ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ကစားလျက်ရှိတဲ့ ပြင်သစ်တောင်ပံကစားသမား ဖရန့်ရစ် ဘာရီက ရီးရဲလ်မက်ဒရစ်အားကစားဒါ ရိုက်တာဇီဒန်းဟာ သူ့ကိုဘာနေဗျူးအသင်း ဆီလာကစားဖို့ အသည်းအသန်ခေါ်ခဲ့ဖူး ကြောင်း ပြောပြလာခဲ့ပါပြီ။ “ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ တကယ့်ထိပ် သီးအသင်းကြီးတွေဖြစ်ပါတယ်။ ဒီနှစ်သင်း လုံးက ကျွန်တော့ကိုပြိုင်တူစိတ်ဝင်တစား ရှိခဲ့တဲ့အချိန်ရှိခဲ့ဖူးပါတယ်။ နှစ်သင်းလုံး ကို ကြိုက်ပေမယ့် ရီးရဲလ်ကိုပိုပြီးစိတ် ၀င်တစားရှိတဲ့အချိန်ရှိခဲ့ဖူးပါတယ်။ ဇီဒန်း က ကျွန်တော့ကို မက်ဒရစ်မှာ ကစား ခိုင်းချင်ခဲ့ပြီး အသည်းအသန်စည်းရုံးခဲ့ဖူး တယ်။ ဒါပေမယ့် အခုချိန်မှာ ဒါတွေကို စိတ်မ၀င်စားနိုင်တော့ပါဘူး။ ဘိုင်ယန်မြူး နစ်က ကျွန်တော့အိမ်ဖြစ်နေပါပြီ”လို့ ဒီ နှစ် ဥရောပအကောင်းဆုံးဆုကို ရရှိခဲ့တဲ့ ရစ်ဘာရီက ပြောခဲ့ပါတယ်။ ရစ်ဘာရီဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီအတွင်း ဖလားသုံးလုံး ရရှိခဲ့ရာမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ ကာ မကြာခင်မှာ ပေးအပ်တော့မယ့် ဖီ ဖာရွှေဘောလုံးဆုကို ရရှိဖို့အတွက်လည်း ရေပန်းစားသူများ စာရင်းထဲပါဝင်လျက် ရှိနေပါပြီ။