မန်စီးတီးအသင်းမှာ နေရာမရ ဖြစ်လျက်ရှိတဲ့ ဆားဘီးယားတိုက်စစ်မှူး အက်ဒင်ဒီဇီကိုအတွက် ဥရောပထိပ်သီး ကလပ်အသင်းများစွာဆီကနေ ကမ်းလှမ်း မှုများပြုလုပ်လျက်ရှိနေကြပါတယ်။ လူ ကောင်းတွေများလွန်းနေတာကြောင့်သာ သူပုံမှန်မကစားရပေမယ့် ခြေစွမ်းကတော့ ထိပ်တန်းအဆင့်မှာရှိနေတာပါ။ ဒီဇီကို ဟာ ပွဲတိုင်းပုံမှန်ကစားခွင့်မရရှိခဲ့ပေမယ့် လည်း ပြီးခဲ့တဲ့စနေနေ့က ခရစ်စတဲလ် ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အရေးပါတဲ့ ဂိုးကိုသွင်းပေးနိုင်ခဲ့တာနဲ့ဆိုရင် ဒီနှစ်မှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၁၀)ဂိုးအထိ သွင်းထားပေးနိုင်ပြီဖြစ်ပါတယ်။
“ဘယ်လိုနည်းနဲ့မှ ဒီဇီကိုဟာ ဇန်န၀ါရီမှာ အသင်းကထွက်မှာမဟုတ်ပါ ဘူး။ သူကအသင်းအတွက် တအားအ ရေးပါတဲ့သူပါ။ ပြီးခဲ့တဲ့သီတင်းပတ်များ အတွင်းကြည့်မယ်ဆိုရင် သူပွဲအတော် များများကစားခဲ့ပြီး ဂိုးတွေလည်းသွင်းပြ ခဲ့တယ်။ အားလုံးကတော့ ပွဲတိုင်းကစား ချင်ကြတာပဲ။ ဒါပေမယ့်ပွဲအခြေအနေအ ရ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူလည်း ဒီမှာ ပျော်နေမယ်ထင်ပါတယ်။ ထပ်ပြော ပါ့မယ်။ ဒီဇီကိုက အရေးကြီးတဲ့ကစား သမားပါ။ ကမ်းလှမ်းမှုတွေရှိပေမယ့် သူ အသင်းကနေ ထွက်ခွာမှာမဟုတ်ပါဘူး” လို့ မန်စီးတီးနည်းပြ မန်နူရယ်ပယ်လီ ဂရီနီက ပြောသွားခဲ့ပါတယ်။