နှစ်ယောက်သားစကားများရန်ဖြစ်နေတာကို မြန်မြန်ဆန်ဆန်ပြေလည်သွားစေမယ့် နည်းလမ်းကောင်းလေးတွေ
Ref:.bustle.com
Unicode
အချိန်ကြာကြာစကားများရန်ဖြစ်လေ မပြီးဆုံးလေပါပဲ။ညှိလို့မရ နားလည်မှုယူမရနဲ့ ဖြစ်လာရင် နှစ်ယောက်လုံးစိတ်ညစ်ကြရမှာပါ။ဘယ်သူမှ ကိုယ့်ချစ်သူနဲ့အကြာကြီးစိတ်ဆိုးရန်ဖြစ်ချင်မှာမဟုတ်ပါဘူးနော်။ဒါကြောင့် ချစ်သူနဲ့စကားများရန်ဖြစ်တဲ့အခါ မြန်မြန်ဆန်ဆန်ပြန်ပြေလည်သွားစေမယ့်နည်းလမ်းကောင်းလေးတွေကိုပြောပြချင်ပါတယ်။ဒီနည်းလေးတွေက ယူတို့အတွက် တကယ်အထောက်အကူဖြစ်စေမှာပါ
*ရန်ဖြစ်နေရင်တောင်လက်ကလေးကိုင်ထားတာ၊ပုခုံးလေးဖက်ထားတာမျိုးလုပ်ပါ
စကားများရန်ဖြစ်နေတယ်။တစ်ယောက်နဲ့တစ်ယောက်ညိနှိုင်းနေတာလည်းမပြီးသေးဘူး။ဒါပေမဲ့ အငြင်းပွားရန်ဖြစ်တာကိုရပ်စဲချင်ပြီဆိုရင် လက်ကလေးကိုကိုင်ပြီးစကားပြောလိုက်တာ၊ပုခုံးလေးကိုဖက်ပြီး စကားပြောတာမျိုးလုပ်ပါတဲ့။ဒီလိုရိုးရှင်းတဲ့အထိအတေ့ွလေးတွေက စိတ်ခံစားချက်ကို နူးညံ့ပျော့ပျောင်းသွားစေတယ်လို့ အချစ်ရေးအကြံပေးသူ Heather Claus က ပြောခဲ့ပါတယ်။ဒေါသတကြီးနဲ့ဖြေရှင်းမယ့်အစား အခုလိုပြေပြေလည်လည်ဖြေရှင်းတာပိုကောင်းတယ်မဟုတ်လား?
*သေးသေးလေးတွေ အရင်ညှိနှိုင်းပါ
ကိုယ်မကျေနပ်တဲ့အရာတွေကိုစုပုံပြောချလိုက်မယ့်အစား ကိုယ်လိုအပ်တာ သူလိုချင်တာတွေကို သေးငယ်တဲ့ကိစ္စလေးတွေကို အရင်ညှိနှိုင်းပါ။အဲ့ဒါမှ ရှေ့ဆက်ပြီး ကိစ္စကြီးတွေကို အေးဆေးညှိနှိုင်းနိုင်မှာဖြစ်ပါတယ်။
*စကားလုံးကြမ်းကြမ်းတွေမသုံးပါနဲ့
ရန်ဖြစ်နေရင်တောင် ကိုယ့်ချစ်သူကို စကားလုံးခပ်ကြမ်းကြမ်းတွေပြောတာ၊ဆဲဆိုတာ၊လက်ပါတာတွေမလုပ်မိပါစေနဲ့။အဲ့ဒီလိုလုပ်တာက အခြေအနေကိုပိုဆိုးသွားစေပါတယ်။စကားလုံးကိုသေချာရွေးချယ်သုံးနှုန်းပါ
*စကားကိုတရစပ်မပြောပဲ သေချာစဉ်းစားချင့်ချိန်ဆွေးနွေးပါ
ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကြီးပြောမနေပဲ ပြဿနာအစကို သေချာပြန်သွားပါ။ဘာလို့ဒီပြဿနာဖြစ်ရတာလဲ အကြောင်းရင်းကိုရှာပါ။ဒေါသတကြီးနဲ့ အော်ဟစ်ရန်ဖြစ်နေမယ့်အစား နှစ်ယောက်သားခေါင်းအေးအေးနဲ့ ပြဿနာရဲ့အရင်းခံကို ပြေလည်အောင်ဖြေရှင်းဖို့ကြိုးစားပါ
*လမ်းနည်းနည်းလောက် အတူတူလျှောက်လိုက်ပါ
တစ်ခါတစ်လေ စိတ်ဆိုးဒေါသထွက်နေပေမဲ့ လမ်းလျှောက်လိုက်တဲ့အခါ သီချင်းနားထောင်လိုက်တဲ့အခါ စိတ်ကပြန်ပြေသွားတတ်ပါတယ်။လမ်းလျှောက်လိုက်တာက စိတ်ကိုထိန်းပေးပြီး တည်ငြိမ်စေတဲ့အတွက် စိတ်ဖိစီးမှုလည်းလျော့ကျလာပါတယ်။ဒါကြောင့် နှစ်ယောက်သားရန်ဖြစ်စကားများဖို့ တာဆူနေပြီဆိုရင် လက်ချင်းတွဲပြီး လမ်းနည်းနည်းလျှောက်လိုက်ပါ။ဒါဆိုရင် ဒေါသတွေလျော့ကျလာပြီး အေးအေးဆေးဆေးညှိနှိုင်းနိုင်ပါလိ့မ်မယ်။
Ref:.bustle.com
155 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.