နား၊လည်ချောင်း ပိုးဝင်စေတဲ့ ဘက်တီးရီးယားတွေဟာ စာအုပ်တွေပေါ် အချိန်ကြာ အသက်ရှင်နေနိုင်

wpid-270670-crib.jpg

 

နား နဲ့ လည်ချောင်းကို ပိုးဝင်မှုဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေဟာ စာအုပ်တွေပေါ်မှာ အချိန်ကာလ ကြာကြာ အသက်ရှင်နေနိုင်တယ်လို့ သုတေသီတွေက သတင်းထုတ်ပြန်လိုက်ပါတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နား၊ လည်ချောင်း ပိုးဝင်မှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ လူ့ခန္ဓာပြင်ပဖြစ်တဲ့ စာအုပ်၊ ကလေးပုခတ်နဲ့ အရုပ်တွေအပါအ၀င် အမျိုးမျိုးသော အရာဝတ္ထုတွေပေါ် အချိန်ကာလ ကြာကြာ အသက်ရှင်နေနိုင်ပါတယ်။

Streptococcus အဆုတ်ရောင်ရောဂါနဲ့ Streptococcus pyogenes(ပြည်တည်) ရောဂါတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို နယူးယောက်၊ Buffalo တက္ကသိုလ် စုံစမ်းစစ်ဆေးသူတွေက ရှာဖွေတွေ့ရှိခဲ့ပြီး အဲ့ဒီ့ ဘက်တီးရီးယားတွေဟာ အရင်ကထင်ထားတာထက်တောင် လူ့ခန္ဓာကိုယ် အပြင်ဘက်မှာ အချိန်ကြာကြာ အသက်ရှင်နေနိုင်တာကို သိရှိခဲ့ရတာပါ။ အရင် သုတေသနတွေတုန်းကတော့ အဲ့ဒီ့ဘက်တီးရီးယားတွေဟာ လူ့ခန္ဓာကိုယ်က ထွက်သွားတာနဲ့ တပြိုင်နက် သေဆုံးသွားကြတယ်လို့ ဆိုထားခဲ့ပါတယ်။

S. အဆုတ်ရောင်ရောဂါဟာ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေရဲ့ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်စေပြီး နာမကျန်းဖြစ်ရာကတဆင့် အသေအပျောက် ပါဖြစ်စေနိုင်ပါတယ်။ နား ပိုးဝင်မှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် ပိုးဝင်မှုတွေကို ကာကွယ်ဖို့အတွက် ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တယ်လို့ ဒီသုတေသနရပ်က အကြံပြုတင်ပြထားပါတယ်။

Ref:spyghana

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.