ကလေးရဲ့ခြေဖ၀ါးပုံလေးတင်လို့ ချစ်မ၀ဖြစ်နေတဲ့ ဖေဖေ Ji Sung နဲ့ မေမေ Lee Bo Young







Source:Soompi

Unicode

နာမည်ကျော်တောင်ကိုရီးယားအနုပညာရှင်စုံတွဲလေးဖြစ်တဲ့ Ji Sung နဲ့ Lee Bo Young တို့ဟာ သူတို့ရဲ့ဒုတိယမြောက်ရင်သွေးလေးကို ကမ္ဘာလောကကြီးဆီခေါ်ဆောင်လာခဲ့ပါပြီ။

ဇန်နဝါရီ ၅ရက်နေ့က Ji Sung ရဲ့အေဂျင်စီ Namoo Actors အင်တာတိန်းမန့်က “ဒီနေ့မှာ မင်းသမီး Lee Bo Young ဟာ ဒုတိယမြောက်ရင်သွေးလေးကိုမွေးဖွားခဲ့ပါတယ်။ကလေးရဲ့ Nickname ကို Bo Ah လို့ပေးထားပြီး မိသားစုတစ်စုလုံးက အရမ်းကိုပျော်ရွှင်နေကြပါတယ်။အားလုံးဆီက ဂုဏ်ပြုစကားတွေရရှိလို့လည်း ကျွန်တော်တို့ဝမ်းသာရပါတယ်”ဆိုပြီး အတည်ပြုသတင်းလေးကြေညာခဲ့ပါတယ်။

Lee Bo Young ရဲ့အေဂျင်စီ Fly Up အင်တာတိန်းမန့်ကလည်း “ဒီနေ့ Lee Bo Young က သားလေးမွေးဖွားခဲ့ပါတယ်။အမေရော ကလေးပါ ကျန်းမာပါတယ်။ကျွန်တော်တို့မျှော်လင့်ထားတဲ့ရက်ထက် သူ့ကိုစောစောလေးမွေးဖွားခဲ့တာပါ”လို့ပြောပြခဲ့ပါတယ်။

မင်းသား Ji Sung ကလည်း သူပျော်ရွှင်စိတ်ချမ်းသာနေတဲ့အကြောင်း သားလေးရဲ့ ခြေဖဝါးပုံလေးတင်ပြီး “Kwak Bo Ah…Bo Ah လေးကို မွေးဖွားခဲ့ပါပြီ။ကြိုဆိုပါတယ် Bo Ah လေး ကျန်းကျန်းမာမာနေပါ ချစ်တယ်”ဆိုပြီးရေးသားခဲ့ပါတယ်။သမီးလေးရဲ့Nickname ကတော့ Bo Bae ပါ။ဘာလို့လဲဆိုတော့ သူမက Bo Young ရဲ့ကလေးလေးမို့ပါတဲ့ 😍

View this post on Instagram
#곽보아 드디어 보아가 태어났어요. 환영한다 보아야~^^ 건강하자! 사랑한다! ❤️

A post shared by 지성 (@justin_jisung) on Feb 4, 2019 at 9:51pm PST

ချစ်သူစုံတွဲတွေအဖြစ် ၆နှစ်တာလက်တွဲခဲ့ပြီး ၂၀၁၃ မှာ မင်္ဂလာပွဲလေးကျင်းပခဲ့ကြတဲ့ ဒီစုံတွဲလေးဟာ သမီးဦးလေးကို ၂၀၁၅ မှာမွေးဖွားခဲ့ပြီး အခု ၂၀၁၉ ဖေဖော်ဝါရီမှာတော့ သားလေးကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ရင်သွေးလေးနှစ်ယောက်နဲ့ပျော်ရွှင်ကြည်နူးနေကြတဲ့မိသားစုပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Congratulations to the family!

Source:Soompi

987 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.