တသီးတသန္႔ေနတတ္သူ (Introvert) ေလးေတြကုိ ခ်စ္သူအျဖစ္ရထားတာ ကံေကာငး္ျခင္းတစ္မ်ိဳး

Introvert ေလးေတြ တစ္နည္းအားျဖင့္ ဘာသိဘာသာေနတတ္သူေလးေတြ တသီးတသန္႔ေနတတ္သူေလးေတြကုိ ခ်စ္သူအျဖစ္ပိုင္ဆုိင္ထားရတာ ကံေကာင္းျခင္းတစ္မ်ိဳးပါပဲ။ဘာလို႔လဲဆုိရင္…

Introvert ေလးဟာ လူအနည္းစုကုိသာ သူတုိ႔ဘ၀ထဲေခၚထားတဲ႔အတြက္ အဲ႔ဒီထဲမွာ သင္ပါေနျပီဆုိရင္ျဖင့္ ဒါက ၾကီးမားတဲ႔ကံေကာင္းမႈတစ္ခုပါပဲ။ဘာလုိ႔လဲဆုိရင္ Introvert ေလးေတြဟာ အဲ႔ဒီလူအနည္းစုကုိပဲ ဂရုတစုိက္နဲ႔တန္ဖုိးထားျပီးခ်စ္သြားၾကလို႔ပါ။သူတုိ႔မွာခ်စ္စရာဆုိလုိ႔ သင္ရယ္သူ႔မိသားစုရယ္ သူငယ္ခ်င္းအနည္းငယ္ရယ္ စာအုပ္ေလးေတြရယ္ တိရစာၦန္ေလးေတြရယ္ပဲရွိပါတယ္။အခ်စ္ေတြေရာ အခ်ိန္ေတြေရာ အမ်ားၾကီးခြဲေ၀ေပးစရာမလိုတဲ႔အတြက္ သင္တုိ႔ရဲ ႔အခ်စ္ေရးကလည္း ပုိပုိျပီးခိုင္ျမဲလာမွာအမွန္ပါပဲ။

Introvert ေလးေတြက ဘာသိဘာသာေနတတ္ေပမဲ႔ သူမ်ားကုိဂရုမစုိက္တတ္တဲ႔သူမ်ိဳးမဟုတ္ပါဘူး။သူတုိ႔က တစ္ျခားသူေတြထက္ေတာင္မင္းရဲ႔ခံစားခ်က္ေတြ မင္းရင္ဖြင့္စရာေတြကုိ ေသခ်ာနားေထာင္ေပးတတ္ပါတယ္။တစ္ျခားသူေျပာတာကုိ ေသခ်ာနားေထာင္ေပးတတ္တဲ႔သူေတြျဖစ္တဲ႔အတြက္ သူတုိ႔ကုိခ်စ္သူအျဖစ္ပိုင္ဆုိင္ထားရင္ ရန္ျဖစ္တာ စကားမ်ားတာေတြလည္းေလ်ာ့နည္းျပီးနားလည္မႈေတြနဲ႔ေရွ႔ဆက္သြားႏုိင္မွာပါ။

မ်ားေသာအားျဖင့္ Introvert ေလးေတြဟာ အသိရင့္က်က္တဲ႔သူေတြျဖစ္ၾကပါတယ္။စာအုပ္ေတြသာအေဖာ္ျပဳျပီး ကုိယ့္ကမာၻေလးနဲ႔ကိုယ္ေနထိုင္ၾကတာျဖစ္လို႔သူတုိ႔စိတ္က အျမဲေအးခ်မ္းတည္ျငိမ္ေနတတ္ပါတယ္။ဒါေၾကာင့္ခ်စ္သူ သူငယ္ခ်င္းေတြၾကား အျငင္းပြားရန္ျဖစ္ရင္ေတာင္ သူမက
ေလျပည္ေလးနဲ႔ေျပလည္ေအာင္ေျဖရွင္းႏုိင္စြမ္းရွိပါတယ္။တစ္ခုခုဆုိလည္း မစဥ္းစားပဲ ေျပာတတ္တဲ႔အက်င့္မ်ိဳးမရွိတာေၾကာင့္ စကားမွားလုိ႔ရန္ျဖစ္ရတာေတြ၊အျငင္းပြားရတာေတြ၊သူမ်ားကုိစိတ္ညစ္ေစတာေတြလည္းမရွိပါဘူး။ဒါက Introvert ေလးေတြရဲ႔အားသာခ်က္တစ္ခုပါပဲ။

