အသက်ကြီးလာလေလေ သင့်ဘ၀အတွက်ဘယ်အရာက အလိုအပ်ဆုံးလို့ထင်လဲ…



 





Unicode

တစ်နေ့တော့ အားလုံး အိုကြရအုံးမှာပါ။ တစ်နေ့တစ်ခြားအသက်ကြီးကြီးလာတဲ့ လူသားအတိုင်း အတွက် နေ့စဉ် အောင်မြင်မှုတွေ ဂုဏ်ယူမှုတွေ အတွက် လုံးပမ်းနေကြရပါတယ်။ အေးလေ.. ဒီလိုလုံးပမ်းမှလည်း ဘဝမှာတင့်တယ်မှာကို ….

ကျောင်းသားဘဝမှာ အရေးကြီးဆုံးက စာတော်ဖို့ ပညာရေးကောင်းဖို့ ဖြစ်သလို၊ ဘွဲ့ရပြီးတော့လည်း အလုပ်ရဖို့ လုံးပမ်းရတယ်။ တစ်ခါ အလုပ်တွေမြဲသွားပြန်တော့လည်း လစာကောင်းဖို့ သူသူငါငါ လုံးပမ်းကြရပြန်တယ်။ တစ်ခါ ဘယ်သူနဲ့ဘယ်လိုယူပြီးဘယ်လိုတင့်တယ်တဲ့ ဥစ္စာပေါ အိမ်ထောင်တစ်ခုကိုတည်ထောင်မလဲ ဆိုတဲ့ Plan တွေချကြပြန်တယ်မဟုတ်ဘူးလား…

ဒီလိုနဲ့အသက်တွေကြီးလာပြန်တော့ သူ့သားသမီးကိုယ့်သမီးရဲ့ ကောင်းကြောင်းသာကြောင်းတွေ အလုအယက်ပြိုင်ရပြန်တယ်။ ဒါကလောကနိယာမဆိုလည်းမမှားပါဘူးလေ…

ဒါပင်မဲ့ လူတိုင်းအတွက် အသက်ကြီးလာလေလေ အလိုအပ်ဆုံးအရာက စစ်မှန်တဲ့ပျော်ရွှင်မှုပါ။ သင့်လက်ရှိ အသက်အရွယ်မှာ သင်ဟာ အားလုံး Perfect မဖြစ်ရင်တောင် စစ်မှန်စွာ စိတ်အေးချမ်းသာပျော်ရွှင်နေရပြီလား။

သင့်ရဲ့ဘဝအတွက်စစ်မှန်တဲ့ပျော်ရွှင်မှုတွေရှိနေပြီလားဆိုတာပဲအရေးကြီးတယ်။

အသက်တစ်စက္ကန့်ကြီးလာလေလေ သင့်အတွက်အလိုအပ်ဆုံးက စစ်မှန်ခြင်းပင်လျှင်ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုတွေ ဆိုတာ အချိန်တန် အော်တိုပျောက်ကွယ်သွားတဲ့အရာတွေပါ…သင့်ဘဝကြီးသာလွန်ကောင်းမွန်မှုကို လက်ရှိဘယ်လောက်ပျော်နေရလဲနဲ့ပဲတိုင်းတာပါ…

706 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.