဲ့ပါတယ်။မြေးကလေးတွေထိန်းပေးတာက အဘိုးအဘွားတွေအတွက်ရော ဘေဘီလေးတွေအတွက်ပါ နှစ်ဦးနှစ်ဖက်သက်ရောက်မှုရှိစေတာပါပဲ။

Source:Brightside

104 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.