Introvert ေလးေတြက ေအးေဆးလို႔ အခ်စ္ေရးမွာေပ်ာ္ရႊင္စရာေကာင္းပါ့မလားလို႔ နည္းနည္းမွမေတြးလုိက္ပါန႔ဲ။သူတို႔ကခ်စ္ျပီဆုိရင္လညး္အရိပ္တၾကည့္ၾကည့္နဲ႔ခ်စ္တတ္သူေတြပါ။ဘာလုိအပ္ေနလဲဆုိတာကုိ အျမဲၾကည့္ေနျပီး တိတ္တိတ္ေလးျဖည့္ဆည္းေပးေနတတ္သူ၊ေပးဆပ္ရတာကုိ
ေက်နပ္ေနသူေတြလည္းျဖစ္ပါတယ္။စကားေတြသာအမ်ားၾကီးမေျပာတာ ကုိယ့္ခ်စ္သူကုိဘယ္လိုေပ်ာ္ရႊင္ေအာင္လုပ္ေပးရမယ္။ဘယ္လုိစိတ္ခ်မ္းသာေအာင္လုပ္ရမယ္။ဘယ္လုိအားေပးႏွစ္သိမ့္ရမယ္ဆုိတာကုိ ေကာင္းေကာင္းသိတဲ႔သူေတြလည္းျဖစ္ပါတယ္။

အရွိကုိအရွိအတုိင္းလက္ခံတတ္သူေတြျဖစ္တာေၾကာင့္ Introvert ေလးေတြကုိခ်စ္မိရင္ သူမ/သူက သင့္ရဲ ႔လက္ရွိျဖစ္တည္မႈအတုိင္း လက္ခံခ်စ္သြားမွာအေသအခ်ာပါပဲ။

တစ္ခုပါပဲ။အေလ်ွာ့ေပးတယ္ဆုိတုိင္း အႏုိင္မယူၾကဖုိ႔ပါ။ကဲ Introvert ေလးေတြကိုခ်စ္သူေတာ္ထားရင္ ေသခ်ာတန္ဖုိးထားျပီးခ်စ္ေပးၾကေနာ္

Ref:introvertdear

Unicode

Introvert လေးတွေ တစ်နည်းအားဖြင့် ဘာသိဘာသာနေတတ်သူလေးတွေ တသီးတသန့်နေတတ်သူလေးတွေကို ချစ်သူအဖြစ်ပိုင်ဆိုင်ထားရတာ ကံကောင်းခြင်းတစ်မျိုးပါပဲ။ဘာလို့လဲဆိုရင်…

Introvert လေးဟာ လူအနည်းစုကိုသာ သူတို့ဘဝထဲခေါ်ထားတဲ့အတွက် အဲ့ဒီထဲမှာ သင်ပါနေပြီဆိုရင်ဖြင့် ဒါက ကြီးမားတဲ့ကံကောင်းမှုတစ်ခုပါပဲ။ဘာလို့လဲဆိုရင် Introvert လေးတွေဟာ အဲ့ဒီလူအနည်းစုကိုပဲ ဂရုတစိုက်နဲ့တန်ဖိုးထားပြီးချစ်သွားကြလို့ပါ။သူတို့မှာချစ်စရာဆိုလို့ သင်ရယ်သူ့မိသားစုရယ် သူငယ်ချင်းအနည်းငယ်ရယ် စာအုပ်လေးတွေရယ် တိရစ္ဆာန်လေးတွေရယ်ပဲရှိပါတယ်။အချစ်တွေရော အချိန်တွေရော အများကြီးခွဲဝေပေးစရာမလိုတဲ့အတွက် သင်တို့ရဲ့အချစ်ရေးကလည်း ပိုပိုပြီးခိုင်မြဲလာမှာအမှန်ပါပဲ။

