ထိတ္လန္႔သည္းဖုိရုပ္ရွင္ေတြၾကည့္တာဟာ သင့္ကုိ၀ိတ္က်ေစႏုိင္တယ္ဆုိတာ သိပါသလား?

ကမာၻေပၚမွာ ၀ိတ္ခ်နည္းအမ်ိဳးမ်ိဳးရွိတဲ႔အနက္ သင့္ကုိယ္အေလးခ်ိန္ေလ်ွာ့ခ်ဖို႔ကူညီေပးႏုိင္တဲ႔ နည္းလမ္းတစ္မိ်ဳးကုိ သင္အခုခိ်န္ထိ သိေသးမွာမဟုတ္ပါဘူး။အစားအေသာက္နဲ႔၀ိတ္ခ်တာလည္းမဟုတ္ ေလ့က်င့္ခန္းနဲ႔၀ိတ္ေလ်ွာ့တာလည္းမဟုတ္တဲ႔ ဘယ္လုိနည္းလမ္းက သင့္ကုိ ၀ိတ္ခ်ဖို႔ အကူအညီျဖစ္ေစမွာလဲ?

Westminster တကၠသုိလ္က သိပၸံပညာရွင္ေတြရဲ႔ေလ့လာခ်က္အရ မိနစ္ ၉၀ ၾကာျမင့္တဲ႔ Horror ရုပ္ရွင္ကားေတြဟာ ၁၁၃ ကယ္လိုရီေလာင္ကြ်မ္းသြားေစတယ္လုိ႔သိရပါတယ္။နာရီ၀က္လမ္းေလ်ွာက္မွ၊ ၁၅မိနစ္နီးပါး ေျပးမွ ေလာင္ကြ်မ္းမယ့္ကယ္လိုရီပမာဏာနဲ႔ Horror ကား
တစ္ကားထုိင္ၾကည့္လိုက္တဲ႔အခါ ေလာင္ကြ်မ္းသြားမယ့္ကယ္လုိရီက တူညီေနတာပါပဲ။

ထိတ္လန႔္စရာရုပ္ရွင္ကားေတြၾကည့္ေနခ်ိန္ဆုိ ႏွလံုးခုန္ႏႈန္း၊အသက္ရႈသြင္းႏႈန္း၊အသက္ရႈထုတ္ႏႈန္းေတြဟာ ျမန္ဆန္လာပါတယ္။အဲ႔ဒီအခ်ိန္အတြင္းမွာကိုယ္ၾကည့္ေနတဲ႔ ရုပ္ရွင္ဇာတ္ကားအလုိက္ ကယ္လိုရီေလာင္ကြ်မ္းလာတယ္လုိ႔သိရပါတယ္။ပံုမွန္ Horror ဇာတ္ကားဟာ ၁၁၃ ကယ္လိုရီ
ေလာင္ကြ်မ္းျပီး The Shining ဇာတ္ကားဟာ ၁၈၄ ကယ္လိုရီ ၊ Jaws ဇာတ္ကားၾကည့္ရင္ ၁၆၁ ကယ္လုိရီ ၊ The Exorcist ဇာတ္ကားၾကည့္ရင္ ၁၅၈ ကယ္လိုရီ ပုိမိုေလာင္ကြ်မ္းတယ္လုိ႔ ေတြ႔ရွိခဲ႔ရပါတယ္။အဲ႔ဒီဇာတ္ကားသံုးကားဟာေတာ့ သင့္ကုိ ႏွလံုးခုန္ႏႈန္းပုိျမန္ေစျပီး Adrenaline
လုပ္ေဆာင္မႈကုိပုိမိုျမန္ဆန္ေစလို႔ ကယ္လုိရီမ်ားစြာေလာင္ကြ်မ္းေစတာပဲျဖစ္ပါတယ္။အဲ႔ဒီဇာတ္ကားေတြဟာ သင့္အတြက္ အရမ္းေၾကာက္စရာေကာင္းေနတယ္ဆုိရင္ Paranormal Activity (111 kcal) ၊The Blair Witch Project (105 kcal) ၊ The Texas Chain Saw Massacre (107 kcal) စတဲ႔ ဇာတ္ကားေတြၾကည့္ႏုိင္ပါတယ္။

Horror movie ၾကိဳက္တဲ႔သူေတြအတြက္ကေတာ့ ၀ိတ္လည္းက် ရုပ္ရွင္လည္းၾကည့္ရေစမယ့္အကြက္ပါပဲ။ေလ့လာသူပညာရွင္ေတြ ထပ္အၾကံေပးထားတာကေတာ့ ပုိျပီးထိေရာက္မႈရွိေစခ်င္ရင္ သေရစာေတြ၊ေခ်ာကလက္ေတြ၊ေပါက္ေပါက္ဆုပ္ေတြ၊ဆုိဒါအခိ်ဳရည္ေတြ အနားမွာ မ်ိဳးစံုယူမထားဖုိ႔ပါပဲ။ျပီးေတာ့ မ်က္လံုးကုိ တစ္ခ်ိန္လံုးပိတ္မထားပါနဲ႔တဲ႔! ( Horror Movie မၾကိဳက္ဘူး ေၾကာက္တယ္ဆုိရင္ေတာ့ ဒီနည္းလမ္းကုိ လိုက္မလုပ္သင့္ပါဘူးေနာ္)

