မင္းသားေခ်ာ Joo Won ကုိလြမ္းေနၾကတဲ႔ပရိသတ္ေတြအတြက္ သတင္းေကာင္း

Good Doctor ၊ Yong Pal ၊ My Sassy Girl စတဲ႔နာမည္ေက်ာ္ဇာတ္လမ္းတြဲေတြနဲ႔ပရိသတ္အားေပးမႈအခိုင္အမာရရိွခဲ႔တဲ႔ ေတာင္ကုိရီးယားမင္းသားေခ်ာ Joo Won ဟာ ျပီးခဲ႔တဲ႔ေဖေဖာ္၀ါရီ ၅ရက္ေန႔က စစ္မႈထမ္းေဆာင္လုိ႔ျပီးဆံုးသြားခဲ႔ျပီလုိ႔သိရပါတယ္။

ေဖေဖာ္၀ါရီ ၁၅ရက္ေန႔မွ တာ၀န္ျပီးဆံုးဖုိ႔သတ္မွတ္ထားေပမဲ႔ အခု ၁၀ရက္ေစာျပီး စစ္တပ္ကေန ထြက္လာခြင့္ရခဲ႔တာပဲျဖစ္ပါတယ္။ပရိသတ္ေတြနဲ႔အခ်ိန္အေတာ္ၾကာေ၀းကြာခဲ႔ရတဲ႔မင္းသားေခ်ာဟာ သူ႔ရဲ႔ပရိသတ္ေတြကုိ “ကြ်န္ေတာ္စစ္မႈထမ္းေဆာင္လုိ႔ျပီးသြားပါျပီ။ကြ်န္ေတာ့္အတြက္အေတြ႔အၾကံဳအသစ္ေတြအမ်ားၾကီးရခဲ႔တဲ႔ အဓိပၸာယ္ရွိတဲ႔အခ်ိန္ေတြလည္းျဖစ္ခဲ႔ပါတယ္။အားလံုးက ကြ်န္ေတာ့္ကုိ မိသားစု၀င္တစ္ေယာက္လို ဂရုစုိက္ေပးၾကပါတယ္။သူတုိ႔ကုိလည္းေက်းဇူးတင္ရပါတယ္။ကြ်န္ေတာ္တကယ္ေပ်ာ္ခဲ႔ရတာပါ။တာ၀န္ထမ္းေဆာင္ခိ်န္မွာ ပရိသတ္ေတြဆီက စာေတြလည္းအမ်ားၾကီးရခဲ႔ပါတယ္။ကြ်န္ေတာ္လည္း ပရိသတ္ေတြကုိ အရမ္းလြမ္းေနပါတယ္။ဇာတ္လမ္းတြဲေကာင္းေကာင္းတစ္ခုမွာကြ်န္ေတာ္သရုပ္ေဆာင္ေနခ်င္ေပမဲ႔ အခုလက္ရွိမွာေတာ့ ဘာမွမေရြးခ်ယ္ရေသးပါဘူး”လုိ႔စာေလးေရးသားျပီး ေျပာခဲ႔ပါတယ္။

ပရိသတ္ေတြက သူျပန္လာျပီျဖစ္လုိ႔ ၀မ္းသာေၾကာင္း၊ေနာက္ထပ္ဇာတ္လမ္းတြဲသစ္နဲ႔ျမင္ခ်င္ေၾကာင္း ကြန္းမန္႔ေတြေရးသားခဲ႔ျပီးသူကလည္း ပရိသတ္ေတြကုိ ႏႈတ္ဆက္တဲ႔ကြန္းမန္႔ေလးေတြ ျပန္လည္ေရးသားခဲ႔တယ္လုိ႔လည္းသိရပါတယ္။ကဲ ပရိသတ္ၾကီးေရ သူ႔ရဲ ႔ေနာက္ထပ္ဇာတ္လမ္းတြဲသစ္ေလးက ဘာျဖစ္မလဲဆုိတာ ရင္ခုန္စြာ ေစာင့္ေမ်ွာ္အားေပးၾကပါဦး

Source:Soompi

Unicode

Good Doctor ၊ Yong Pal ၊ My Sassy Girl စတဲ့နာမည်ကျော်ဇာတ်လမ်းတွဲတွေနဲ့ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ တောင်ကိုရီးယားမင်းသားချော Joo Won ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၅ရက်နေ့က စစ်မှုထမ်းဆောင်လို့ပြီးဆုံးသွားခဲ့ပြီလို့သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ရက်နေ့မှ တာဝန်ပြီးဆုံးဖို့သတ်မှတ်ထားပေမဲ့ အခု ၁၀ရက်စောပြီး စစ်တပ်ကနေ ထွက်လာခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေနဲ့အချိန်အတော်ကြာဝေးကွာခဲ့ရတဲ့မင်းသားချောဟာ သူ့ရဲ့ပရိသတ်တွေကို “ကျွန်တော်စစ်မှုထမ်းဆောင်လို့ပြီးသွားပါပြီ။ကျွန်တော့်အတွက်အတွေ့အကြုံအသစ်တွေအများကြီးရခဲ့တဲ့ အဓိပ္ပာယ်ရှိတဲ့အချိန်တွေလည်းဖြစ်ခဲ့ပါတယ်။အားလုံးက ကျွန်တော့်ကို မိသားစုဝင်တစ်ယောက်လို ဂရုစိုက်ပေးကြပါတယ်။သူတို့ကိုလည်းကျေးဇူးတင်ရပါတယ်။ကျွန်တော်တကယ်ပျော်ခဲ့ရတာပါ။တာဝန်ထမ်းဆောင်ချိန်မှာ ပရိသတ်တွေဆီက စာတွေလည်းအများကြီးရခဲ့ပါတယ်။ကျွန်တော်လည်း ပရိသတ်တွေကို အရမ်းလွမ်းနေပါတယ်။ဇာတ်လမ်းတွဲကောင်းကောင်းတစ်ခုမှာကျွန်တော်သရုပ်ဆောင်နေချင်ပေမဲ့ အခုလက်ရှိမှာတော့ ဘာမှမရွေးချယ်ရသေးပါဘူး”လို့စာလေးရေးသားပြီး ပြောခဲ့ပါတယ်။

ပရိသတ်တွေက သူပြန်လာပြီဖြစ်လို့ ဝမ်းသာကြောင်း၊နောက်ထပ်ဇာတ်လမ်းတွဲသစ်နဲ့မြင်ချင်ကြောင်း ကွန်းမန့်တွေရေးသားခဲ့ပြီးသူကလည်း ပရိသတ်တွေကို နှုတ်ဆက်တဲ့ကွန်းမန့်လေးတွေ ပြန်လည်ရေးသားခဲ့တယ်လို့လည်းသိရပါတယ်။ကဲ ပရိသတ်ကြီးရေ သူ့ရဲ့နောက်ထပ်ဇာတ်လမ်းတွဲသစ်လေးက ဘာဖြစ်မလဲဆိုတာ ရင်ခုန်စွာ စောင့်မျှော်အားပေးကြပါဦး

Source:Soompi

101 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.