Introvert လေးတွေက ဘာသိဘာသာနေတတ်ပေမဲ့ သူများကိုဂရုမစိုက်တတ်တဲ့သူမျိုးမဟုတ်ပါဘူး။သူတို့က တစ်ခြားသူတွေထက်တောင်မင်းရဲ့ခံစားချက်တွေ မင်းရင်ဖွင့်စရာတွေကို သေချာနားထောင်ပေးတတ်ပါတယ်။တစ်ခြားသူပြောတာကို သေချာနားထောင်ပေးတတ်တဲ့သူတွေဖြစ်တဲ့အတွက် သူတို့ကိုချစ်သူအဖြစ်ပိုင်ဆိုင်ထားရင် ရန်ဖြစ်တာ စကားများတာတွေလည်းလျော့နည်းပြီးနားလည်မှုတွေနဲ့ရှေ့ဆက်သွားနိုင်မှာပါ။

များသောအားဖြင့် Introvert လေးတွေဟာ အသိရင့်ကျက်တဲ့သူတွေဖြစ်ကြပါတယ်။စာအုပ်တွေသာအဖော်ပြုပြီး ကိုယ့်ကမ္ဘာလေးနဲ့ကိုယ်နေထိုင်ကြတာဖြစ်လို့သူတို့စိတ်က အမြဲအေးချမ်းတည်ငြိမ်နေတတ်ပါတယ်။ဒါကြောင့်ချစ်သူ သူငယ်ချင်းတွေကြား အငြင်းပွားရန်ဖြစ်ရင်တောင် သူမက
လေပြည်လေးနဲ့ပြေလည်အောင်ဖြေရှင်းနိုင်စွမ်းရှိပါတယ်။တစ်ခုခုဆိုလည်း မစဉ်းစားပဲ ပြောတတ်တဲ့အကျင့်မျိုးမရှိတာကြောင့် စကားမှားလို့ရန်ဖြစ်ရတာတွေ၊အငြင်းပွားရတာတွေ၊သူများကိုစိတ်ညစ်စေတာတွေလည်းမရှိပါဘူး။ဒါက Introvert လေးတွေရဲ့အားသာချက်တစ်ခုပါပဲ။

Introvert လေးတွေက အေးဆေးလို့ အချစ်ရေးမှာပျော်ရွှင်စရာကောင်းပါ့မလားလို့ နည်းနည်းမှမတွေးလိုက်ပါနဲ့။သူတို့ကချစ်ပြီဆိုရင်လည်းအရိပ်တကြည့်ကြည့်နဲ့ချစ်တတ်သူတွေပါ။ဘာလိုအပ်နေလဲဆိုတာကို အမြဲကြည့်နေပြီး တိတ်တိတ်လေးဖြည့်ဆည်းပေးနေတတ်သူ၊ပေးဆပ်ရတာကို
ကျေနပ်နေသူတွေလည်းဖြစ်ပါတယ်။စကားတွေသာအများကြီးမပြောတာ ကိုယ့်ချစ်သူကိုဘယ်လိုပျော်ရွှင်အောင်လုပ်ပေးရမယ်။ဘယ်လိုစိတ်ချမ်းသာအောင်လုပ်ရမယ်။ဘယ်လိုအားပေးနှစ်သိမ့်ရမယ်ဆိုတာကို ကောင်းကောင်းသိတဲ့သူတွေလည်းဖြစ်ပါတယ်။

အရှိကိုအရှိအတိုင်းလက်ခံတတ်သူတွေဖြစ်တာကြောင့် Introvert လေးတွေကိုချစ်မိရင် သူမ/သူက သင့်ရဲ့လက်ရှိဖြစ်တည်မှုအတိုင်း လက်ခံချစ်သွားမှာအသေအချာပါပဲ။

တစ်ခုပါပဲ။အလျှော့ပေးတယ်ဆိုတိုင်း အနိုင်မယူကြဖို့ပါ။ကဲ Introvert လေးတွေကိုချစ်သူတော်ထားရင် သေချာတန်ဖိုးထားပြီးချစ်ပေးကြနော်

Ref:introvertdear

303 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.