Ref:Brightside

Unicode

ကမ္ဘာပေါ်မှာ ဝိတ်ချနည်းအမျိုးမျိုးရှိတဲ့အနက် သင့်ကိုယ်အလေးချိန်လျှော့ချဖို့ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်မျိုးကို သင်အခုချိန်ထိ သိသေးမှာမဟုတ်ပါဘူး။အစားအသောက်နဲ့ဝိတ်ချတာလည်းမဟုတ် လေ့ကျင့်ခန်းနဲ့ဝိတ်လျှော့တာလည်းမဟုတ်တဲ့ ဘယ်လိုနည်းလမ်းက သင့်ကို ဝိတ်ချဖို့ အကူအညီဖြစ်စေမှာလဲ?

Westminster တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ မိနစ် ၉၀ ကြာမြင့်တဲ့ Horror ရုပ်ရှင်ကားတွေဟာ ၁၁၃ ကယ်လိုရီလောင်ကျွမ်းသွားစေတယ်လို့သိရပါတယ်။နာရီဝက်လမ်းလျှောက်မှ၊ ၁၅မိနစ်နီးပါး ပြေးမှ လောင်ကျွမ်းမယ့်ကယ်လိုရီပမာဏာနဲ့ Horror ကား
တစ်ကားထိုင်ကြည့်လိုက်တဲ့အခါ လောင်ကျွမ်းသွားမယ့်ကယ်လိုရီက တူညီနေတာပါပဲ။

ထိတ်လန့်စရာရုပ်ရှင်ကားတွေကြည့်နေချိန်ဆို နှလုံးခုန်နှုန်း၊အသက်ရှုသွင်းနှုန်း၊အသက်ရှုထုတ်နှုန်းတွေဟာ မြန်ဆန်လာပါတယ်။အဲ့ဒီအချိန်အတွင်းမှာကိုယ်ကြည့်နေတဲ့ ရုပ်ရှင်ဇာတ်ကားအလိုက် ကယ်လိုရီလောင်ကျွမ်းလာတယ်လို့သိရပါတယ်။ပုံမှန် Horror ဇာတ်ကားဟာ ၁၁၃ ကယ်လိုရီ
လောင်ကျွမ်းပြီး The Shining ဇာတ်ကားဟာ ၁၈၄ ကယ်လိုရီ ၊ Jaws ဇာတ်ကားကြည့်ရင် ၁၆၁ ကယ်လိုရီ ၊ The Exorcist ဇာတ်ကားကြည့်ရင် ၁၅၈ ကယ်လိုရီ ပိုမိုလောင်ကျွမ်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။အဲ့ဒီဇာတ်ကားသုံးကားဟာတော့ သင့်ကို နှလုံးခုန်နှုန်းမြန်စေပြီး Adrenaline
လုပ်ဆောင်မှုကိုပိုမိုမြန်ဆန်စေလို့ ကယ်လိုရီများစွာလောင်ကျွမ်းစေတာပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားတွေဟာ သင့်အတွက် အရမ်းကြောက်စရာကောင်းနေတယ်ဆိုရင် Paranormal Activity (111 kcal) ၊The Blair Witch Project (105 kcal) ၊ The Texas Chain Saw Massacre (107 kcal) စတဲ့ ဇာတ်ကားတွေကြည့်နိုင်ပါတယ်။

Horror movie ကြိုက်တဲ့သူတွေအတွက်ကတော့ ဝိတ်လည်းကျ ရုပ်ရှင်လည်းကြည့်ရစေမယ့်အကွက်ပါပဲ။လေ့လာသူပညာရှင်တွေ ထပ်အကြံပေးထားတာကတော့ ပိုပြီးထိရောက်မှုရှိစေချင်ရင် သရေစာတွေ၊ချောကလက်တွေ၊ပေါက်ပေါက်ဆုပ်တွေ၊ဆိုဒါအချိုရည်တွေ အနားမှာ မျိုးစုံယူမထားဖို့ပါပဲ။ပြီးတော့ မျက်လုံးကို တစ်ချိန်လုံးပိတ်မထားပါနဲ့တဲ့! ( Horror Movie မကြိုက်ဘူး ကြောက်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို လိုက်မလုပ်သင့်ပါဘူးနော်)

Ref:Brightside

42 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.